စက်စဲကမ်းခြေ

(စက်စဲ မှ ပြန်ညွှန်းထားသည်)

စက်စဲကမ်းခြေသည် မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်သံဖြူဇရပ်မြို့နယ်၌ တည်ရှိပြီး ကပ္ပလီပင်လယ်မုတ္တမပင်လယ်ကွေ့ ရှိ ကမ်းခြေ အပန်းဖြေစခန်းတစ်ခုဖြစ်သည်။[၁] ကမ်းခြေသည် အညို​ရောင်သဲများဖြင့် ဖွဲ့စည်းထားပြီး ၅.၆ ကီလိုမီတာရှည်ကာ အတော်အသင့် ကျယ်ဝန်းသော ကမ်းခြေတစ်ခုဖြစ်သည်။[၁] သို့သော် သံလွင်မြစ်သည်မုတ္တမပင်လယ်ကွေ့ မြောက်ဘက်သို့ စီးဆင်းသည့်အချိန်တွင်မူ နုံးမြေများပို့ချသောကြောင့် ရေနောက်လေ့ရှိသည်။[၂] စက်စဲသည် ၁၉ရာစုတည်းက အပန်းဖြေစခန်းရှိခဲ့ပြီး ယခုအချိန်ထိ လူသိများကျန်ရစ်ခဲ့သည်။ [၃]

စက်စဲ
Skyline of စက်စဲ
စက်စဲ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
စက်စဲ
စက်စဲ
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 15°57′N 97°38′E / 15.950°N 97.633°E / 15.950; 97.633ကိုဩဒိနိတ်: 15°57′N 97°38′E / 15.950°N 97.633°E / 15.950; 97.633
နိုင်ငံ မြန်မာ
ပြည်နယ်မွန်ပြည်နယ်
ခရိုင်မော်လမြိုင်ခရိုင်
မြို့နယ်သံဖြူဇရပ်မြို့နယ်
လူဦးရေ
 • ကိုးကွယ်မှုဗုဒ္ဓဘာသာ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

စက်စဲတွင် စီးပွားဖြစ်စိုက်ပျိုးသော ပင်လယ်ရေမှော်များ​ လေ့လာရန်၊ ပုလဲထုတ်လုပ်မှုနည်းပညာ မြတ်နိုးသူများနှင့် စီးပွားဖြစ် အာဂါးအာဂါး (agar-agar) ထုတ်လုပ်မှုများ ​​​လေ့လာရန် မော်လမြိုင် တက္ကသိုလ်၏ မုတ္တမပင်လယ်ကွေ့ လက်တွေ့စခန်းရှိသည်။ [၄] စက်စဲရွာ၏တောင်ဘက်ကမ်းခြေတွင် ငါးဖမ်းလုပ်ငန်းအား အဓိကလုပ်ကိုင်လျက်ရှိသည့် ဓမင်းဆိပ်ရပ်ကွက်ဟု ခေါ်ဆိုသည့် တံငါဆိပ်တစ်ခုတည်ရှိပြီး ၎င်းရပ်ကွက်တစ်ခုတည်းတွင်ပင် အိမ်ခြေ ၄၀၀ ကျော်ခန့်နှင့် လူဦးရေ ၇၀၀ နီးပါးခန့်ရှိသည်။ စက်စဲကမ်းခြေ၏အဓိကရောင်းကုန်ဖြစ်သည့် ပင်လယ်စာများအဓိကထွက်ရှိရာနေရာလည်း ဖြစ်ပေသည်။

စီးပွားရေး ပြင်ဆင်ရန်

စက်စဲ၏ အဓိကစီးပွားရေးမှာ စိုက်ပျိုးရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းနှင့် ကမ်းခြေအခြေပြုစားသောက်ဆိုင်လုပ်ငန်းများဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Reid, Robert and Grosberg, Michael (2005) Myanmar (Burma) (9th edition) Lonely Planet Publications, Footscray, Victoria, Australia, page 160, ISBN 1-74059-695-1
  2. Eliot, Joshua (1994) 1995 Thailand & Burma Handbook Trade & Travel Publications, Bath, England, page 586, ISBN 0-8442-8981-7
  3. Rumpf, Dieter (1988) Thailand, Burma (2nd edition, translated from German by Margaret Heberer) Karto+Grafik, Frankfurt am Main, Germany, page 166, ISBN 3-88989-076-8
  4. Thaw Kaung (1 July 1996)။ Mawlamyine: the Old and the New။ Myanmar Perspectives။ 6 January 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 August 2017 တွင် ပြန်စစ်ပြီး။; archived as of 6 January 2009 by Internet Archive

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်