ဆူပါ ဧရာမကြယ် (Supergiant) ဆိုသည်မှာ ပကတိ အတောက်ပဆုံးကြယ်များတွင် ပါဝင်သည်။ ဆူပါ ဧရာမကြယ်တို့၏ အပူချိန်သည် ၃,၄၀၀ မှ ၂၀,၀၀၀ ကယ်လဗင် အထက်တွင် ရှိကြသည်။ ယင်းကြယ်တို့၏ ဒြပ်ထုသည် နေဒြပ်ထု (M)ထက် ၈ မှ ၁၂ ဆ ပိုမိုကြီးကြပြီး နေ၏တောက်ပမှု (L)ထက် အဆပေါင်း ၁,၀၀၀ မှ မီလီယံချီ၍ ပိုမို တောက်ပကြသည်။ ဆူပါ ဧရာမကြယ်များသည် ပင်မ အစီအစဉ် အတွင်းရှိကြယ်များကဲ့သို့ သက်တမ်းကြာရှည်မခံဘဲ မြန်ဆန်စွာ ကုန်သွားလေ့ရှိသည်။ သာမန်အားဖြင့် နှစ်သန်းပေါင်း ၃၀ မှ ရာဂဏန်းအနည်းငယ်သာ ရှင်သန်ကြလေ့ရှိသည်။[၁] ယင်းကြယ်များ သက်တမ်းကုန်ဆုံးချိန်တွင် ဆူပါနိုဗာ ပေါက်ကွဲမှုဖြင့် အဆုံးသတ်လေ့ရှိသည်။


ကိုးကား ပြင်ဆင်ရန်

  1. Richmond၊ Michael။ Stellar evolution on the main sequence။ 2006-08-24 တွင် ပြန်စစ်ပြီး။