စပွတ်နစ် ၁

ပထမဆုံး လူလုပ် ဂြိုလ်တု

စပွတ်နစ် ၁ (သို့) စပါ့နစ် ၁ (ရုရှား: Спутник-1; အင်္ဂလိပ်: Sputnik-1) "ဂြိုဟ်တု ၁", သို့မဟုတ် ПС-1 ["PS-1", i.e. ရုရှား: Простейший Спутник-1 "အခြေခံ ဂြိုဟ်တု ၁"])[၁] သည် ဆိုဗီယက်ယူနီယံ၏ ပထမဆုံးသော လူလုပ်ဂြိုဟ်တု ဖြစ်သည်။ ယင်းသည် ၁၉၅၇ အောက်တိုဘာ ၄ တွင် ကမ္ဘာပတ်လမ်းနိမ့်သို့ ပစ်လွှတ်ခဲ့ပြီး တစ်ကမ္ဘာလုံးမှမြင်နိုင်ကာ ယင်း၏ရေဒီယိုကြိမ်နှုန်းအား ခြေရာခံနိုင်သည်။ စပွတ်နစ်သည် အာကာသခေတ်အား ဆန်းသစ်စေခဲ့ပြီး စစ်အေးတိုက်ပွဲကာလအတွင်း ဆိုဗီယက်တို့သည် အမေရိကန်ထက် သာလွန်ကာ စစ်ဘက်ဆိုင်ရာ နည်းပညာတိုးတက်မှုအား ပြောင်းလဲစေခဲ့သည်။[၂][၃] ယင်းသည် တစ်ပတ်လှည့်ပတ်ရန် ၉၆.၂ မိနစ်ကြာပြီး ရေဒီယိုကြိမ်နှုန်းမှာ ၂၀.၀၀၅ မှ ၄၀.၀၀၂ MHz ကြားဖြစ်သည်။[၄] ယင်းအား တစ်ကမ္ဘာလုံးမှ ဝါရင့် ရေဒီယို အော်ပရေတာတို့က စောင့်ကြည့်ခဲ့ကြသည်။[၅] အချက်ပြမှုသည် ၁၉၅၇ အောက်တိုဘာ ၂၆ တွင် ဘက်ထရီကုန်သည်အထိ ဆက်လက်ထုတ်ပေးခဲ့သည်။[၆]စပွတ်နစ် ၁ သည် ၄၃.၅ မီလီယံမိုင်ခန့် ခရီးနှင်ခဲ့ကာ ပတ်လမ်းထဲ၌ ၃ လခန့် ကြာခဲ့သည်။ ထို့နောက် ၁၉၅၈ ဇန်နဝါရီ ၄ တွင် ကမ္ဘာ့လေထုထဲသို့ တိုးဝင်လောင်ကျွမ်းသွားခဲ့သည်။[၇]

Sputnik
စပွတ်နစ် ပုံစံတူ
မက်ရှင်အမျိုးအစားနည်းပညာ
အော်ပရေတာOKB-1
ဟဒ်ဗတ် ဦးတည်ချက်1957 Alpha 2
ဂြိုလ်တု ကတ်သလောက်နံပါတ်00002
မက်ရှင်ကြာမြင့်ချိန်၉၂ ရက်
ပတ်လမ်း ပြီးဆုံး၁၄၄၀
အာကာသယာဉ် ဂုဏ်သတ္တိများ
ထုတ်လုပ်သူOKB-1
Ministry of Radiotechnical Industry
ပစ်လွှတ် ထုထည်၈၃.၆၀ kg (၁၈၄.၃ lb)
မက်ရှင် စတင်ခြင်း
ပစ်လွှတ်နေ့၄ အောက်တိုဘာ ၁၉၅၇, ၁၉:၂၈:၃၄ (၄ အောက်တိုဘာ ၁၉၅၇, ၁၉:၂၈:၃၄) UTC
ဒုံးပျံSputnik 8K71PS
ပစ်လွှတ်နေရာBaikonur Site 1
မက်ရှင် ပြီးဆုံး
နောက်ဆုံး ဆက်သွယ်မှု၂၆ အောက်တိုဘာ ၁၉၅၇ (၂၆ အောက်တိုဘာ ၁၉၅၇)
ကြန့်ကြာရက်၄ ဇန်နဝါရီ ၁၉၅၈
ပတ်လမ်း ပါရာမီတာများ
ရည်ညွန်းစနစ်Geocentric
အုပ်စုကမ္ဘာပတ်လမ်းနိမ့်
ဆီမီးမေဂျာ ဝင်ရိုး၆,၉၅၅.၂ km (၄,၃၂၁.၈ mi)
ပတ်လမ်း စက်ဝိုင်းကျမှု0.05201
Perigee၂၁၅.၀ km (၁၃၃.၆ mi)
Apogee၉၃၉.၀ km (၅၈၃.၅ mi)
နိမ့်ဆင်းမှု65.100°
ကာလ၉၆.၂ မိနစ်
Epoch၁၉၅၆

ပြင်ပလင့်များ ပြင်ဆင်ရန်


ကိုးကား ပြင်ဆင်ရန်

  1. Siddiqi, p. 155.
  2. Walter A. McDougall[လင့်ခ်သေ] "Shooting the Moon," American Heritage, Winter 2010.
  3. Swenson, et al, p. 71.
  4. Jorden၊ William J.။ "Soviet Fires Earth Satellite Into Space"၊ New York: The New York Times Co.၊ 5 October 1957။ December 28, 2015 တွင် ပြန်စစ်ပြီး 
  5. Ralph H. Didlake, KK5PM (28 September 2007)။ Sputnik and Amateur Radio။ American Radio Relay League။ 11 October 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 March 2008 တွင် ပြန်စစ်ပြီး။
  6. Sputnik။ vibrationdata.com။ 8 March 2008 တွင် ပြန်စစ်ပြီး။
  7. Sputnik 1 – NSSDC ID: 1957-001BNSSDC Master CatalogNASA