ခြေလေးချောင်း သတ္တဝါ
Temporal range:
Late Devonian - Present [၁]
a collage of six images of tetrapod animals. clockwise from top left: Mercurana myristicapaulstris, a shrub frog; Dermophis mexicanus, a legless amphibian looking like a naked snake; Equus quagga, a plains zebra; Sterna maxima, a tern (seabird); Pseudotrapelus sinaitus, a Sinai agama; Tachyglossus aculeatus, a spiny anteater
Clockwise from top left: Mercurana myristicapaulstris, a shrub frog; Dermophis mexicanus, a legless amphibian; Equus quagga, a plains zebra; Sterna maxima, a tern (seabird); Pseudotrapelus sinaitus, a Sinai agama; Tachyglossus aculeatus, a short-beaked echidna
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
Clade: Eotetrapodiformes
Clade: Elpistostegalia
Clade: Stegocephalia
Superclass: Tetrapoda
Jaekel, 1909[၂]
Subgroups

ခြေလေးချောင်း သတ္တဝါ (ဂရိ: τετρα- တက်ထရာ = 'လေးခု'၊ နှင့် πούς ပေါင့်စ် = 'ခြေချောင်း') ဟူ၍ ဂရိဘာသာစကား တက်ထရာပေါင့်စ် မှ အဓိပ္ပါယ်ပြန်ဆိုထားသော သတ္တဝါအစုအဖွဲ့တစ်ခု၏ အမည်နာမဖြစ်ပြီး ၎င်းတို့သည် ကျောရိုးရှိ tetrapodomorph ကုန်းနေ တိရစ္ဆာန်များဖြစ်သည်။ ခြေလေးချောင်း သတ္တဝါ ယေဘူယျ သတ်မှတ်မှုမှာ ခြေထောက် လေးခု နှင့် ခြေဖဝါး ဖြစ်သည်။ မျိုးကို ၎င်းတိရစ္ဆာန်များ၏ ရွေ့လျားသွားလာပုံသည် လေးဘက်ယက် ပုံစံ ဖြစ်သည်။ ကုန်းနေသတ္တဝါများတွားသွားသတ္တဝါများဒိုင်နိုဆောများငှက်များ နှင့် နို့တိုက်သတ္တဝါများ အားလုံးသည် ခြေလေးချောင်း သတ္တဝါများ ဖြစ်ကြသည်။ မြွေများသည် ထင်ရှားသော ခြေလက်အင်္ဂါများ မရှိသော်လည်း ခြေလေးချောင်း တိရစ္ဆာန်များမှ ဆင့်ကဲပြောင်းလဲလာခြင်း ဖြစ်သောကြောင့် ခြေလေးချောင်း သတ္တဝါများပင် ဖြစ်လေသည်။

ဆင့်ကဲဖြစ်စဉ် ပြင်ဆင်ရန်

ခြေချောင်းပါ ငါးများ (အင်္ဂလိပ်: Fishapods) ပြင်ဆင်ရန်

ရှင်းလင်းထင်ရှားသော ခြေလေးချောင်း သတ္တဝါ ကျောက်ဖြစ်ရုပ်ကြွင်း၏ သက်တမ်းသည် ၎င်းမတိုင်မီ တွေ့ရှိမှတ်တမ်းတင်ခဲ့သော ခြေလေးချောင်း ရုပ်ကြွင်း၏ ခန့်မှန်းသက်တမ်းထက် နှစ်သန်းပေါင်း ၁၈ သန်း ပို၍စောသော Devonian အလယ်ခေတ်မှ ဖြစ်နေသေကို ခြေရာခံဆန်းစစ်တွေ့ရှိခဲ့ရသည်။ [၃] ၎င်းခြေရာခံချက်များအရ လွန်ခဲ့သောနှစ်သန်းပေါင်း ၄၀၀ နီးပါးက ပိုလန်နိုင်ငံဒေသ၏ အလယ်ခေတ်မှ ဖြစ်သည်ကို ထပ်မံသိရှိခဲ့ရသည်။ ၎င်း နောက်ကျန် သဲလွန်စများသည် အပူပိုင်းဒေသ ကမ်းဦးရေတိမ်ပိုင်း ပင်လယ်ကမ်းခြေ တစ်ခု၏ ရွှံ့နွံများ၌ ကြွင်းကျန်ရစ်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်ကာလရှိ တိရစ္ဆာန်များတွင် tetrapod မှလွဲ၍ မည်သည့် တိရစ္ဆာန်မျှ ခြေရာကျန်ရစ်ခြင်း မရှိနိုင်သေးပေ။ တွေ့ရှိချက်များအရ ခြေလက်များအဖြစ် ပုံစံပြောင်းလဲလာသည့် တိရစ္ဆာန်များမှာ ကုန်းနေရေနေများ မဟုတ်ဘဲ ငါးများ ဖြစ်ကြောင်း သက်သေ အခိုင်အမာထောက်ပြနေသည်။

