ဂျီမီနီ စီမံကိန်း သည် နာဆာ၏ ဒုတိယမြောက် လူလိုက်ပါသည့် အာကာသပျံသန်းရေး စီမံကိန်းတစ်ခုဖြစ်သည်။ ယင်းသည် အမေရိကန်တို့၏ အာကာသစီမံကိန်းဖြစ်ပြီး ၁၉၆၁ ခုနှစ်မှ ၁၉၆၆ ခုနှစ်တွင် စတင်တည်ထောင်ခြင်း ဖြစ်သည်။ ဂျီမီနီ စီမံကိန်းသည် မာကျူရီ စီမံကိန်းနှင့် အပိုလို စီမံကိန်းတို့ကြားတွင် ထူထောင်ခဲ့သည်။ ဂျီမီနီ အာကာသယာဉ်သည် အာကာသယာဉ်မှူး ၂ ဦးအား သယ်ဆောင်ခဲ့ကာ ၁၉၆၅-၆၆ ခုနှစ်အတွင်း ကမ္ဘာပတ်လမ်းနိမ့်သို့ အဖွဲ့ဝင် ၁၀ ဦးအား စေလွှတ်ခဲ့သည်။ ယင်းသည် အာကာသစစ်အေးကာလအတွင်း အမေရိကန်တို့အတွက် ဆိုဗီယက်ယူနီယံအား အသာစီးရစေခဲ့သည်။

Project Gemini
ကာလ၁၉၆၁–၁၉၆၆
ရည်မှန်းချက်များ၁၄ ရက်ကြာ အာကာသပျံသန်းရေး
space rendezvous and docking;
extra-vehicular activity;
လေထုထဲသို့ပြန်ဝင်ခြင်းနှင့် ဆင်းသက်ခြင်းများအား ပစ်မှတ်ထားခြင်း
အောင်မြင်ခဲ့အပိုလိုအတွက် ၈ ရက်ကြာ ပျံသန်းခြင်း၊ ၁၄ ရက်ကြာ အာကာသထဲတွင် လမ်းလျှောက်ခြင်း။
အဖွဲ့ဝင်များ
ယာဉ်များပစ်လွှတ်: Titan II GLV
အခြား: Agena, docking target
ကွပ်ကဲသူနာဆာ
ဆက်နွယ်သည့် စီမံကိန်းများမာကျူရီ နှင့် အပိုလို

ရည်မှန်းချက်များမှာ အပိုလို မက်ရှင်များအတွက် လကမ္ဘာသို့ဆင်းသက်ရာတွင် နည်းပညာဆိုင်ရာ အထောက်အကူပြုစေရန်ဖြစ်သည်။ ယင်းစီမံကိန်းကြောင့် အာကာသအတွင်း ဂြိုဟ်တုအချင်းချင်း ချိတ်ဆက်ခြင်း၊ စိန်ခေါ်မှုများအား အောင်မြင်ခဲ့ကာ အပိုလိုသည် အပိုလေ့ကျင့်ရေးများ မပြုလုပ်ရဘဲ ပင်မ မက်ရှင်များအား စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။ ယင်းစီမံကိန်းကာလအတွင်း ဂျီမီနီ အာကာသယာဉ်မှူး ၃ ဦး သေဆုံးခဲ့သည်။ ယင်းကဲ့သို့ဖြစ်ပွားမှုသည် နာဆာ၏သမိုင်းတွင် ပထမဆုံးအကြိမ်သာ ဖြစ်ပွားခဲ့သည်။ ဂျီမီနီ ပျံသန်းရေးများအား Launch Complex 19 ဒုံးပျံဖြင့် ကနေဒီအကာသစခန်းမှ ပစ်လွှတ်ခဲ့သည်။ ထို့အပြင် ဂျီမီနီသည် မက်ရှင်ကွပ်ကဲရေးစခန်းအသစ်အား ပထမဆုံးအသုံးပြုသော စီမံကိန်းတစ်ခုလည်းဖြစ်သည်။