ဂျော့ဂျ် ဝေါ့လ်တန် လူးကပ်စ် ဂျူနီယာ (အင်္ဂလိပ်: George Walton Lucas Jr.)[၂] (၁၉၄၄ မေ ၁၄ မွေးဖွား) သည် အမေရိကန်နိုင်ငံသား ရုပ်ရှင် ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ ဇာတ်ညွှန်းရေးဆရာ၊ စီးပွားရေးစွမ်းဆောင်ရှင်တစ်ဦးဖြစ်သည်။ စတားဝေါစ် ခေါ် ကြယ်တာရာ စစ်ပွဲများနှင့် အင်ဒီယာနာ ဂျုံးစ် ရုပ်ရှင်ဇာတ်ကားများ ထုတ်လုပ်ခြင်းကြောင့်သာမက လူးကပါစ်ရုပ်ရှင် (Lucasfilm) ကုမ္ပဏီ၊ လူးကပ်စ်အနုပညာဖျော်ဖြေရေး ကုမ္ပဏီ (LucasArts) နှင့် ရုပ်ရှင်အမြင်ပိုင်းဆိုင်ရာ အထူးပြုလုပ်ချက်များ လုပ်ကိုင်သည့် ကုမ္ပဏီ Industrial Light & Magic များ တည်ထောင်ခြင်းအတွက်ကြောင့်လည်း လူသိအများဆုံးဖြစ်သည်။ ဝေါ့လ်ဒစ်စနီ ကုမ္ပဏီ သို့ လူးကပ်စ်ရုပ်ရှင်လုပ်ငန်း မရောင်းချမီ ၂၀၁၂ အထိ ထိုလုပ်ငန်းတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။[၃] လူးကပ်စ်သည် ငွေကြေးအရ အအောင်မြင်ဆုံးသော ရုပ်ရှင်ထုတ်လုပ်သူများထဲက တစ်ဦးဖြစ်ပြီး အကယ်ဒမီဆု အတွက် လေးကြိမ် လျာထားခြင်းခံခဲ့ရသည်။ ၎င်း၏ရုပ်ရှင်များသည် မြောက်အမေရိက ငွေကြေး (ပရိသတ်ကြည့်ရှုနှုန်း) အောင်မြင်မှု အများဆုံးရသော ရုပ်ရှင် (၁၀၀) တွင် ပါဝင်သည်။(တွက်ချက်ရာ၌ ယခင်၊ ယခု ငွေကြေးတန်ဖိုးကွာခြားချက်ကို ညှိထားသည်။)[၄] လူးကပ်စ်ကို ၂၀ ရာစု ဟောလိဝုဒ် ခေတ်ဆန်းချိန် လှုပ်ရှားမှု၏ အရေးပါသော သူတစ်ဦးအဖြစ် ယူဆသတ်မှတ်ကြသည်။

ဂျော့ဂျ် လူးကပ်စ်
၂၀၀၉ ဗန်းနစ်ရုပ်ရှင်ပွဲတော်၌ တွေ့ရစဉ်
မွေးဖွားဂျော့ဂျ် ဝေါ့လ်တန် လူးကပ်စ် ဂျူနီယာ
(1944-05-14) မေ ၁၄၊ ၁၉၄၄ (အသက် ၇၉)
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား၊ မာဒက်စ်တိုးမြို့။
မိခင်ကျောင်းတောင်ကယ်လီဖိုးနီးယားတက္ကသိုလ်
အလုပ်အကိုင်
  • ဒါရိုက်တာ
  • ထုတ်လုပ်သူ
  • စာရေးဆရာ
  • စီးပွားရေးစွမ်းဆောင်ရှင်
တက်ကြွလှုပ်ရှားနှစ်များ၁၉၆၅–လက်ရှိ
ကြွယ်ဝမှုအမေရိကန်ဒေါ်လာ သန်း ငါးထောင် (၂၀၂၀ မေ)[၁]
အိမ်ထောင်ဖက်(များ)မာစီယာ ဂရစ်ဖင် (Marcia Griffin) (လက်ထပ် 1969; ကွာရှင်း 1983)
မယ်လ်ဒီ ဟော့ဘ်ဆန်(Mellody Hobson) (လက်ထပ် ၂၀၁၃)
သားသမီး၄ ဦး

၁၉၆၇ တွင် တောင်ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး ရုပ်ရှင်ရိုက်ကူးထုတ်လုပ်သူ ဖရန့်စစ် ဖော့ဒ် ကောပိုလာ နှင့်အတူ အမေရိကန် ဇိုးယစ်ထရို့ပ် ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့သည်။ လူးကပ်စ်သည် ၎င်းကျောင်းသားဘဝက ရေးသားရိုက်ကူးခဲ့သော အစ်လက်ထရောနစ် ဝင်္ကပါ (Electronic Labyrinth: THX 1138 4EB) ကို အခြေခံ၍ ၁၉၈၁ တွင် THX 1138 အမည်ဖြင့် ရေးသားရိုက်ကူးခဲ့သည်။ ဝေဖန်သုံးသပ်ချက်အရ အောင်မြင်မှုရသော်လည်း ငွေကြေးအရ မအောင်မြင်ခဲ့ပေ။ ငယ်စဉ်က ကယ်လီဖိုးနီးယား မာဒက်စ်တိုးမြို့တွင် နေထိုင်ခဲ့ရခြင်း၏ စေ့ဆော်မှုဖြင့် အမေရိကန် ဂရဖီးတီ (American Graffiti) ရုပ်ရှင်ကို ၁၉၇၃ တွင် ရေးသားရိုက်ကူး၍ အသစ်တည်ထောင်လိုက်သော လူးကပ်စ်ရုပ်ရှင်မှ ဖြန့်ချိခဲ့သည်။ ဤဇာတ်ကားသည် ဝေဖန်သုံးသပ်ချက်၊ ငွေကြေး နှစ်ခုစလုံးတွင် အောင်မြင်မှုရရှိခဲ့ကာ အကယ်ဒမီဆု ငါးခု လျာထားခြင်းခံခဲ့ရသည်။

