စစ်တပ်အဖွဲ့အစည်းစနစ်

အစိုးရကိုစစ်တပ်အဖွဲ့မှအုပ်ချုပ်သည့်စနစ်

စစ်တပ်အဖွဲ့အစည်းစနစ် (အင်္ဂလိပ်: Military Junta) ဆိုသည်မှာ အစိုးရကိုစစ်တပ်မှအဖွဲ့အစည်းဖြင့် ဦးဆောင်အုပ်ချုပ်‌သော စစ်အစိုးရစနစ်တစ်မျိုးဖြစ်သည်။ "Junta" (ဟွန်တာ သို့မဟုတ် ဂျွန်တာ) ဟူသောဝေါဟာရသည် 'ကော်မတီ'၊ 'အဖွဲ့အစည်း' ဟူ၍အဓိပ္ပာယ်ရပြီး ပန်နင်ဆူးလားစစ်ပွဲ (Peninsular war) ကာလ၌ စပိန်လူမျိုးများမှ ပြင်သစ်နယ်ချဲ့များကိုတော်လှန်ရန်အဖွဲ့များ ဖွဲ့စည်းရာမှဖြစ်ပေါ်လာခဲ့သည်။[၁] နောက်ပိုင်းတွင်မူ "ဟွန်တာ" အခေါ်အဝေါ်ကို စစ်အာဏာရှင်စနစ်ကိုရည်ညွှန်းရာတွင် သုံးနှုန်းခေါ်ဆိုကြသည်။[၂]

ဩဂတ်စတို ပီနိုချက် (Augusto Pinochet) ဦးဆောင်သော ချီလီနိုင်ငံ စစ်အစိုးရ (မတ် ၁၉၈၆)

ထိုစစ်တပ်အဖွဲ့အစည်းစနစ်ကို အဓိကအားဖြင့် Open rule နှင့် Disguised rule ဟူ၍ ခွဲခြားနိုင်သည်။[၃] Open rule သည် စစ်တပ်မှကိုယ်ပိုင်အဖွဲ့ဖြင့် တိုက်ရိုက်အုပ်ချုပ်ခြင်းဖြစ်သည်။ Disguised rule တွင် Civilianization နှင့် Indirect rule ဟူ၍ ထက်မံခွဲခြားနိုင်သည်။ [၄] Civilianization သည် အရပ်သားအစိုးရကို ဖွဲ့စည်းပေးသော်လည်း ထိုအစိုးရအတွက်နိုင်ငံရေးပါတီကို ဗိုလ်ချုပ်တစ်ဦးမှဖွဲ့စည်းခြင်းဖြစ်သည်။ Indirect rule တွင်မူ အရပ်သားအစိုးရကို အယောင်ပြအဖြစ်သာထား၍ ပကတိအာဏာကိုစစ်တပ်ကသာ ဆက်လက်ချုပ်ကိုင်ထားသည်။[၄]

၁၉၂၀ ဝန်းကျင်မှစ၍ လက်တင်အမေရိကဒေသများတွင် ထိုစစ်အဖွဲ့အစည်းစနစ်များ ပေါ်ပေါက်လာခဲ့သည်။ ထိုစစ်တပ်အဖွဲ့များတွင် ကြည်းတပ်၊ ရေတပ်၊ လေတပ် စသည်တို့မှ အရာရှိများပါဝင်ကြသည်။[၃] နိုင်ငံရေးသိပ္ပံပညာရှင် ဆင်မြူရယ် ဖိုင်နာ (Samuel Finer) ၏လေ့လာချက်အရ လက်တင်အမေရိကနိုင်ငံများ၏ စစ်တပ်အဖွဲ့များတွင် ပျမ်းမျှ ၁၁ ယောက်အစား သုံးလေးယောက်မျှသာ ပါဝင်ခဲ့ကြသည်။

သာဓကနိုင်ငံများ ပြင်ဆင်ရန်

ကိုးကားချက်များ ပြင်ဆင်ရန်

  1. Junta, Encyclopædia Britannica (last updated 1998).
  2. "Institutions of the Offensive: Domestic Sources of Dispute Initiation in Authoritarian Regimes, 1950-1992" (2006). American Journal of Political Science 50 (1): 113–126. doi:10.1111/j.1540-5907.2006.00173.x. 
  3. ၃.၀ ၃.၁ Brooker, Non-Democratic Regimes (2d ed.), p. 153.
  4. ၄.၀ ၄.၁ Paul Brooker, Comparative Politics (ed. Daniele Caramani: Oxford University Press, 2014), pp. 101-102.
  5. Fiji holds historic election after years of military rule - DW - 17.09.2014။ Deutsche Welle။