ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခြင်း

ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခြင်း ပြင်ဆင်ရန်

(၁) အကြောင်းခံ သာသနာထွန်းကားရာ မြန်မာနိုင်ငံသည် တစ်ပါးသော ဘာသာဝင်တို့၏ သူ့ကျွန်ဘဝရောက်ခဲ့ပြီး နှစ်(၁၀ဝ)ခန့် သာသနာညှိုးနွမ်းမှုအပေါ် အကြောင်း ခံပြီးသာသနာနှစ် (၂၄၉၈) နှစ်တွင် သင်္ဂါယနာတင်ခဲ့ရသည်။

(၂) သာသနာနှစ် (၂၄၉၈) နှစ်

(၃) နေရာ မြန်မာနိုင်ငံ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ

(၄) ခေါင်းဆောင် ညောင်ရမ်းဆရာတော်အရှင်ရေဝတ၊ မဟာစည်ဆရာတော်အရှင်သောဘဏ၊ မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာ ဘိဝံသ

(၅) သံဃာဦးရေ ရိုးရိုးရဟန်းပေါင်း (၂၅၀ဝ)

(၆) မင်း ဖဆပလဦးနု အစိုးရ

ဗုဒ္ဓသာသနာထွန်းကားဆုံးဖြစ်သော မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝ နှစ် (၁၀ဝ)ခန့် ကြာမြင့်ခဲ့ပြီး သာသနာတော် လွန်စွာညှိုးနွမ်းလာခဲ့သည်။ သူ့ကျွန်ဘဝမှ လွတ်မြောက်လာသည်နှင့် သာသနာနှစ် (၂၄၉၈) နှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတွင် ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ရသည်။

- ညောင်ရမ်းဆရာတော်၊ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်များ ဦးဆောင်သော ရဟန်း (၂၅၀ဝ) တွင် ထေရဝါဒနိုင်ငံများဖြစ်သော မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ နိုင်ငံ (၅) နိုင်ငံမှ ရဟန်းများ ပါဝင်သော သံဃာထု၊

- ဖဆပလ ဦးနုအစိုးရဦးဆောင်သော မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသောထု (၃) ထု ပူးပေါင်းဆောင်ရွက်ပြီး ယခင် ပိဋကတ်တော် များကို ကျောက်ပြားပေါ်မှာ ဖတ်နေရာမှ အလွယ်တကူ ဖတ်မှတ်လေ့လာနိုင်ရန် ပိဋကတ်တော်များကို စာအုပ်များပေါ်တွင် ကူးပြောင်းရိုက်နှိပ်ပြီး ဆဋ္ဌမ အကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသည်။

- ယခုအချိန်တွင် ဗုဒ္ဓသာသနာတော်ပိဋကတ် (၃) ပုံစလုံးသည် စာအုပ်များပေါ်တွင် ရောက်ရှိလာပြီဖြစ်သဖြင့် မည်သည့်ပုဂ္ဂိုလ်မဆို နေရာမရွေး အချိန်မရွေး အလွယ်တကူဖတ်မှတ် လေ့လာနိုင်လာပြီး သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေးအတွက်လည်း အထူးအရေးပါလှပေသည်။

ယနေ့ခေတ်သာသနာအခြေအနေ ပြင်ဆင်ရန်

- သာသနာနှစ်(၂၃၅)နှစ် တတိယသင်္ဂါယနာတင်စဉ်က ကမ္ဘာ့အင်ပါယာ၏ (၅) ပုံ (၄)ပုံသည် ဗုဒ္ဓသာသနာ လွှမ်းမိုးခဲ့ရာမှ ယနေ့ခေတ်တွင်ထေရဝါဒ ဗုဒ္ဓသာသနာ သည် (၅)နိုင်ငံသာကျန်ပေတော့သည်။

