ဂျူနရီ ဘာလာဝင် (Junrey Balawing) သည် အရပ် ၅၉.၉၃ စင်တီမီတာ (၁ ပေ ၁၁ လက်မ) သာ ရှိပြီး သက်ရှိထင်ရှား ရှိသည့် ကမ္ဘာ့ အပုဆုံး အမျိုးသား ဖြစ်သည်။[၁] ဂျူနရီ ဘာလာဝင်ကို ၁၉၉၃ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ စင်ဒန်ဂန် (Sindangan) ၌ ဖွားမြင်သည်။ သူ ၁၈ နှစ်ပြည့်သည့် နေ့တွင် ဂင်းနစ်မှတ်တမ်း အဖွဲ့က ကမ္ဘာ့အသေးငယ်ဆုံး လူပုဂ္ဂိုလ်အဖြစ် အတည်ပြု မှတ်တမ်းတင်ခဲ့သည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. BBC News Asia-Pacific. (2011-06-12). Philippines man crowned world's shortest. BBC News Website. Retrieved 2011-06-15.
  2. Jay Directo (AFP). (2011-06-12). Filipino teen Junrey Balawing declared world's shortest man Archived 29 October 2015 at the Wayback Machine. News.Com Australia. Retrieved 2011-06-12.