ဆူလူပင်လယ်သည် ပစိဖိတ်သမုဒ္ဒရာ၏ မြောက်ဘက်ခြမ်း၊ ဖိလစ်ပိုင်နိုင်ငံ၏ အနောက်တောင်ဘက်တွင် ရှိသည်။ ပလဝမ်ကျွန်းစုက အနောက်မြောက်ဘက်မှနေကာ ဆူလူပင်လယ်ကို တောင်တရုတ်ပင်လယ်နှင့် ခွဲထားသည်။[၁] အရှေ့တောင်ဘက်၌ ဆူလူကျွန်းစုက ဆယ်လဘိပင်လယ်နှင့်ပိုင်းခြားရန် တာဝန်ယူသည်။[၂] အနောက်တောင်ဘက်၌ ဘော်နီရိုကျွန်းရှိပြီး အရှေ့မြောက်ဘက်၌ ဝိစာရကျွန်းစုရှိသည်။ ပလဝမ်ကျွန်းစု၊ ဆူလူကျွန်းစုတို့မှာ ဖိလစ်ပိုင်မြေများဖြစ်ပြီး ဘော်နီရိုကျွန်းကြီးမှာ အင်ဒိုနီးရှားပိုင်ဖြစ်သည်။

ဆူလူပင်လယ်
ဆူလူပင်လယ် သည် Mindanao တွင် တည်ရှိသည်
ဆူလူပင်လယ်
ဆူလူပင်လယ်
ဖိလစ်ပိုင်နိုင်ငံတွင်း တည်နေရာ၊ အနောက်တောင်ဘက်တွင် ဘော်နီယိုကျွန်းတည်ရှိသည်
ဆူလူပင်လယ် သည် ဖိလစ်ပိုင်နိုင်ငံ တွင် တည်ရှိသည်
ဆူလူပင်လယ်
ဆူလူပင်လယ်
ဆူလူပင်လယ် (ဖိလစ်ပိုင်နိုင်ငံ)
ဆူလူပင်လယ် သည် အရှေ့တောင်အာရှ တွင် တည်ရှိသည်
ဆူလူပင်လယ်
ဆူလူပင်လယ်
ဆူလူပင်လယ် (အရှေ့တောင်အာရှ)
ကိုဩဒိနိတ်8°N 120°E / 8°N 120°E / 8; 120ကိုဩဒိနိတ်: 8°N 120°E / 8°N 120°E / 8; 120
အမျိုးအစားပင်လယ်
ဝေါဟာရသမိုင်းဆူလူ
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများမလေးရှား နှင့် ဖိလစ်ပိုင်နိုင်ငံ
မျက်နှာပြင် ဧရိယာ၂၆၀,၀၀၀ စတုရန်း ကီလိုမီတာ (၁၀၀,၀၀၀ စတုရန်းမိုင်)
အနီးရှိမြို့များ

ဆူလူပင်လယ်၌ ကျွန်းငယ်များစွာရှိပြီး ကျူရိုးကျွန်းငယ်များနှင့်[၃][၄] ကာဂယံကျွန်းငယ်များမှာ ပလဝမ်ပြည်နယ်လက်အောက်ခံဖြစ်သည်။ မပန်နှင့်[၅] လိပ်ကျွန်းစုမှာမူ တာဝီတာဝီပြည်နယ်ဝင် ဖြစ်သည်။[၆] ဆူလူပင်လယ်ရှိ တဘ္ဘတဟကျောက်တန်း အမျိုးသားရေအောက်ဥယျာဉ်မှာ ကမ္ဘာ့အမွေအနှစ်ဝင်နယ်မြေဖြစ်လေသည်။[၇]

ဂိုင်မရကျွန်းစုနှင့် ပနေကျွန်းစုကြားရှိ အီလွိုင်လိုရေလက်ကြားမင်းဒနောင်ကျွန်းနှင့် ဘစိလန်ကျွန်းတို့အကြားရှိ ဘစိလန်ရေလက်ကြားတို့ ရှိသည်။ ဝိစာရံပင်လယ်နှင့် ပနေပင်လယ်ကွေ့ကို ဝိစာရကျွန်းစုအနောက်ဘက်ရှိ ဂိုင်မရရေလက်ကြားက ဆက်ပေးသည်။ ပနေပင်လယ်ကွေ့သည် ဆူလူပင်လယ်၏အနားသတ်ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. Coron Bay, Philippines : UnderwaterAsia.info။ 5 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 April 2018 တွင် ပြန်စစ်ပြီး။
  2. Sulu Sea, Philippines : UnderwaterAsia.info။ 1 June 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 April 2018 တွင် ပြန်စစ်ပြီး။
  3. Traveler's Companion Philippines 1998 p.214 Kirsten Ellis, Globe Pequot Press Globe Pequot, 1998
  4. "Jewel of Sulu Sea - The Manila Times Online"၊ www.manilatimes.net။ 3 June 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 14 July 2018။ 
  5. Mapun - island, Philippines။ 16 June 2020 တွင် ပြန်စစ်ပြီး။
  6. Tawi Tawi - island, Philippines။ 16 June 2020 တွင် ပြန်စစ်ပြီး။
  7. C.Michael Hogan. 2011. Sulu Sea. Encyclopedia of Earth. Eds. P.Saundry & C.J.Cleveland. Washington DC

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်

  Wikimedia Commons ရှိ Sulu Sea နှင့်ပတ်သက်သော မီဒီယာများ