မူလ ခြေလေးချောင်းသတ္တဝါများ၏ အစောပိုင်းကာလမှ ရုပ်ကြွင်းများ ပြင်ဆင်ရန်

  • Pederpes ။ အစောပိုင်း မစ္စစ္စပီးယန်းခေတ်ဦးမှ ခြေလေးချောင်း သတ္တဝါ၊ လွန်ခဲ့သည့် နှစ်သန်းပေါင်း ၃၅၉-၃၄၅ သန်း(mya)။
  • Westlothiana ။ 350 mya ကာလ၊ ကနဦး amniote (သို့) amniotes နှင့် ညီအစ်မအုပ်စု တိရစ္ဆာန်များ။
  • Casineria 340 mya ကာလ၊ amniote တိရစ္ဆာန် မူလဇစ်မြစ်။
  • Protoclepsydropsပန်ဆယ်ဗေးနီးယန်း အလယ်ခေတ်၊ 314 mya ကာလ၊ synapsid တိရစ္ဆာန် မျိုးဆက်၏ ရှေးအကျဆုံးအုပ်စု။
  • Hylonomus ။ 312 mya ကာလ၊ anapsidsauropsid တိရစ္ဆာန် မျိုးဆက်များ၏ အစောပိုင်း အုပ်စု။
  • Paleothyris 312-304 mya ကာလ၊ anapsid sauropsid တိရစ္ဆာန် မျိုးဆက်များ၏ အခြားသော အစောပိုင်းအုပ်စု။
  • Archaeothyris ။ 306 mya ကာလ၊ synapsid တိရစ္ဆာန်မျိုးဆက်၏ အစောပိုင်း အုပ်စု။
  • Petrolacosaurusdiapsid၊ sauropsid တိရစ္ဆာန်များ၏ ပထမဆုံးမျိုးဆက်။

ခြေလေးချောင်းသတ္တဝါ သီးခြားမျိုးရိုးအုပ်စု ပြင်ဆင်ရန်

ခြေလေးချောင်း သတ္တဝါ မျိုးတူအုပ်စုများအား Devonian ခေတ်၏ ငါး (တိရစ္ဆာန်)အုပ်စုမှ ခွဲထုတ်ထားသည်။ Amniotes များသည် ကလိုင်းဒွိုက် ဥ အစောဆုံး ဥသော တိရစ္ဆာန်များဖြစ်သည်။ အဆိုပါ Synapsids (> နို့တိုက်သတ္တဝါများ)နှင့် Sauropsids (> တွားသွား) တို့သည် သီးခြားမျိုးရိုး ညီအစ်မအုပ်စုများ ဖြစ်ကြပြီး ပို၍အရေးပါသည့် ကိစ္စမှာ တွားသွားသတ္တဝါများသည် နို့တိုက်သတ္တဝါ အဖြစ် ပြောင်းလဲမှု စတင်မလာခဲ့ခြင်း ဖြစ်သည်။

ကုန်းနေရေနေ သတ္တဝါများ

Amniotes
Synapsids

မျိုးသုဉ်ပြီး Synapsids

   

နို့တိုက်သတ္တဝါများ

Sauropsids

မျိုးသုဉ်းပြီး တွားသွားသတ္တဝါများ

ဖွတ်s and မြွေများ

မျိုးသုဉ်းပြီး
Archosaurs

မိကျောင်းများ

မျိုးသုဉ်းပြီး
ဒိုင်နိုဆောများ


 ? 

