ဆလိုင်းလျန်လွယ် (အင်္ဂလိပ်: Salai Lian Luai) သည် ဥပဒေပညာရှင်အဖြစ်မှ နိုင်ငံရေးသမားဖြစ်လာသူ ဖြစ်ပြီး ချင်းပြည်နယ်၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူသည် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိခဲ့သည်။

ဆလိုင်းလျန်လွယ်
Salai Lian Luai
ချင်းပြည်နယ် ဝန်ကြီးချုပ်
တာဝန်သက်တမ်း
မတ် ၃၀၊ ၂၀၁၆ (၂၀၁၆-၀၃-၃၀) – ၁ ဖေဖော်ဝါရီ ၂၀၂၁
ခန့်အပ်သူမြန်မာနိုင်ငံ၏ သမ္မတ
သမ္မတဦးထင်ကျော်
ယခင်လူဟုန်းငိုင်
ဆက်ခံသူဦးတဲရင့်စ်စမွိုင်းနီခွဲ
(ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အဖြစ်)
ကိုယ်ရေး အချက်အလက်များ
မွေးဖွားAiribual village
ဖလမ်းမြို့နယ်
ချင်းပြည်နယ်
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
သားသမီးလေးဦး
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
အစိုးရအဖွဲ့ချင်းပြည်နယ် အစိုးရအဖွဲ့

သူသည် ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့ရှိ အစိုးရရုံးများတွင် ဥပဒေပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အစိုးရဝန်ထမ်းအဖြစ် နောက်ဆုံးလုပ်ကိုင်ခဲ့သည်မှာ တမူးခရိုင် ဥပဒေအရာရှိ အဖြစ် လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။[၁]

နိုင်ငံရေး လုပ်ကိုင်ခြင်း ပြင်ဆင်ရန်

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ဖလမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီဝင်အသစ်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။

ပုဂ္ဂိုလ်ရေးရာ ပြင်ဆင်ရန်

ဆလိုင်လျန်လွယ်သည် ချင်းလူမျိုးတစ်ဦး ဖြစ်ပြီး ခရစ်ယာန်ဘာသာဝင် ဖြစ်သည်။[၂]

ကိုးကား ပြင်ဆင်ရန်