၁၉၇၉ : ဇန်နဝါရီ • ဖေဖော်ဝါရီ • မတ် • ဧပြီ • မေ • ဇွန် • ဇူလိုင် • ဩဂုတ် • စက်တင်ဘာ • အောက်တိုဘာ • နိုဝင်ဘာ • ဒီဇင်ဘာ

(၁) ရက် ပြင်ဆင်ရန်

ကလေးများနှစ်အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့ရှိ အမှတ် (၄) မူကြိုကျောင်းတွင် ကျင်းပရာ မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာကလေးများနှစ်ကျင်းပရေးအမျိုးသားကော်မရှင်ဥက္ကဋ္ဌ ဝန်ကြီး ဦးမန်းစံမြတ်ရွှေက ဖွင့်လှစ်ပေးသည်။

အမေရိကန်သည် တိုင်းဝမ်အစိုးရကို တရုတ်ပြည်အစိုးရအဖြစ် နှစ်ပေါင်း ၃၀ ကြာ အသိအမှတ်ပြုခဲ့ရာမှ ပြည်သူ့တရုတ်ပြည်အစိုးရကို ပြောင်းလဲအသိအမှတ်ပြုလိုက်သည်။


(၂) ရက် ပြင်ဆင်ရန်

ရန်ကုန်တိုင်း မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးပြပွဲပြိုင်ပွဲကို ဦးဝိစာရလမ်း အင်ဗွိုင်းခန်းမတွင် ပြုလုပ်သည်။


(၃) ရက် ပြင်ဆင်ရန်

တရုတ်ကွန်မြူနစ်ပါတီဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ် ဟွကိုဖုန်းသည် ဗင်္ဂလားဒေ့ရှချစ်ကြည်ရေးအဖွဲ့အား ပီကင်းမြို့၌ တွေ့ဆုံသည်။

အမေရိကန်အာကာသသိပ္ပံဘုတ်အဖွဲ့သည် လာမည့်ဆယ်စုနှစ်တွင် သောကြာဂြိုဟ်နှင့် လကမ္ဘာသို့ အာကာသယာဉ်များပူးပေါင်းလွှတ်တင်ရန် ဆိုဗီယက်ပြည်ထောင်စုသို့ ကမ်းလှမ်းသည်။

(၄) ရက် ပြင်ဆင်ရန်

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ကောင်စီသည် အခြေခံဥပဒေ ပုဒ်မ ၇၃၊ ပုဒ်မခွဲ (ဎ) တွင်အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များအရ အမိန့်ကြော်ငြာစာအမှတ် ၁/၇၉ အရ ဆရာတော်ကြီး ၃ ပါးအား အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ကိုလည်းကောင်း၊ ဆရာတော်ကြီး ၇ ပါးအား အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကိုလည်းကောင်း ဆက်ကပ်လှူဒါန်းသည်။

အီရန်နိုင်ငံဝန်ကြီးချုပ်သစ်အဖြစ် ဘက်ခ်တီးယားအား ခန့်အပ်လိုက်သည်။

(၅) ရက် ပြင်ဆင်ရန်


(၆) ရက် ပြင်ဆင်ရန်

အရှေ့တောင်အာရှ ငြိမ်းချမ်းရေးရှိအောင် ကြိုးပမ်းမည်ဟု ဗီယင်ကျန်းမြို့တော်၌ ထိုင်းဝန်ကြီးချုပ်နှင့် လောဝန်ကြီးချုပ်တို့ လက်မှတ်ရေးထိုးထုတ်ပြန်သည်။

(၇) ရက် ပြင်ဆင်ရန်

အမေရိကန်၏စစ်အခြေခံစခန်းထားရှိရေးစာချုပ်ကို ဖိလစ်ပိုင်နိုင်ငံနှင့်အမေရိကန်တို့ သဘောတူလက်မှတ်ရေးထိုးသည်။ ကမ်ပူးချားနိုင်ငံ၏မြို့တော် ဖနွမ်းပင်ကို ဗီယက်နမ်လိုလားသည့်အုပ်စုမှ သိမ်းပိုက်လိုက်သည်။

