ဂျာမနီ အမျိုးသား ဘောလုံးအသင်း

ဂျာမနီနိုင်ငံကိုယ်စားပြု အမျိုးသား ဘောလုံးအသင်း

ဂျာမနီ အမျိုးသား ဘောလုံးအသင်း(ဂျာမန်: Die deutsche Fußballnationalmannschaftသည် ဂျာမနီနိုင်ငံကိုယ်စားပြု အမျိုးသား ဘောလုံးအသင်းတစ်သင်းဖြစ်ပြီး ၁၉၀၈ ခုနှစ်တွင် နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဖွဲ့စည်းခဲ့သည်။[၄] ဂျာမနီအမျိုးသား ဘောလုံးအသင်းကို ၁၉၀၀ ခုနှစ်တွင် တည်ထောင်ခဲ့သော ဂျာမနီနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(German Football Association (Deutscher Fußball-Bund))မှ စီမံခန့်ခွဲသည်။[၈][၉] ၁၉၄၉ နှင့် ၁၉၉၀ နှစ်များကြားတွင် မဟယမိတ်တို့၏ ဂျာမနီကိုသိမ်းပိုက်၍ နယ်မြေကွဲထွက်မှုများကြောင့် သီးခြား ဂျာမနီအသင်းများကို ဖီဖာက အသိအမှတ်ပြုပေးခဲ့သည်။ သီးခြားဂျာမနီအသင်းများမှာ ၁၉၄၉ မှ ၁၉၉၀ အထိ အနောက်ဂျာမနီအမည်တွင်သည့် ဂျာမနီသမ္မတပြည်ထောင်စုနိုင်ငံ (Federal Republic of Germany) ကို DFB အသင်းက ကိုယ်စားပြုသည်။ ၁၉၅၀-၁၉၅၆ တွင် ဆား(Sarr) အထိန်းသိမ်းခံနိုင်ငံကို ဆားလန်း အမျိုးသား ဘောလုံးအသင်းက ကိုယ်စားပြုသည်။ ၁၉၅၂-၁၉၉၀ ကြားကာလတွင် အရှေ့ဒီမိုကရက်တစ်သမ္မတနိုင်ငံကို အရှေ့ဂျာမနီ အမျိုးသား ဘောလုံးအသင်းက ကိုယ်စားပြုယှဉ်ပြိုင်ခဲ့သည်။ ဖော်ပြခဲ့သော ဆားအသင်း၊ အရှေ့ဂျာမနီအသင်းတို့သည် အသင်းများနှင့်အတူ မှတ်တမ်းများလည်း ယခု၌ ပျက်ပြယ်ပြီဖြစ်သည်။[၁၀][၁၁] လက်ရှိအသင်းသည် ၁၉၉၀ ၌ ပြန်လည်ပေါင်းစည်းခဲ့သော နိုင်ငံကို ကိုယ်စားပြု၍ တရားဝင်အားဖြင့် Germany FR (FRG)၊ အတိုကောက် Germany (GER) ဟုသုံးစွဲ၏ ။

ဂျာမနီ
Shirt badge/Association crest
အမည်ပြောင်Nationalelf (national eleven)
DFB-Elf (DFB Eleven)
Die Mannschaft (The Team)[၁][၂]
အဖွဲ့German Football Association
(Deutscher Fußball-Bund – DFB)
မဟာမိတ်အဖွဲ့UEFA (ဥရောပ)
နည်းပြချုပ်Joachim Löw
လက်ထောက် နည်းပြThomas Schneider
အသင်းခေါင်းဆောင်Manuel Neuer
Most capsLothar Matthäus (၁၅၀)
Top scorerMiroslav Klose (၇၁)
ဖီဖာကုဒ်GER
FIFA အဆင့်Steady (၁၇ မေ ၂၀၁၈)
အမြင့်ဆုံး FIFA အဆင့်[၃] (ဒီဇင်ဘာ ၁၉၉၂– ဩဂုတ် ၁၉၉၃၊ ဒီဇင်ဘာ ၁၉၉၃ – မတ် ၁၉၉၄၊ ဇွန် ၁၉၉၄၊ ဇူလိုင် ၂၀၁၄ – ဇွန် ၂၀၁၅၊ ဇူလိုင် ၂၀၁၇၊ စက်တင်ဘာ ၂၀၁၇ – လက်ရှိ)
အနိမ့်ဆုံး FIFA အဆင့်၂၂[၃] (မတ် ၂၀၀၆)
Elo အဆင့်Steady (၁၈ ဧပြီ ၂၀၁၈)
အမြင့်ဆုံး Elo အဆင့်၁ (၁၉၉၀–၉၂၊ ၁၉၉၃–၉၄၊ ၁၉၉၆–၉၇၊ ဇူလိုင် ၂၀၁၄ – မေ ၂၀၁၆၊ အောက်တိုဘာ ၂၀၁၇ – နိုဝင်ဘာ ၂၀၁၇)
အနိမ့်ဆုံး Elo အဆင့်၂၄ (စက်တင်ဘာ ၁၉၂၄ – အောက်တိုဘာ ၁၉၂၅)
အိမ်ကွင်း ဝတ်စုံရောင်
အဝေးကွင်း ဝတ်စုံရောင်
ပထမဆုံး နိုင်ငံတကာပွဲ
  ဆွစ်ဇာလန် 5–3 ဂျာမနီ 
(Basel, Switzerland; 5 April 1908)[၄]
အကြီးအကျယ် အနိုင်ရ
 ဂျာမနီ 16–0 Russian Empire
(Stockholm, Sweden; 1 July 1912)[၅]
အကြီးအကျယ် ရှုံး
အင်္ဂလန်နိုင်ငံ England Amateurs 9–0 ဂျာမနီ 
(Oxford, England; 13 March 1909)[၆][၇]
ကမ္ဘာ့ဖလား
မြင်တွေ့ရမှုများ၁၈ (First in ၁၉၃၄)
အကောင်းဆုံးရလဒ်Champions, ၁၉၅၄, ၁၉၇၄, ၁၉၉၀ and ၂၀၁၄
European Championship
မြင်တွေ့ရမှုများ၁၂ (First in ၁၉၇၂)
အကောင်းဆုံးရလဒ်Champions, ၁၉၇၂, ၁၉၈၀ and ၁၉၉၆
Confederations Cup
မြင်တွေ့ရမှုများ၃ (First in ၁၉၉၉)
အကောင်းဆုံးရလဒ်Champions, ၂၀၁၇

