ငါးခြောက်

အခြောက်လှန်း၍ ထိန်းသိမ်း‌ထားသော ငါး

လတ်ဆတ်သော ငါးကို ထိန်းသိမ်းရန် နည်းလမ်းများဖြင့် မပြုပြင်ပါက လျင်မြန်စွာ ပုတ်သိုးသွားလေ့ရှိသည်။ အခြောက်ခံခြင်းသည် အစားအစားများမှ ရေကို ဖယ်ထုတ်ခြင်းဖြင့် အစားအစာကို ကြာရှည်ခံအောင် စီမံသည့် နည်းလမ်းဖြစ်ပြီး အဏုဇီဝသက်ရှိများ ပေါက်ပွားခြင်းကို ဟန့်တားပေးသည်။ ရှေးယခင်ကာလကတည်းက နေနှင့် လေကို အသုံးပြု၍ အခြောက်ခံခြင်းနည်းလမ်းဖြင့် အစားအစာများကို ကြာရှည်ခံစေရန် အသုံးပြုခဲ့ကြသည်။[၁] ယေဘုယျအားဖြင့် အငွေ့ပျံစေခြင်း (လေသလပ်ခြင်း၊ နေပူလှန်းခြင်း၊ မီးခိုးမှိုင်းတိုက်ခြင်း) ဖြင့် ရေကို ဖယ်ထုတ်ကြသော်လည်း အေးခဲခြင်းဖြင့် အခြောက်ခံရာတွင် အစားအစာကို ဦးစွာ အေးခဲစေပြီးမှ ရေကို sublimation နည်းလမ်းဖြင့် ဖယ်ထုတ်သည်။ အစားအစာတွင် ဘက်တီးရီးယား၊ မှိုနှင့် အချဉ်ပေါက်ခြင်းတို့သည် ဖွံ့ဖြိုးလာရန် ရေလိုအပ်ခြင်းကြောင့် အစားအစာများကို အခြောက်ခံခြင်းသည် ယင်းတို့ မပေါက်ဖွားနိုင်စေရန် ထိရောက်သော နည်းလမ်းဖြစ်သည်။

အာဗြဲငါးခြောက်

ငါးများကို ကြာရှည်ခံစေရန် အတွက် မိရိုးဖလာနည်းလမ်းများဖြစ်သော အခြောက်ခံခြင်း၊ ကြပ်တိုက်ခြင်းနှင့် ဆားသိပ်ခြင်း နည်းလမ်းများကို အသုံးပြုကြသည်။[၂] သက်တမ်းအကြာဆုံး ရိုးရာနည်းလမ်းမှာ လေ၊ နေတို့ဖြင့် ငါးကို ခြောက်စေခြင်း ဖြစ်သည်။ အခြောက်ခံခြင်းသည် ကြာရှည်ခံစေသော နည်းလမ်းများအနက် သက်တမ်းအရင့်ဆုံး နည်းလမ်းတစ်ခုဖြစ်ပြီး အခြောက်ခံထားသော ငါးသည် နှစ်ပေါင်းများစွာ သိုလှောင်သိမ်းဆည်းထားနိုင်သည်။

ကိုးကား ပြင်ဆင်ရန်

  1. "Historical Origins of Food Preservation.". Accessed June 2011.
  2. Grandidier (1899), p. 521