(၈) ရက် ပြင်ဆင်ရန်

အာရှပစိဖိတ်စစ်ဆင်ရေးလုံခြုံမှုအတွက် တရုတ်နှင့်ညှိနှိုင်းရန် အမေရိကန်လွှတ်တော်အမတ် ၄ ဦးသည် ပီကင်းမြို့သို့ ရောက်ရှိသည်။

ဖနွမ်းပင်မြို့ကို သိမ်းပိုက်လိုက်သူများက ပြည်သူ့တော်လှန်ရေးကောင်စီတရပ်ကို ဖွဲ့စည်းလိုက်သည်။

(၉) ရက် ပြင်ဆင်ရန်

အင်ဒိုချိုင်းနားအရေးအခင်းကို အမြန်ဆုံးစဉ်းစားရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌက ထုတ်ဖော်ကြေညာသည်။

(၁၀) ရက် ပြင်ဆင်ရန်

တရုတ်နှင့်ကမ္ဘောဒီးယား နှစ်နိုင်ငံလေကြောင်းပျံသန်းမှုကို ရပ်ဆိုင်းလိုက်သည်။

(၁၁) ရက် ပြင်ဆင်ရန်

ကမ်ပူးချားနိုင်ငံကို ပြည်သူ့သမ္မတနိုင်ငံအဖြစ်သို့ ပြောင်းလိုက်ကြောင်း အစိုးရသစ်က ကြေညာသည်။

လက်နက်ကန့်သတ်ရေးဆွေးနွေးပွဲ (၂) ပြန်လည်ကျင်းပသည်။

(၁၂) ရက် ပြင်ဆင်ရန်

ကမ်ပူးချားပြဿနာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အပြင်းအထန်ဆွေးနွေးသည်။

(၁၃) ရက် ပြင်ဆင်ရန်

အိန္ဒိယနယ်ခြားဒေသတွင် စစ်တပ်အင်အားတိုးမြှင့်မည်ဟု အိန္ဒိယကာကွယ်ရေးဝန်ကြီး ဂျက်ရှီဘရက်က ပြောကြားသည်။

(၁၄) ရက် ပြင်ဆင်ရန်

ကုလသမဂ္ဂအဖွဲ့တွင် ကမ်ပူးချားပြဿနာကို ဆွေးနွေးနေသည်ကို ကမ်ပူးချားအစိုးရသစ်က ကန့်ကွက်လိုက်သည်။

(၁၅) ရက် ပြင်ဆင်ရန်

ကမ်ပူးချားပြည်တွင်း၌ တိုက်ပွဲများ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။

အဇ္ဇရီရယ်အစိုးရ၏မူဝါဒကို မနှစ်မြို့ခြင်းကြောင့် အဇ္ဇရီရယ်ဝန်ကြီး ၂ ဦး ရာထူးမှနုတ်ထွက်သည်။

(၁၆) ရက် ပြင်ဆင်ရန်

အီရန် ရှားဘုရင်နှင့်မိဖုရားတို့ အီရန်နိုင်ငံမှ ထွက်ခွာသည်။

လက်ဗနွန်တောင်ပိုင်း ဒုက္ခသည်စခန်းကို အဇ္ဇရီရယ်စစ်တပ်က ဝင်ရောက်တိုက်ခိုက်သည်။

(၁၇) ရက် ပြင်ဆင်ရန်

အဇ္ဇရီရယ်ဝန်ကြီးချုပ်နှင့် အမေရိကန်အထူးသံတမန် အယ်ဖရက်အက်သာတန်တို့ အရှေ့အလယ်ပိုင်းကိစ္စများကို ဆွေးနွေးကြသည်။

