ဂဒလဒေနိယဝိဟာရ (သီဟိုဠ်: ගඩලාදෙණිය විහාරය) သည် သီရိလင်္ကာနိုင်ငံ၊ ကန်ဒီခရိုင်၊ ပိလိမသလဝဆင်ခြေဖုံးအရပ်တွင် တည်ရှိသည့် ရှေးဟောင်းဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ၎င်းကျောင်းတော်ကို Saddharmatilaka Vihara or Dharma Kirthi Viharaya ဟူ၍လည်း ခေါ်ကြသည်။ ကျောင်းတော်သည် Gadaladenyia လမ်းမ(B116) ပေါ်တွင် တည်ရှိသည်။ ကန်ဒီမြို့၏ အနောက်ဘက် ၁၂.၅ ကီလိုမီတာအကွာ၊ ရှေးဟောင်းဗုဒ္ဓဘာသာကျောင်းတော်တစ်ခုဖြစ်သည့် Lankatilaka ဝိဟာရမှ ၃ ကီလိုမီတာ (၁.၉ မိုင်) အကွာ၊ Colombo - Kandy လမ်းမ (A1) ၏ Gadaladeniya လမ်းဆုံနားတွင် တည်ရှိသည်။ ဤဝိဟာရသည် သီရိလင်္ကာတွင် အကြီးဆုံးကျောက်ဆောင်ကျောင်းတော်ဖြစ်သည်ဟု သတ်မှတ်ထားကြသည်။[၂]

ဂဒလဒေနိယဝိဟာရ
Gadaladenyia Vihara
ගඩලාදෙණිය විහාරය
အချက်အလက်များ
တည်နေရာKandy, Sri Lanka
ကိုဩဒိနိတ်07°15′26.3″N 80°33′21.9″E / 7.257306°N 80.556083°E / 7.257306; 80.556083ကိုဩဒိနိတ်: 07°15′26.3″N 80°33′21.9″E / 7.257306°N 80.556083°E / 7.257306; 80.556083
ဘာသာရေး နှီးနွယ်မှုBuddhism
ခရိုင်Kandy
စီရင်စုCentral Province
နိုင်ငံသီရိလင်္ကာနိုင်ငံ
အမွေအနှစ် သတ်မှတ်ခြင်းArchaeological protected monument[၁] (11 May 1956)
ဗိသုကာပညာရှင်Ganesvarachari
ဗိသုကာ အမျိုးအစားBuddhist Temple
တည်ထောင်သူKing Bhuvanekabahu IV
ပြီးစီး1344

သမိုင်းကြောင်း ပြင်ဆင်ရန်

ဤကျောင်းတော်၏ သမိုင်းကြောင်းသည် ၁၄ ရာစု ကာလက ဖြစ်ခဲ့သည်။ [၃] သမိုင်းကြောင်းဆိုင်ရာ လေ့လာတင်ပြချက်များအရ ကျောင်းတော်ကို ၁၃၄၄ တွင် ဘုရင် Bhuvanekabahu IV ၏ အားပေးထောက်ပံ့မှုဖြင့် ရဟန်းတော် Ven. Seelavamsa Dharmakirti က တည်ဆောက်ခဲ့သည်။[၄] ဘုရင် Bhuvanekabahu IV သည် အေဒီ ၁၃၄၁ မှ ၁၃၅၁ အထိ အုပ်ချုပ်ခဲ့သူ ဖြစ်သည်။ ကျောင်းတော်၏ ဗိသုကာလက်ရာသည် အိန္ဒိယတောင်ပိုင်း ဗိသုကာပညာရှင်တစ်ဦးဖြစ်သည့် Ganesvarachari က တည်ဆောက်ခဲ့သည့် ဟိန္ဒူအနုပညာပုံစံကို ယူကာ ဆောက်လုပ်ထားသည်။[၅]

အဓိကကျောင်းတော် ပြင်ဆင်ရန်

 

ဒုတိယကျောင်းတော် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Protected Monument List 2012-12-12Department of Archaeology (12 December 2012)။ 23 November 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 January 2022 တွင် ပြန်စစ်ပြီး။
  2. de Thabrew၊ W. Vivian (2013)။ Monuments and Temples of Orthodox Buddhism in India and Sri Lanka။ Author House။ p. 66။ ISBN 9781481795517
  3. Gadaladeniya Viharaya။ kandycity.org (10 February 2012)။ 20 January 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 November 2016 တွင် ပြန်စစ်ပြီး။
  4. Seneviratna, Anuradha; Polk, Benjamin (1992)။ Buddhist Monastic Architecture in Sri Lanka: The Woodland Shrines။ Abhinav Publications။ p. 82။ ISBN 9788170172819
  5. Gadaladeniya – The temple of many names။ tourslanka.com။ 2 November 2016 တွင် ပြန်စစ်ပြီး။