စေ့ရွက်အထက်တံ (အက်ပီကော့တိုင်းလ်)တစ်ခုသည် အပင်ဘဝ၏ အစပထမအဆင့်များအတွက် အရေးပါလှသည်။ ၎င်းသည် အပင်လောင်း စေ့ရွက်များ၏ ရိုးတံအထက်ရှိ အပင်ပေါက်ပင်စည်အပိုင်း ဖြစ်သည်။ ၎င်းသည် အစေ့ရွက်မြေအောက်အပင်ပေါက်ခြင်းဖြင့်အလျင်အမြန် ကြီးထွားလာပြီး ပင်စည်ကိုလည်း မြေမျက်နှာပြင်အပေါ်သို့ ဆန့်ထုတ်လိုက်သည်။ စေ့ရွက်အထက်တံသည် အစေ့ရွက်မြေအောက်အပင်ပေါက်ခြင်းကာလအတွင်း ချိတ်ကလေးအနေနှင့်လည်း ရှိတတ်သည်။ စေ့ရွက်အထက်တံသည် ဆန့်ထွက်လာပြီး ကိုင်းသစ်ထိပ်ဖျားနှင့် ပရီမောဒိယသစ်ရွက် သို့မဟုတ် "ဦးဆုံးသစ်ရွက်စစ်များ" ဖြစ်လာသည်။ အစေ့ရွက်ကမူ မြေကြီးထဲတွင်ပင် ကျန်ခဲ့ပေမည်။

အပင်ဇီဝကမ္မဗေဒတွင် စေ့ရွက်အထက်တံသည် အစေ့ရွက်များအထက်ရှိ အပင်လောင်းပင်စည်သစ် ဖြစ်သည်။ အပင်အများစုတွင် စေ့ရွက်အထက်တံသည် အပင်၏သစ်ရွက်များအဖြစ် တဖြည်းဖြည်းဖွံ့ဖြိုးလာသည်။ စေ့ရွက်စုံပင်များတွင် စေ့ရွက်အောက်တံသည် အသုံးပြုပြီး နွမ်းသွားသော အစေ့ရွက်များအောက်ရှိ အောက်ခြေပင်စည် ဖြစ်လာမည့်အရာ ဖြစ်သည်။ ယင်း၏အပေါ်တွင် ရှိသည်မှာ စေ့ရွက်အထက်တံ ဖြစ်သည်။ စေ့ရွက်ထီးပင်များတွင် မြေကြီးထဲမှ သို့မဟုတ် အစေ့မှ ဦးစွာထွက်ပေါ်လာသော ပင်စည်သစ်သည် စေ့ရွက်အထက်တံ ဖြစ်သည်။ ထိုစေ့ရွက်အထက်တံမှနေ၍ ပထမဆုံးသော ပင်စည်ကိုင်းသစ်များနှင့် သစ်ရွက်များ ထွက်ရသည်။

စေ့ရွက်အထက်တံ ရှည်ထွက်လာခြင်းသည် ဖိုက်ကိုခရုမ်းအလင်းအာရုံခံကလာပ်စည်းများက ထိန်းချုပ်ထားခြင်း ဖြစ်တန်ရာသည်။

ဆက်စပ်အကြောင်းအရာ ပြင်ဆင်ရန်

External links ပြင်ဆင်ရန်

  • "epicotyl." A Dictionary of Biology. 2004. Encyclopedia.com. 3 Dec. 2015