စေ့ရွက်အောက်တံ (အင်္ဂလိပ်: Hypocotyl; "ဟိုက်ပိုကော့တလီဒိုးနပ်စ် ပင်စည်" ("hypocotyledonous stem") ၏ အတိုကောက်[၁] "အစေ့ရွက်၏အောက်"ဟု အဓိပ္ပာယ်ရ)သည် အညှောင့်ထွက်ကာစ အပင်ပေါက်ကလေး၏ ပင်စည်ဖြစ်ပြီး အစေ့ရွက်(ကော့တလီဒန်)များ၏ အောက်နှင့် အမြစ်လောင်း(အမြစ်)၏ အပေါ်တွင် တွေ့ရသည်။ 

seedcoat=အစေ့ခွံ၊ cotyledon=အစေ့ရွက်၊ hypocotyle=စေ့ရွက်အောက်တံ၊ radicle=အမြစ်လောင်း

စေ့ရွက်စုံပင်များ ပြင်ဆင်ရန်

အပင်လောင်းသည် အစို့ပေါက်ချိန်တွင် ကြီးထွားလာသည်နှင့်တစ်ပြိုင်နက် အမြစ်လောင်း(ရာဒီကယ်-radicle)ဟုခေါ်သော အစို့တစ်ခုကို ပေါက်လာစေသည်။ ၎င်းအပင်လောင်းသည် နောင်တွင် မူလမြစ် ဖြစ်လာပြီး မြေကြီးထဲသို့ ထိုးဖောက်ဝင်လေသည်။ အပင်လောင်းပေါ်ထွက်လာပြီးသည့်နောက်တွင် စေ့ရွက်အောက်တံလည်း ထွက်လာကာ ကြီးထွားလာနေသည့်ထိပ်ဖျား (အစေ့ရွက်လည်း ပါလေ့ရှိ) ကို မြေပြင်ပေါ်သို့ မတင်လိုက်လေသည်။ ထိုအချိန်တွင် အပင်လောင်းရွက်များ(အစေ့ရွက်ဟုခေါ်)နှင့် ပင်စည်လောင်းတို့ကိုလည်း ခံဆောင်ထားသည်။ စေ့ရွက်အောက်တံသည် အပင်ပေါက်ကလေးကို ဆန့်ထွက်စေသည့် မူလအင်္ဂါ ဖြစ်ပြီး ပင်စည်အဖြစ်သို့ ဖွံ့ဖြိုးလာသည်။

စေ့ရွက်ထီးပင်များ ပြင်ဆင်ရန်

ကောက်နှံများနှင့် မြက်များကဲ့သို့ စေ့ရွက်ထီးအစို့ပေါက်အစေ့များ၏ ရှေးဦးဖွံ့ဖြိုးမှုသည်ကား မတူညီသောအရာ ဖြစ်၏။  အညွန့်ဖုံးဟုခေါ်သော အရာတစ်ခုသည် အစေ့ရွက်၏ မရှိမဖြစ်လိုအပ်သော တစ်စိတ်တစ်ပိုင်း ဖြစ်လာပြီး ပင်စည်ငယ်နှင့် အညွန့်လောင်းတို့ ကြီးထွားပြီး မြေပေါ်ထွက်လာသည်နှင့်အမျှ အကာအကွယ်ပေးရတော့သည်။  မီဆိုကော့တိုင်းလ်—အစေ့(အတွင်းတွင် နစ်မြုပ်ကျန်နေ)နှင့် အညွန့်လောင်းတို့ကြားရှိ အပင်ပေါက်ကလေး၏ အစိတ်အပိုင်း—လေပေါ်ပိုင်းပင်စည်ကို မြေမျက်နှာပြင်အထက်သို့ ဆန့်ထုတ်လိုက်သည်။ မြေမျက်နှာပြင်၌ အညွန့်လောင်း၏အောက်ဘက် ကပ်လျက်နေရာမှ ဆင့်ပွားမြစ်များ ဖွံ့ဖြိုးလာသည်။ ၎င်းနောက်တွင် အမြစ်လောင်းမှ မူလမြစ်သည် ဆက်လက်မဖွံ့ဖြိုးနိုင်တော့ချေ။ မီဆိုကော့တိုင်းလ်ကို စေ့ရွက်အောက်တံတစ်ပိုင်း၊ အစေ့ရွက်တစ်ပိုင်း ဖြစ်နေသည်ဟု ယူဆနိုင်သည်။(အစေ့ ကို ကြည့်ပါ။)

စေ့ရွက်ထီးပင်တိုင်းသည် မြက်များကဲ့သို့ မဖွံ့ဖြိုးကြချေ။  ကြက်သွန်နီသည် အထက်တွင် ဖော်ပြခဲ့သည့် ပထမဖြစ်စဉ်အတိုင်း ဖွံ့ဖြိုးသည်။ အစေ့ရွက်ထိုးတက်လာသည်နှင့်အမျှ အစေ့ခွံနှင့် အစေ့တွင်းစာ(သိုလှောင်ထားသောအစာ)တို့သည်လည်း အထက်သို့ တက်လာသည်။. ထို့နောက် အမြစ်လောင်းနှင့် အခွံပုံစံအစေ့ရွက်ကြားရှိ အဆစ်မှ ပထမဆုံးအရွက်စစ်များသည် အစေ့ရွက်ကို ထိုးဖောက်ကျော်ဖြတ်လျက် ကြီးထွားလာသည်။ 

သိုလှောင်အင်္ဂါ ပြင်ဆင်ရန်

အချို့အပင်များတွင် စေ့ရွက်အောက်တံသည် သိုလှောင်အင်္ဂါအဖြစ် ကြီးထွားလာတတ်သည်။

အောက်ပါတို့ကိုလည်းရှု ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်