စုဘူး (အင်္ဂလိပ်/piggy bank,penny bank or money box) သည် သာမန်အားဖြင့် ကလေးများ အသုံးပြုသော ကြေးဒင်္ဂါးများ ထည့်ရသည့် ဘူးတစ်လုံး၏ ယေဘုယျ နာမည် ဖြစ်သည်။ ၂၀ ရာစု အစောပိုင်းတွင် ထင်ရှားသော ကုန်သည်ဘဏ်များနှင့် စာလျှင် ငွေသေဘဏ်တစ်ခု အဖြစ် စုဆောင်းသူများက သတ်မှတ်ထားသည်။ အဆိုပါ စုဘူးများကို ကုမ္ပဏီများက အရောင်းမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် မကြာခဏ အသုံးပြုသည်။ ဝက်ပုံသဏ္ဌာန် ရှိသော ဘူးကြောင့် ဝက်ရုပ်စုဘူးဟု အမည်ရလာပြီး၊ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းကုမ္ပဏီများသည် စုဆောင်းရသည့် အထိမ်းအမှတ်အဖြစ် ဝက်ရုပ်စုဘူးကို အသုံးပြုတတ်ကြသည်။

A piggy bank, c. 1970s.
Earthen pots used in Nepal as piggy banks

စုဘူးကို များသောအားဖြင့် ကြွေထည် မြေထည်တို့ဖြင့် ပြုလုပ်လေ့ ရှိသည်။[၁] ယေဘုယျအားဖြင့် ကလေးများကို ခြိုးခြံချွေတာ၍ စုတတ်ဆောင်းတတ်အောင် သင်ကြားပေးရာ၌ သုံးသော သင်ထောက်ကူ ပစ္စည်း တစ်ခုအဖြစ် အသုံးတော် ခံရပြီး၊ ဆေးခြယ်ထားလေ့ ရှိသည်၊ ငွေကို လွယ်ကူစွာ ထည့်နိုင်သည်။ ဝက်ရုပ်စုဘူးများတွင် အောက်ဘက်၌ ရာဘာ ပလပ်ခေါင်း တစ်ခု ရှိသည်၊ တဘက်တွင်မူ ဗီနိုင်းဖြင့် ပြုလုပ်ပြီး ဒင်္ဂါးများ ထည့်ရန်အတွက် ဖယ်ရှား၍ရသော အဆို့ တစ်ခု ရှိသည်။ အချို့စုဘူးများ ဆိုလျှင် စုဆောင်းမိထားသော ငွေပမာဏကို တွက်ချက်ပေးသည့် လျှပ်စစ်စနစ်ပင် ပါသည်။ [၂] အချို့ စုဘူးများသည် ဒင်္ဂါးပြား ထည့်ရန် အပေါက်မှ တပါး အခြား ပွင့်နေသော အပေါက် မပါရှိသဖြင့်၊ အထဲမှ ငွေကြေးကို ပြန်လည် ရယူလိုသောအခါ၌ နည်းလမ်းတမျိုးမျိုးကို သုံး၍ ဖြစ်စေ၊ သို့မဟုတ် တူဖြင့် ထုခွဲ၍ ဖြစ်စေ ပြန်လည် ထုတ်ယူကြရလေသည်။[၃][၄]

ဝေါဟာရဇစ်မြစ် ပြင်ဆင်ရန်

 
Majapahit terracotta piggy bank, 14th/15th century Trowulan, East Java. (Collection of National Museum of Indonesia, Jakarta)

Pygg သည် ငွေကြေးစုဆောင်းရန်အတွက် ဈေးပေါစွာ ထုတ်လုပ်လိုက်သော၊ အလယ်ခေတ်အတွင်း အသုံးပြုသည့် လိမ္မော်ရောင်ခြယ် ရွှံ့ရုပ် ဖြစ်ကာ၊ ဝက်ရုပ်အိုး၊ ဝက်ကရားဟု ခေါ်တွင်သည်။ [၅] အဆိုပါ Pygg သည် pig ၏ ဒေသိယစကားလုံး ဟုတ်မဟုတ်ကိုမူ အငြင်းပွားမှု ရှိသည်။[၆] ၁၈ ရာစုကစ၍ ဝက်ကရားသည် ဝက်ရုပ်စုဘူး ဖြစ်လာသည်။[၇] မြေထည်ဖြင့် ပြုလုပ်သည်မှ ဖန်၊ ပလာစတာနှင့် ပလတ်စတစ် စသော အခြား ပစ္စည်းများဖြင့် အစားထိုးလာကြကာ၊ မူလက အသုံးချလိုရင်း ရည်ရွယ်ချက်မှသည် ငွေကြေးစုဆောင်းရသော အိမ်တွင်းဘဏ် တစ်မျိုးအဖြစ် အထူး ရည်ညွှန်းလာကြသည်။

