ဂါဟင်ရှာ

ဘရာဇီးဘောလုံးကစားသမား

မန်နူဝဲလ် ဖရန့်စစ်ကို ဒို့စ် ဆန်းတို့စ် (ပေါ်တူဂီ: Manuel Francisco dos Santos; ၁၉၃၃ အောက်တိုဘာ ၂၈ - ၁၉၈၃ ဇန်နဝါရီ ၂၀) သည် 'ဂါဟင်ရှာ' (Garrincha)[မှတ်စု ၁] (ငှက်ကလေး) အဖြစ်လူသိများ၍[၃] အလယ်တန်း ညာစွယ်တွင် ကစားသော ဘရာဇီးဘောလုံးသမားဟောင်း တစ်ယောက်ဖြစ်သည်။ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဘောလုံးသမားများအနက် တစ်ဦးအဖြစ် ယူဆကြကာ အကောင်းဆုံး လိမ်ခေါက်သူအဖြစ်လည်း အချို့က သတ်မှတ်ကြသည်။[၄] ဂါဟင်ရှာကို ဘောလုံးအားကစား၏ ဂန္ထဝင်ပုဂ္ဂိုလ်အဖြစ်လည်း သတ်မှတ်ကြ၍ ၎င်းသည် ဘရာဇီး၌ အလွန်ကျော်ကြား ရေပန်းစားပြီး အသက်ရွယ်ကြီးသည့် ဘောလုံးပရိသတ်များက ပီလီထက် ပိုကောင်းသောသူအဖြစ် သတ်မှတ်ထားကြသည်။[၅]

ဂါဟင်ရှာ
၁၉၆၂ ကမ္ဘာ့ဖလားတွင် ကစားနေပုံ
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ မန်နူဝဲလ် ဖရန့်စစ်ကို ဒို့စ် ဆန်းတို့စ်
မွေးသက္ကရာဇ် (1933-10-28)၂၈ အောက်တိုဘာ၊ ၁၉၃၃
မွေးရပ်ဇာတိ Magé, ရီယိုဒီဂျနေးရိုးပြည်နယ်၊ ဘရာဇီး
ကွယ်လွန်သည့်ရက် ၂၀ ဇန်နဝါရီ၊ ၁၉၈၃(1983-01-20) (အသက် ၄၉)
ကွယ်လွန်ရာအရပ် ရီယိုဒီဂျနေးရိုး, ဘရာဇီး
အရပ်အမြင့် ၁.၆၉ m (၅ ft   in)
ကစားသည့်နေရာ တောင်ပံတိုက်စစ်
လူငယ်ဘဝကလပ်များ
၁၉၄၇–၁၉၅၂ Pau Grande
၁၉၄၉–၁၉၅၀ Cruzeiro do Sul FC
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
1951 Serrano
၁၉၅၃–၁၉၆၅ Botafogo[၁] ၂၃၈ (၈၄)
၁၉၇၆ Corinthians[၂] (၀)
၁၉၆၈ Atlético Junior (၀)
၁၉၆၈–၁၉၆၉ Flamengo (၀)
၁၉၇၂ Olaria 6၆ (၀)
နိုင်ငံကိုယ်စားပြုအသင်း
၁၉၅၅–၁၉၆၆ ဘရာဇီး ၅၀ (၁၂)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်သည်။

† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

၁၉၅၈ နှင့် ၁၉၆၂ ဘရာဇီးအသင်း၏ ကမ္ဘာ့ဖလားအောင်မြင်မှု ကာဘများတွင် အသင်းအတွက် စွယ်စုံပုံစံဖြင့် ကစားခဲ့သည်။ ၁၉၆၂တွင် ပီလီ ဒဏ်ရာရသောအခါ ဂါဟင်ရှာသည် ပြိုင်ပွဲတစ်လျှောက် ထိန်းချုပ်လွှမ်းမိုးနိုင်သည့် ကစားမှုများဖြင့် အသင်းကို ဦးဆောင်ခဲ့သည်။ ဖီဖာရွှေဘောလုံးဆု၊ ရွှေဖိနပ်ဆု နှင့် ဖီဖာ ကမ္ဘာ့ဖလား တို့ကိုရရှိခဲ့သော ပထမဆုံး ကစားသမားလည်းဖြစ်သည်။ ၁၉၅၈နှင့် ၁၉၆၂ ဖီဖာ ထိပ်တန်းကြယ်ပွင့်အသင်းများတွင် ရွေးချယ်ခံရခဲ့သည်။ ၁၉၉၄ တွင် ဖီဖာ သမိုင်းတစ်လျှောက်အသင်း၌ ပါဝင်ရွေးချယ်ခံရသည်။ ပီလီနှင့် ဂါဟင်ရှာ နှစ်ဦးစလုံး ကစားသောပွဲများတွင် ဘရာဇီးသည် တစ်ပွဲမျှရှုံးနိမ့်ခဲ့ခြင်းမရှိခဲ့ပေ။[၆] ၁၉၉၉၌ ရာစုနှစ်၏ အကောင်းဆုံးကစားသမား (Grand jury ) မဲပေးရွေးချယ်မှုတွင် သတ္တမအဆင့်ဖြင့် ရပ်တည်နိုင်ခဲ့လေသည်။[၇] နှစ်ဆယ်ရာစု ကမ္ဘာ့အသင်း၏ အဖွဲ့ဝင်ကစားသမားဖြစ်ကာ ၎င်းကို ဘရာဇီး၏ 'ထင်ရှားကျော်ကြား ဘောလုံးအားကစားသမား ဂုဏ်ပြုမှု' (Hall of fame) သို့ ထည့်သွင်း ဂုဏ်ပြုခဲ့ကြသည်။[၈]

ကလပ်အသင်းအနေဖြင့် ဂါဟင်ရှာသည် ၎င်း၏ကစားသမားသက်တမ်းအများစုကို ဘရာဇီးကလပ် Botafogo အသင်း၌ ကစားခဲ့၏။ မယ်ရယ်ခဲနယ် (Maracanã) ဘောလုံးကွင်း၏ အိမ်ရှင်အသင်းအတွက် အခန်းသည် 'ဂါဟင်ရှာ' အဖြစ် ကျော်ကြားလှသည်။[၉] ဘရာဇီးလီယာ မြို့တော်ရှိ 'အက်စတားဒြူး နားစင်နာ မန်နား ဂါးဟင်ရှာ' (Estádio Nacional Mané Garrincha) ဘောလုံးကွင်းကို ၎င်းအားအစွဲပြု၍ ပေးထားခြင်း ဖြစ်သည်။ နွားရိုင်းသတ်ပွဲ၏ သံပြိုင်သီချင်း 'အိုလေး' (olé) ကို ဘောလုံးကွင်းများတွင် စတင်သုံးစွဲရာ၌ ဂါဟင်ရှာ ကို ဂုဏ်ပြုမှတ်တမ်းတင်ရမည်ဖြစ်သည်။[၁၀]

မှတ်စု ပြင်ဆင်ရန်

  1. 'ဂါဟင်ရှာ' စကားလုံးမှ 'ဟ' သံသည် ဟ နှင့် ရ(Ra) သံကြားဖြစ်၍ ဟ သံဘက်အနည်းငယ် ပိုရောက်သည်

ကိုးကား ပြင်ဆင်ရန်

  1. Assaf၊ Roberto; Martins၊ Clóvis (1997)။ Campeonato carioca: 96 anos de história, 1902-1997 (Portugueseဘာသာစကားဖြင့်)။ Irradiação Cultural။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
  2. Unzelte၊ Celso (2005)။ Almanaque do Timão (Portugueseဘာသာစကားဖြင့်)။ Ed. Abril။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
  3. Bad boy Garrincha rememberedReuters article on rediff.com။ October 28, 2005 တွင် ပြန်စစ်ပြီး။
  4. International Football Hall of Fame – Garrincha။ Ifhof.com (October 28, 1933)။ 11 May 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 20, 2010 တွင် ပြန်စစ်ပြီး။
  5. Top 10 Football Players of All Time - Garrincha။ sportskeeda။ April 17, 2019 တွင် ပြန်စစ်ပြီး။
  6. "Remembering the genius of Garrincha". BBC. Retrieved 8 December 2013
  7. FIFA Player of the Century (PDF)။ touri.com။ 26 April 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 November 2010 တွင် ပြန်စစ်ပြီး။
  8. World All-Time Teams. Rsssf.com. Retrieved 9 May 2014
  9. "Garrincha, the never forgotten genius of Brazilian football" Archived 29 November 2014 at the Wayback Machine.. World Soccer.
  10. Ruy Castro (2013). "Garrincha: The Triumph and Tragedy of Brazil's Forgotten Footballing Hero" p.89. Random House