ငှက်များ

သီးခြားမျိုးရိုးအုပ်စုခွဲခြားခြင်း နမူနာ

    Synapsid–Mammal ပြောင်းလဲမှုတွင် သွေးနွေးသတ္တဝါများသည် တထောင့်တနေရာမှ ပါဝင်လာသည်။

 ?  ၎င်းအမှတ်သင်္ကေတ နေရာများမှ တစ်ခုတစ်ခုတွင် သွေးနွေးသတ္တဝါများ အတိအကျပါဝင်သည် – (ဆင်ကဲ့ပြောင်းလဲမှု ပြောင်းပြန်ဖြစ်စဉ်၏ သာဓကတစ်ခု)

ရှင်သန်ဆဲ ခြေလေးချောင်း သတ္တဝါများ ပြင်ဆင်ရန်

 
ပုံမှန် amphibian, Metopsaurus ၏ ဦး ခေါင်းခွံ ပြားသည်

ရှင်သန်နေဆဲ ခြေလေးချောင်း သတ္တဝါများတွင် အဓိကကျသော အုပ်စု("အထွဋ်အထိပ် အုပ်စု") သုံးခုရှိသည်။ အုပ်စုတစ်ခုစီတွင် မျိုးသုဉ်းနိုင်သော အုပ်စုများစွာ ပါဝင်သည်-

ကုန်းနေရေနေသတ္တဝါ
ဖား နှင့် ဖားပြုတ်များ၊ ရေပုတ်သင်ငယ် နှင့် ဆလမန္ဒာများ၊ caecilians များ
Sauropsida
ငှက်များ နှင့် ခေတ်သစ် တွားသွားသတ္တဝါများ
Synapsida
နို့တိုက်သတ္တဝါများ

မြွေများနှင့် အခြား ခြေလက်မပါရှိသော တွားသွားသတ္တဝါများသည်လည်း ခြေလက်လေးချောင်းသတ္တဝါများပင်ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတိရစ္ဆာန်များသည်လည်း ဘုံ တူညီသော ဘိုးဘေးဘီဘင်များမှနေ၍ ဆင့်ကဲပြောင်းလဲလာခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ထိုအချက်သည် Caecilians နှင့် ရေနေ နို့တိုက်သတ္တဝါများအတွက်လည်း မှန်ကန်နေလေသည်။

အမျိုးအစားခွဲခြားခြင်း ပြင်ဆင်ရန်

 
Pederpes finneyae မျိုးဖြစ်သည်
 
Lyddekerina huxleyi

ခြေလေးချောင်း သတ္တဝါ ပါဏဗေဒအလို အရ ဇီဝမျိုးရိုး တစိတ်တပိုင်း ခွဲခြမ်းစိတ်ဖြာခြင်း -

  • မျိုးပေါင်းစု- Chordata (ကော်ဒိတ်)
    • မျိုးပေါင်း- Sarcopterygii
      • မျိုးပေါင်းခွဲ- Tetrapodomorpha
        • မျိုးတူအုပ်စု (clade)- Eusthenopteron
        • မျိုးတူအုပ်စု (clade)- Panderichthys
        • မျိုးတူအုပ်စု (clade)- Tiktaalik
    • အထက်မျိုးပေါင်း- Tetrapoda (ခြေလေးချောင်း သတ္တဝါ)
      • မျိုးတူအုပ်စု (clade)- Pederpes
      • မျိုးတူအုပ်စု (clade)- Whatcheeria
      • မျိုးပေါင်း- Amphibian (ကုန်းနေရေနေသတ္တဝါ)
        • မျိုးပေါင်းခွဲ- Labyrinthodontia
        • မျိုးပေါင်းခွဲ- Lepospondyli
        • မျိုးပေါင်းခွဲ- Temnospondyli
        • မျိုးပေါင်းခွဲ- Lissamphibia (ဖား နှင့် ရေပုတ်သင်များ)
      • မျိုးပေါင်း- Amniota
        • မျိုးပေါင်းခွဲ- Sauropsida (အခြား တွားသွားသတ္တဝါများ)
          • အောက်မျိုးပေါင်း- Aves (ငှက်များ)
        • မျိုးပေါင်း- Synapsida (နို့တိုက်သတ္တဝါစတင်ပြောင်းသည့် တွားသွားသတ္တဝါများ)

ဆက်စပ်စာမျက်နှာများ ပြင်ဆင်ရန်


ကိုးကား ပြင်ဆင်ရန်

  1. Alexander, Pyron R. (July 2011). "Divergence Time Estimation Using Fossils as Tematic Biology". Systematic Biology 60 (4): 466–481. doi:10.1093/sysbio/syr047. PMID 21540408. 
  2. Sues, Hans-Dieter (2019). "Authorship and date of publication of the name Tetrapoda". Journal of Vertebrate Paleontology 39. doi:10.1080/02724634.2019.1564758. 
  3. Janvier, Phillipe and Clément, Gaël 2010. Muddy tetrapod origins. Nature 463, p40/41.

အခြားဝက်ဘ်ဆိုက်များ ပြင်ဆင်ရန်