ဂျေးဆန် (အင်္ဂလိပ်: Jason)သည် ဂရိဒဏ္ဍာရီ သူရဲကောင်းတစ်ဦးဖြစ်ကာ အားဂန်နော့စ်သူရဲကောင်းအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ ဖခင် အေးဆွန်သည် သက်စာလီဒေသရှိ အိုင်ယောကပ်စ်နိုင်ငံ ဘုရင်တစ်ပါးဖြစ်သည်။ ဦးလေးဝမ်းကွဲတစ်ဦး ပီးလီယဲ့စ် က အိုယောကပ်စ်နိုင်ငံကို သိမ်းပိုက်သောအခါ ဂျေးဆန်ကို စန်းတောမျိုးနွယ် ခိုင်ရန် (Chiron) ရှိရာသို့ စေလွှတ်ခဲ့သည်။ ရွှေရောင်သိုးမွှေးကို ပီးလီယဲ့စ်အတွက် အချိန်မကြာမြင့်စေဘဲ ရှာဖွေယူဆောင်ပေးပါက ၎င်းကို ထီနန်းပြန်ပေးမည်ဟု ကတိပေးခဲ့သည်။ ထိုရှာဖွေစွန့်စားခြင်းမှာ မဖြစ်နိုင်လောက်သည့် တာဝန်ဖြစ်၏။ မှော်အတတ်ပညာရှင် အမျိုးသမီး မစ်ဒီးယာ၏ အကူအညီဖြင့် ရွှေရောင် သိုးမွှေးကို စွန့်စားခြင်းများစွာ လုပ်ဆောင်ပြီးနောက် ရရှိခဲ့သည်။ မစ်ဒီးယာကို လက်ထပ်ခဲ့ကာ အပြန်ခရီးစဉ်တွင် သူမက ပီးလီယဲ့စ်ကို သုတ်သင်နိုင်ခဲ့၏။ သို့ရာတွင် ပီလီယဲ့စ်၏ သားက ၎င်းတို့နှစ်ဦးကို မောင်းထုတ်ခဲ့၍ ကောရင့်သ် နိုင်ငံက ခရီးယွန်ဘုရင်ထံပါး၌ ခိုလှုံသည်။ ထို့နောက် ဂျေးဆန်သည် မစ်ဒီးယာကို စွန့်ခွာ၍ ခရီးယန်၏ သမီးဖြစ်သူနှင့် စေ့စပ်ခဲ့သည်။ [၁]

ဂျေးဆန်
ရွှေရောင်သိုးမွှေးနှင့်အတူရှိသော ဂျေးဆန် (ဘားတယ်လ် တောဗာဆန်၏ လက်ရာ)
အချက်အလက်များ
နာမည်ပြောင်"Amechanos" (incapable)
မိသားစုဖခင် အေးဆွန်
အိမ်ထောင်ဖက်မစ်ဒီးယာ

ကိုးကား ပြင်ဆင်ရန်

  1. editors။ Jason, Greek mythology။ 14 September 2020 တွင် ပြန်စစ်ပြီး။