စမုန်ဖြူ

အပင်မျိုးစိတ်တစ်ခု
Trachyspermum ammi
Flowers of Trachyspermum ammi
Flowers of Trachyspermum ammi
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Apiales
မျိုးရင်း: Apiaceae
မျိုးစု: Trachyspermum
မျိုးစိတ်:
T. ammi
ဒွိနာမ
Trachyspermum ammi
(L.) Sprague ex Turrill
Synonyms[၁][၂]
  • Ammi copticum L.
  • Carum copticum (L.) Link
  • Trachyspermum copticum Link
  • Sison ammi L.

ပုံသဏ္ဌာန် : အပင် တစ်နှစ်ခံ ပင်ပျော့ပင်ငယ်တစ်မျိုးဖြစ်၍ ၁ ပေမှ ၃ပေထိမြင့်၏ ။ ပင်စည် ထောင်မတ်သည်။ ကိုင်းဖြာသည်။ အနံ့ရှိ၏ ။ အရွက် ငှက်မွေး နှစ်ခါ သို့မဟုတ် သုံးခါရွက်ပေါင်း ဖြစ်၏ ။ အပွင့်: သေးငယ်၍ အဖြူရောင်ရှိပြီး ထီးကဲ့သို့ ပွင့်၏ ။ အသီး : အလွန်သေးငယ်၍ ဘဲဥပုံရှိသည်။ အမြှောင်းပါသည်။ အစေ့ အလွန်သေးငယ်သည်။

အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အစေ့။

မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : အပူပိုင်းဒေသတွင် သာမက အအေးပိုင်းဒေသတွင်ပါ ပေါက်ရောက်သည်။

ပေါက်ရောက်ပုံ : စိုက်ပင်ဖြစ်သည်။ စိုက်စနစ် ၊ ထိန်းသိမ်းပြုစုခြင်း ၊ ရိတ်သိမ်းဆွတ်ခူးခြင်း ၊ ပြုပြင်ထုတ်လုပ်ခြင်းတို့မှာ စမုန်စပါးအတိုင်း ဖြစ်၏ ။

အသုံးဝင်ပုံ : အာနိသင်။ ။ မြန်မာဆေးကျမ်းများ အလိုအရ စမုန်ဖြူသည် ခါး ၊ စပ်သော အရသာ ရှိ၏ ။ ပူသော ဂုဏ်သတ္တိရှိ၏ ၊ ထက်မြက်၍ ကြေလွယ်၏ ၊ ဝမ်းမီးကိုတောက်စေ၏ ၊ သည်းခြေကို ပွားစေ၏ ၊ လေ၊ သလိပ် ၊ ဒေါသ ကို နိုင်၏ ။

အသုံးပြုပုံ- အစေ့

  1. စမုန်ဖြူ ၊ ငရုတ်ကောင်း ၊ သိန္ဓောဆားတို့ကို ကြိတ်၍ ရေနွေးပူပူနှင့် သောက်သော် ဝမ်းဗိုက်နာ၊ ဝမ်းကိုက် ၊ ဝမ်းမီးနုံ့ခြင်းတို့ ပျောက်၏ ။
  2. စမုန်ဖြူကို မိခင်နို့ရည်နှင့် ရော၍ တိုက်သော် ကလေးများ အော့အန်ခြင်းနှင့် ဝမ်းသွားခြင်းပျောက်ကင်း၏ ။
  3. စမုန်ဖြူကို ရေနှင့် ပျစ်ပျစ်ကြိတ်၍ နေ့တွင် ၂ ကြိမ် ၃ ကြိမ် လိမ်းပေးလျှင် အရေပြားရောဂါ ၊ ယားယံခြင်း ၊ ပူလောင်ခြင်းများ ပျောက်ကင်း၏။
  4. စမုန်ဖြူမှုန့် အနည်းငယ်ကို ဒိန်ရည်နှင့် ရောသောက်သော် ဝမ်းတွင်းပိုးများ ကျဆင်းလာသည်။ [၃]

ကိုးကား ပြင်ဆင်ရန်

  1. "Trachyspermum ammi"Germplasm Resources Information Network (GRIN)၊ Agricultural Research Service (ARS), United States Department of Agriculture (USDA)11 December 2017 တွင် ပြန်စစ်ပြီး
  2. ITIS entry for Trachyspermum ammi
  3. http://arogyamonline.com/commodity/materials/?raw=97[လင့်ခ်သေ]