ဂက်ဇယ်ဆိတ်
(Gazelle)
Temporal range: Pliocene to recent
ဂက်ဇယ်ဆိတ်မျိုးစိတ်တစ်မျိုး
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Artiodactyla
မျိုးရင်း: Bovidae
မျိုးရင်းသေး: Antilopinae
မျိုးဇာတ်: Antilopini
မျိုးစု: Gazella
Blainville, 1816
အမျိုးအစား မျိုးစိတ်
en:Gazella gazella
မျိုးစိတ်

အများအပြား

အာဖရိကတိုက်နှင့် အာရှတိုက်တို့တွင် အလွန်နှစ်သက်ဖွယ်‌ကောင်းသည့် ‌တောဆိတ် (အန်တီလုပ်)အမျိုး‌ပေါင်း ‌မြောက်မြားစွာရှိ ‌သေးသည်။ ယင်းတို့အနက် ဂက်ဇယ်‌ဆိတ်တစ်မျိုးသည် အလွန်လှပ‌လေသည်။ ဂက်ဇယ်ဆိတ်များသည် ‌ပေါ့ပါး ‌သေးသွယ်‌သော ကိုယ်လုံးရှိကြသည်။ ‌ခြေ‌ထောက်များ မှာလည်း ‌သေးသွယ်သည်။ အဖျားရှူးသွားသည့် ဦးချိုဖျားသည် လှပ‌သော အ‌ကွေ့အ‌ကောက်များနှင့် တွန့်လိမ်လျက်ရှိသည်။ ယင်းတို့၏ သဲ‌ရောင်အ‌မွေးများသည် ‌ချောမွတ်၏။ ဂက်ဇယ်ဆိတ်တို့၏ မျက်နှာတွင် အဖြူစင်း နှစ်ခုရှိ၍ ရှုချင့်စဖွယ် တင့်တယ်သည်။ ထိုအစင်းနှစ်ခုသည် ဦးချိုမှ နှာ‌ခေါင်းဖျား အထိ ‌ရောက်သည်။ ဂက်ဇယ်‌ဆိတ်တို့သည် တိရစ္ဆာန်လောကတွင် အ‌တောက်ပဆုံးနှင့် အလှပဆုံးမျက် လုံးများရှိ ‌သော တိရစ္ဆာန်များဖြစ်ကြသည်။

ထို့‌ကြောင့် ထိုလှပ‌သော မျက်လုံးများအ‌ကြောင်းကို ‌ရှေးအာ‌ရေဗျလကင်္ာဆရာများသည် သူတို့၏ကဗျာများတွင် ထည့်သွင်းချီးကျူးဖွဲ့ဆိုခဲ့ကြ‌လေသည်။ ဂက်ဇယ်‌ဆိတ်များသည် အထူးသဖြင့် သဲကန္တာရ အတွင်း၌ ‌နေကြသည်။ ယင်းတို့သည် ‌ပြေးလွှားရာ၌ လျင်မြန် လှသဖြင့် ခြင်္သေ့နှင့် ချီတာကျားသစ်များပင် လိုက်၍မမှီကြ‌ပေ။ လှပသည့် ဂက်ဇယ်‌ ဆိတ်မျိုး ‌မြောက်အမြားရှိသည့်အနက် လူသိအများဆုံးအမျိုးမှာ ‌ဒေါကပ်ဂက်ဇယ်‌ဆိတ်ဖြစ်သည်။ ထို‌ဂက်ဇယ်‌ဆိတ်မျိုးသည် ၂ ‌ပေမျှပင်မမြင့်တတ်‌ချေ။ ‌သေးသွယ်၍ တွန့်လိမ်လျက်ရှိ‌သောဦးချိုများသည် ၁၃ လက်မခန့် ရှည်သည်။ ထို‌ဂက်ဇယ်‌ဆိတ်မျိုးသည် ၃ ‌ပေ၊ ၄ ‌ပေမျှမြင့်‌အောင် ခုန်လွှား သွားနိုင်ကြသည်။ အိန္ဒိယဂက်ဇယ်‌ဆိတ်သည် ‌ဒေါကပ်အရွယ်‌လောက်ပင် ရှိသည်။ ယင်း၌ ‌သေးသွယ်‌သော ကွင်းပုံဦးချို များရှိသည်။ ထိုဦးချိုများသည် အဂင်္လိပ်အက္ခရာကဲ့သို့ ‌ကောက်လျက်ရှိသည်။ ထိုဂက်ဇယ်‌ဆိတ်များသည် ‌ဒေါကပ် ကဲ့သို့ ခုန်လွှား၍မ‌ပြေးနိုင်ကြ‌သော်လည်း အ‌ပြေးတွင် အလွန်မြန်သဖြင့် ‌အာဖရိကအမဲလိုက်ခွေးများပင် ယင်းတို့ကို လိုက်၍မမှီနိုင်‌ချေ။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)