ဂျာမနီအသင်းသည် အအောင်မြင်ဆုံးအသင်းတစ်သင်းဖြစ်၍ ဖီဖာ ကမ္ဘာ့ဖလားကို ၁၉၅၄၊ ၁၉၇၄၊ ၁၉၉၀၊ ၂၀၁၄ တို့တင် လေးကြိမ်ရရှိခဲ့ကာ ယူအေးဖာ ဥရောပဖလား ပြိုင်ပွဲကို ၁၉၇၂၊ ၁၉၈၀၊ ၁၉၉၆ တို့တွင်ရရှိခဲ့သည်။ ဖီဖာတိုက်ကြီးများဖလားပွဲတွင်လည်း ၂၀၁၇ ၌ အနိုင်ရရှိထားသည်။[၈] ဒုတိယနေရာကို ဥရောပဖလားပြိုင်ပွဲများ၌ သုံးကြိမ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် လေးကြိမ်စီရရှိခဲ့သည်။[၈] အရှေ့ဂျာမနီအသင်းသည် ၁၉၇၆ အိုလံပစ်ပြိုင်ပွဲ၌ ရွှေတံဆိပ်ရရှိဖူးသေးသည်။[၁၂]

ဂျာမနီသည် ဖီဖာ ကမ္ဘာ့ဖလား၊ ဖီဖာ အမျိုးသမီး ကမ္ဘာ့ဖလားတို့ကို ရရှိထားသော တစ်ခုတည်းသောနိုင်ငံဖြစ်၏ ။[၁၃][၁၄]

၂၀၁၄ ကမ္ဘာ့ဖလားအပြီး၌ အယ်လိုအဆင့်သတ်မှတ်ချက် (Elo rating) ကို အခြားသောနိုင်ငံများထက် အမှတ်ပိုရရှိခဲ့သောကြောင့် (၂,၂၀၅ မှတ်)ဖြင့် ကမ္ဘာ့အမြင့်ဆုံးနေရာကို ရရှိခဲ့သည်။[၁၅] ဂျာမနီအသင်းသည် အမေရိကတိုက်များ(တောင်၊ မြောက်) ၌ ဖီဖာကမ္ဘာ့ဖလားကို ရယူနိုင်သော တစ်ခုတည်းသော ဥရောပနိုင်ငံဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. In Germany, the team is typically referred to as Die Nationalmannschaft (the national team), DFB-Elf (DFB eleven), DFB-Auswahl (DFB selection) or Nationalelf (national eleven). Whereas in foreign media, they are regularly described as (Die) Mannschaft (literally meaning the team). As of June 2015, this was acknowledged by the DFB as official branding of the team.
  2. DFB unveil new "Die Mannschaft" branding။ DFB။ 8 June 2015 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Germany: FIFA/Coca-Cola World RankingFIFA။ 31 May 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 May 2018 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ All matches of The National Team in 1908DFB။ 25 May 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 May 2018 တွင် ပြန်စစ်ပြီး။
  5. All matches of The National Team in 1912။ DFB။ 22 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 May 2018 တွင် ပြန်စစ်ပြီး။
  6. All matches of The National Team in 1909။ DFB။ 10 June 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 May 2018 တွင် ပြန်စစ်ပြီး။
  7. Note that this match is not considered to be a full international by the English FA, and does not appear in the records of the England team
  8. ၈.၀ ၈.၁ ၈.၂ Germany။ FIFA။ 2 June 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၅ မေ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  9. Germany's strength in numbers။ UEFA။ 25 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၅ မေ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  10. Statistics – Most-capped players။ DFB။ 8 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 July 2021 တွင် ပြန်စစ်ပြီး။
  11. Statistics – Top scorers။ DFB။ 8 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 July 2021 တွင် ပြန်စစ်ပြီး။
  12. Olympic Football Tournament Montreal 1976။ FIFA။ 19 January 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 July 2021 တွင် ပြန်စစ်ပြီး။
  13. – Germany on။ FIFA။ 2 June 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 May 2018 တွင် ပြန်စစ်ပြီး။
  14. – Tournaments။ FIFA။ 25 April 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 July 2021 တွင် ပြန်စစ်ပြီး။
  15. Silver၊ Nate။ "Germany May Be the Best National Soccer Team Ever"၊ 13 July 2014။