- ကမ္ဘာ့လူဦးရေဖြင့်နှိုင်းယှဉ်လျှင် သန်းပေါင်း (၆၁၀ဝ) ခန့် ရှိသောကမ္ဘာတွင် သန်းပေါင်း (၁၂၀၀)ခန့်သာ ရှိနိုင်ကြောင်း ခန့်မှန်းကြသည်။

- မြန်မာနိုင်ငံသည် ထေရဝါဒသာသနာ အထွန်းကားဆုံးသော နိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံး၏ (၈၀) ရာခိုင် နှုန်းခန့်ရှိသည်ဟု ခန့်မှန်းခဲ့သော်လည်း ထေရဝါဒ ဗုဒ္ဓသာသနာအကြောင်းနားလည်သူနည်းပါလှ ပေသည်။ သို့အတွက်ကြောင့် ယခုအချိန်တွင် သံဃာထုနှင့် မင်းထုအပိုင်းမှ ရေရှည်စီမံကိန်းများ ချမှတ်ပြီး အထူးကြိုးစားဆောင်ရွက်နေကြပြီ ဖြစ်သော်လည်း ပြည်သူ လူထု အပိုင်းမှ ကြိုးစားဆောင်ရွက်မှု လွန်စွာအားနည်းနေပေသည်။

ကျေးဇူးသိမှကျေးဇူးဆပ် ပြင်ဆင်ရန်

သတ္တဝါတိုင်းမှာ ကျေးဇူးရှင်များရှိကြပေရာ ကျေးဇူးရှင်များအပေါ် ကျေးဇူးတင်စေသည့်အကြောင်းများကို မသိ၍သာ ကျေးဇူးကိုပြန်လည် မပေးဆပ် ကြသေးဘဲ လွှင့်မျော၊ မေ့လျော့နေခဲ့ကြသည်။

- ကျေးဇူးရှင်များ၏ ကျေးဇူး (ဂုဏ်တော်) ကို မှန်ကန်စွာ သိမြင်လာသည်နှင့် ကျေးဇူးအား ပြန်လည် မပေးဆပ်ဘဲ မနေနိုင်ကြတော့ပေ။

(၁) ဘုရားရှင်၏ ဘုရားအလောင်း ဘဝမှ ကျေးဇူးတော်

(၂) ဘုရား ဖြစ်ပြီးနောက် သာသနာထူထောင်ပြီး သာသနာပြုပေးခဲ့သော ကျေးဇူတော်

(၃) ဘုရားရှင်၏ သာဝကကြီးများဖြစ်သော ခေတ်အဆက်ဆက် သာသနာပြုလာခဲ့သော သံဃာတော်အရှင် သူမြတ်များ ပါဝင်သော သံဃာထု၏ ကျေးဇူးတော်

(၄) ခေတ်အဆက်ဆက်သာသနာ့အကျိုးပံ့ပိုးပေးခဲ့သော အာဏာပိုင် မင်းထု ၏ ကျေးဇူးတော်

(၅) သာသနာ့အကျိုးဆောင်ရွက်ပေးခဲ့ကြသော သာသနာဝင်များ ပြည်သူလူထု ၏ကျေးဇူးတော်

သမိုင်းတလျှောက် ကျေးဇူးပြုခဲ့ကြသော ကျေးဇူးရှင်အားလုံးတို့၏ အသက်သွေးပေါင်းမြောက်မြားစွာ ဘဝပေါင်း မြောက်မြားစွာဖြင့် ထူထောင်လာခဲ့ ထိန်းသိမ်း စောင့်ရှောက်လာခဲ့သော တန်ဖိုးဖြတ်၍ မရနိုင်သော ဗုဒ္ဓသာသနာတော်ကိုမျိုးဆက်သစ် ယနေ့ခေတ် ဗုဒ္ဓသာသနာဝင်အပေါင်းတို့ကလည်း ဆက်လက်ပြီးထိန်းသိမ်း စောင့်ရှောက် ကျေးဇူးဆပ်ရန်လိုအပ်လှပေသည်။