စပါ့ခ်ပလပ်ဂ် (spark plug) ဆိုသည်မှာ အချို့သော အတွင်းတွင် ပေါက်ကွဲသော အင်ဂျင်များ ၏ ဆလင်ဒါခေါင်း အတွင်းတွင် ထည့်သွင်းထားသော လျှပ်စစ်ကိရိယာ တစ်မျိုးဖြစ်ပြီး ဖိနှိပ်ထားသော လောင်စာဆီများကို လောင်ကျွမ်းရန် အတွက် မီးပွင့်များကို ထုတ်ပေးလေ့ ရှိသည်။

အီလက်ထရုတ် တစ်ခုပါသော စပါ့ခ် ပလပ်ဂ်

စပါ့ခ်ပလပ်ဂ်တွင် အပူချိန် မကူးအောင် ပြုလုပ်ထားသော အလယ်ပိုင်း အီလက်ထရုတ် ရှိပြီး ၎င်းကို အပူချိန် မကူးအောင် အသေအချာပြုလုပ်ထားသော ဝါယာကြိုးဖြင့် အပြင်ဘက်ရှိ မီးပွင့်သည် ကွိုင် သို့မဟုတ် သံလိုက် ပတ်လမ်းဖြင့် ဆက်ထားသည်။

ဓာတ်ဆီသုံးသော အင်ဂျင်များတွင် ပလပ်ဂ် ကို အသုံးပြု၍ မီးလောင်ကျွမ်းခြင်းကို စတင်ရသော်လည်း ဒီဇယ် အင်ဂျင်များတွင် ပလပ်ဂ် မပါပေ။ ဒီဇယ် အင်ဂျင်များတွင် လေကို ဖိနှိပ်ထားပြီး ၎င်းအတွင်းသို့ အပူပေးထားသော ဆီများကို စီးဆင်းဝင်ရောက်စေခြင်းဖြင့် အလိုအလျောက် လောင်ကျွမ်းစေသည်။