သက်တမ်းအရင့်ဆုံး အနောက်တိုင်း၏ ငွေစုသေတ္တာကို ဂရိကိုလိုနီ ပရီရင်း၊ အာရှမိုင်းနားတို့၌ ဘီစီ ၂ ရာစုမှ စတင် တွေ့ရှိကာ၊ ဂရိဘုရားကျောင်း ပုံစံငယ် ဖြစ်ပြီး၊ အရှေ့တွင် ကွဲကြောင်း တခု ပါရှိသည်။ ပုံစံမျိုးစုံဖြင့် ပြုလုပ်ထားသည့် ငွေစုသေတ္တာများကို ပွမ်ပေးနှင့် ဟာကျူလနယမ်တို့တွင် တူးဖော်တွေ့ရှိပြီး၊ ရှေးခေတ်နှောင်းပိုင်း ခရိုင်နေရာများ၊ အထူးသဖြင့် ရောမဗြိတိန် နှင့် ရိုင်းမြစ်ကမ်း တလျှောက်တို့တွင် မကြာခဏဆိုသလို တွေ့ရှိလာနေရသည်။[၈]

တရုတ်လို ဖူးမန်(扑满)၊ ဂျပန်လို ချော့ခင်းဘကို(貯金箱)ဟု ခေါ်သော စုဘူးသည် မြန်မာပြည်၌ မည်သည့် ထည့်စရာ ပစ္စည်းကို မဆို စုဘူးအဖြစ် သတ်မှတ်နိုင်သည်။

အသုံးပြုပုံ ပြင်ဆင်ရန်

စုဘူး၏ ယေဘုယျ အသုံးပြုခြင်းမှာ အကြွေများကို ထည့်စုရန် ဖြစ်သည်။ မော်ဒန်ကျသော စုဘူးများသည် ဝက်ရုပ်ပုံ ဖြစ်ရမည်ဟု ကန့်သတ်ခြင်း မရှိတော့ဘဲ၊ ပုံစံအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုး နှင့် ကာလာမျိုးစုံဖြင့် လာသည်။ အလှူငွေထည့်ရန်၊ အပေါက်ရာ ကျဉ်းကျဉ်းလေး ပါသော သော့ခတ်ထားသည့် အလှူခံသေတ္တာပုံးများကို ဘုရားကျောင်းများနှင့် ချာ့ချ်ကျောင်းများ၌ အများဆုံး အသုံးပြုသည်။ အလှူခံပုံး အောက်ဘက်ရှိ ပလပ်မှ တဆင့် သေတ္တာကို သတ်မှတ်ထားသော အချိန်အတောအတွင်းတွင် ဖွင့်လှစ်ပြီး၊ အလှူခံရငွေများကို ရေတွက်ကာ မှတ်တမ်းတင်သည်။

ကျော်ကြားသော စုဘူးများ ပြင်ဆင်ရန်

ဝါရှင်တန်ပြည်နယ်၊ ဆီးတဲမြို့ရှိ ပိုက်ပလေ့ဈေး၏ တရားမဝင် လာဘ်ကောင် ရေချယ်ဆိုသည်မှာ ပေါင် ၆၀၀ (၂၇၀ ကီလိုဂရမ်) လေးသော ကြေးရုပ် စုဘူးဖြစ်ပြီး၊ "အများပြည်သူဈေး"ဟူသော ဆိုင်းဘုတ်အောက်ရှိ ပိုက်ပလေ့ရင်ပြင်ထောင့်၌ ထားရှိသည်။ ရေချယ်ကို ဒေသခံ အနုပညာရှင် ဂျော်ဂျီယာ ဂါးဘာက ဒီဇိုင်းဆွဲထားခြင်း ဖြစ်သည်။

ဒစ္စနေကာတွန်းကား ဖြစ်သော toy story, toy story 2, toy story 3 တို့တွင် ဟမ်းဟု အမည်တွင်သည့် စုဘူးဇာတ်ကောင် ပါဝင်သည်။

The Price Is Right (U.S. ဂိမ်းရှိုး)တွင် ဒေါ်လာနှင့် ဆင့်များ ပါသော ဂိမ်း၏ နှစ်သိမ့်ဆုကို ကိုယ်စားပြုရန် ဝက်ရုပ်စုဘူး အမှတ်အသားကို သုံးထားသည်။

အခြား ပြင်ဆင်ရန်

လာဘ်ခေါ်ကြောင်

မှတ်စု ပြင်ဆင်ရန်


ကိုးကား ပြင်ဆင်ရန်

  1. Schroy၊ Ellen (2011)။ Warman's Americana & Collectibles။ Krause Publications။ p. 367။ ISBN 1440228221[လင့်ခ်သေ]
  2. DigiBank Piggy and Panda Banks Learn to Count။ Gizmodo။ 2008-11-09 တွင် ပြန်စစ်ပြီး။
  3. The Accidental Invention: The Origin Of Piggy Banks။ 2015-10-25 တွင် ပြန်စစ်ပြီး။
  4. Piggy Banks။ 2015-10-25 တွင် ပြန်စစ်ပြီး။
  5. The Accidental Invention: The Origin Of Piggy Banks။ 2015-10-25 တွင် ပြန်စစ်ပြီး။
  6. Piggy Banks။ 2015-10-25 တွင် ပြန်စစ်ပြီး။
  7. What's the origin of the piggy bank?။ The Straight Dope။ 2008-10-17 တွင် ပြန်စစ်ပြီး။
  8. Hurschmann, Rolf (Hamburg): "Money boxes", Hubert Cancik and Helmuth Schneider (ed.): New Pauly, Brill, 2009