ဂန္ဓဗ္ဗနတ်
ဂန္ဓဗ္ဗနတ် သည် စတုမဟာရာဇ်နတ်မျိုး ဖြစ်၏။ အုပ်ချုပ်သူမှာ စတုမဟာရာဇ် နတ်မင်းကြီးလေးပါးတွင် ပါဝင်သည့် ဓတရဋ္ဌ ဖြစ်၏။[၂]
ဂန္ဓဗ္ဗနတ် (၁၀) မျိုး ပြင်ဆင်ရန်
ဂန္ဓဗ္ဗနတ်တို့သည် ရနံ့မွှေးကြိုင်သော နံ့သာပင်တို့တွင် ပဋိသန္ဓေတွယ်၍ နေကြ၏။ အပင်၏ ရနံ့ကို ရှူရိုက်စားသုံးကာ နေကြ၏။ ဂန္ဓဗ္ဗနတ်တို့သည် သစ်တုံးများ ဆွေးမြည့်သည့်တိုင်အောင် အမှီပြုကာ နေထိုင်နိုင်ကြသည်။ ဂန္ဓဗ္ဗနတ်သည် (၁၀) မျိုး ရှိ၏။ ၎င်းတို့မှာ အမြစ်နံ့သာကိုစောင့်သော မူလဂန္ဓဗ္ဗနတ်၊ အနှစ်နံ့သာကိုစောင့်သော သာရဂန္ဓဗ္ဗနတ် အကာနံ့သာကိုစောင့်သာ ဖဂ္ဂုဂန္ဓဗ္ဗနတ် အစရှိသည်ဖြင့် ဆယ်မျိုးရှိ၏။[၂]
သစ်ချောက်ကောင် ပြင်ဆင်ရန်
သစ်ပင်အတွင်း၊ သစ်ခေါင်းအတွင်း ဖြစ်သော နတ်မျိုးသည်လည်း ဂန္ဓဗ္ဗနတ် ဖြစ်၏။ ထိုဂန္ဓဗ္ဗနတ်တို့ကို သစ်ချောက်ကောင်၊ သစ်ဘီလူးဟုလည်း ခေါ်ကြသည်။ ကျောင်း၊ အိမ် ဆောက်လုပ်သည့်အခါ အမျက်ပါသည်၊ သစ်ချောက်ပါသည် ဆိုခြင်းမှာ ဂန္ဓဗ္ဗနတ်ကို ဆိုခြင်းဖြစ်သည်။[၂]
စုန်း ပြင်ဆင်ရန်
ရှေးဘဝက မကောင်းမှုတို့ ပြုခဲ့ဖူးသည့် ဂန္ဓဗ္ဗနတ်တို့သည် လူမိန်းမတို့ကိုယ်တွင်း၊ ဝမ်းတွင်းတို့တွင် ဖြစ်လာကြ၏။ ထိုဂန္ဓဗ္ဗနတ်တို့သည် လူမိန်းမတို့ စေခိုင်းရာကို လုပ်တတ်ကြ၏။ ထိုလူစုန်းမတို့သည် ဝမ်းတွင်းရှိ ဂန္ဓဗ္ဗနတ်၏ အစွမ်းကြောင့် အခြားသူတိုအပေါ် မကောင်းမှုအမျိုးမျိုး ပြုနိုင်၏။ ထိုမိန်းမကို ဝမ်းတွင်းစုန်းမ ဟူ၍လည်း ခေါ်ကြသေး၏။ ထို ဂန္ဓဗ္ဗနတ်တို့သည် ညအခါ တန်ခိုးအမျိုးမျိုးဖြင့် ကျက်စားလေ့ရှိ၏။[၂]
လူသိများသည့် ဂန္ဓဗ္ဗနတ်များ ပြင်ဆင်ရန်
- သိကြားမင်း၏ ရထားထိန်း မာတလိနတ်သား
- စောင်းတီး ကောင်းသည့် ပဉ္စသီခနတ်သား
- ပဉ္စသီခနတ်သား၏ ချစ်သူ သူရိယဝစ္ဆသာနတ်သမီး[၂]
ကိုးကား ပြင်ဆင်ရန်
- ↑ Singh၊ Upinder (2008)။ A History of Ancient and Early Medieval India: From the Stone Age to the 12th Century (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Pearson Education India။ p. 435။ ISBN 978-81-317-1120-0။
- ↑ ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ဓမ္မာစရိယဦးအေးနိုင် (ဘီအေ) (ဩဂုတ်လ ၂၀၁၀)။ ဗုဒ္ဓကျမ်းလာ နတ်ဒေဝါများ။ အခန်း - ၄၀၄၊ တိုက် - ၆၊ ညောင်တန်းအိမ်ရာ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့: အလင်းသစ်စာပေ။ pp. ၁၂၂၊ ၁၂၃။
|date=
ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)