​ထို့နောက် လူးကပ်စ်၏ နောက်ထွက်ရှိသော ဇာတ်ကားမှာ ခမ်းနားသော အာကာသဇာတ်လမ်းဖြစ်သည့် ကြယ်တာရာ စစ်ပွဲများ (၁၉၇၇) ရုပ်ရှင်ဖြစ်သည်။ ထုတ်လုပ်မှုအပိုင်းတွင် ဒုက္ခရောက်ခဲ့ရသော်လည်း မထင်မှတ်သည့် အောင်မြင်မှုကိုရရှိခဲ့သဖြင့် ယင်းကာလ၌ စုစုပေါင်းဝင်ငွေအများဆုံးရ ဇာတ်ကားဖြစ်လာကာ အကယ်ဒမီဆု ခြောက်ခုထိရရှိခဲ့သည်။ ယင်းဇာတ်ကားသည် ယဉ်ကျေးမှုဆိုင်ရာ ထင်ရှားသည့်ပုံစံတစ်ခု (သို့) လူမှုယဉ်ကျေးမှုအပေါ် ထင်ထင်ရှားရှား အကျိုးသက်ရောက်မှုတစ်ခုကို ဖြစ်စေခဲ့သည်။ ပထမဇာတ်ကား၏ ရှေ့ဆက်ဇာတ်လမ်းဖြစ်သော The Empire Strikes Back (၁၉၈၀) နှင့် Return of the Jedi (၁၉၈၃)ကို ပူးတွဲရေးသား၍ ထုတ်လုပ်ခဲ့သည်။ ဒါရိုက်တာ စတီးဗန် စပီးလ်ဘာ့ဂ်နှင့်တွဲ၍ အင်ဒီယာနာ ဂျုံးစ် ရုပ်ရှင်များဖြစ်သော Raiders of the Lost Ark (၁၉၈၁)၊ The Temple of Doom (၁၉၈၄)၊ The Last Crusade (၁၉၈၉) နှင့် The Kingdom of the Crystal Skull (၂၀၀၈) တို့ကို ပူးတွဲရေးသားကာ ဖန်တီးထုတ်လုပ်ခဲ့သည်။ ၁၉၇၀ နှစ်များနှင့် ၂၀၁၀ နှစ်များအတွင်း လူးကပ်စ်ရုပ်ရှင်မှ များစွာသော ရုပ်ရှင်များ၊ ရုပ်မြင်သံကြား ဇာတ်ဘမ်းတွဲများကို ရေးသားရိုက်ကူးခဲ့သည်။

၁၉၉၇ တွင် ကြယ်တာယာ စစ်ပွဲများ သုံးတွဲကို အထူးတည်းဖြတ်ထားသောမူအနေဖြင့် အပြောင်းအလဲတချို့ထည့်သွင်းပြင်ဆင်ကာ ပြန်လည် ထုတ်ဝေခဲ့သည်။ နောက်ထပ်ပြင်ဆင်မှုများနှင့်အတူ 'နေအိမ် ကြည့်ရှုရန်ပုံစံမူ'ကို ၂၀၀၄ နှင့် ၂၀၁၁ တို့တွင် ထုတ်ဝေခဲ့ပြန်သည်။ ကြယ်တာရာ စစ်ပွဲများ ရှေ့အကြိုဇာတ်လမ်း သုံးတွဲ (prequel) ကို ရိုက်ကူးရန် ဒါရိုက်တာ လောကသို့ တဖန်ပြန်လည် ဝင်ရောက်လာပြီး The Phantom Menace (၁၉၉၉)၊ Attack of the Clones (၂၀၀၂)၊ Revenge of the Sith (၂၀၀၅) စသည့်ရုပ်ရှင်သုံးတွဲကို ထုတ်လုပ်ရိုက်ကူးခဲ့သည်။ CGI နည်းပညာ ရုပ်ကြွ ရုပ်သံဇာတ်လမ်းတွဲများဖြစ်သော Star Wars: The Clone Wars (၂၀၀၈-၂၀၁၄၊ ၂၀၂၀)၊ စစ်ပွဲရုပ်ရှင် Red Tails (၂၀၁၂) နှင့် CGI နည်းပညာသုံး Strange Magic (၂၀၁၅) စသည့်ရုပ်ရှင်များကို နောက်ဆုံးအနေဖြင့် ပူးတွဲရိုက်ကူး ထုတ်ဝေထားသည်။

ကိုးကား ပြင်ဆင်ရန်

  1. "George Lucas"။ May 7, 2020 တွင် ပြန်စစ်ပြီး 
  2. White၊ Dana (2000)။ George LucasLerner Publishing Group။ p. 12ISBN 0822549751
  3. Disney Acquires Lucasfilm for $4.05 Billion – STAR WARS: Episode 7 in 2015!broadwayworld.com
  4. Top Lifetime Adjusted Grosses။ January 21, 2020 တွင် ပြန်စစ်ပြီး။