(၁၈) ရက် ပြင်ဆင်ရန်

နိုင်ငံတော်သမ္မတကြီး ဦးနေဝင်းသည် မရမ်းကုန်းမြို့နယ်တွင်းရှိ ကုန်ထုတ်သမဝါယမအသင်း ၄ သင်း၏ ကုန်ထုတ်လုပ်ငန်းများကို စစ်ဆေးကြည့်ရှုပြီး လမ်းညွှန်ဆွေးနွေးမှုများပြုလုပ်သည်။

(၁၉) ရက် ပြင်ဆင်ရန်


(၂၀) ရက် ပြင်ဆင်ရန်

ကမ်ပူးချားအစိုးရသစ်က မင်းသားကြီး သီဟာနုကို သမ္မတရာထူးကမ်းလှမ်းရာ လက်မခံဟု ပြန်ကြားသည်။

(၂၁) ရက် ပြင်ဆင်ရန်

ဓမ္မာစရိယနှင့်ပါဠိပထမပြန်မဟာဘွဲ့နှင်းသဘင်အခမ်းအနားများကို မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီး ၄၅ တာအတွင်းရှိ ရတနာဗိမာန်အဆောက်အအုံ၌ ကျင်းပသည်။

ခမာနီတပ်များသည် ဆက်လက်တိုက်ပွဲဝင်ဆဲဟု ဒုတိယဝန်ကြီးချုပ် အီယန်ဆရီက ပီကင်းမြို့တွင် ပြောကြားသည်။

(၂၂) ရက် ပြင်ဆင်ရန်

အင်ဒိုနီးရှားနိုင်ငံ ပြည်သူ့လွှတ်တော်၏ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစံသာအောင်ဦးဆောင်သော အဖွဲ့ဝင် ၈ ဦးပါဝင်သည့်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာသည်။

(၂၃) ရက် ပြင်ဆင်ရန်


(၂၄) ရက် ပြင်ဆင်ရန်

လက်နက်ဖျက်သိမ်းရေးဂျီနီဗာညီလာခံကျင်းပသည်။

အီဂျစ်-အဇ္ဇရီရယ်အရေးတွင် အမေရိကန်က ကြားဝင်ညှိနှိုင်းရန် အမေရိကန်အထူးသံတမန် အက်သာတန်သည် ဂျရူးဆလမ်းမြို့မှ အီဂျစ်သို့ ထွက်ခွာသွားသည်။

(၂၅) ရက် ပြင်ဆင်ရန်

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ လေကြောင်းစာချုပ်ပြင်ဆင်ချက်ကို လေကြောင်းပို့ဆောင်ရေးကော်ပိုရေးရှင်းခန်းမတွင် နှစ်နိုင်ငံကိုယ်စားလှယ်တို့ လက်မှတ်ရေးထိုးကြသည်။

(၂၆) ရက် ပြင်ဆင်ရန်


(၂၇) ရက် ပြင်ဆင်ရန်


(၂၈) ရက် ပြင်ဆင်ရန်

ခမာနီတပ်များသည် ဗီယက်နမ်များစိုးမိုးထားသည့်ဒေသများကို ဆက်လက်တိုက်ခိုက်နေသည်ဟု ခမာနီအသံလွှင့်ဌာနက ကြေညာသည်။

တရုတ်ဒုတိယဝန်ကြီးချုပ် တိန့်ရှောင်ဖိန်နှင့် အမေရိကန်သမ္မတ ကာတာတို့သည် ဝါရှင်တန်တွင် တွေ့ဆုံဆွေးနွေးကြသည်။

(၂၉) ရက် ပြင်ဆင်ရန်

ကမ်ပူးချားအစိုးရသစ်ကို ထိုင်းနိုင်ငံက အသိအမှတ်မပြုဟု ထိုင်းအစိုးရက ကြေညာသည်။

(၃၀) ရက် ပြင်ဆင်ရန်

နိုင်ငံတော်သမ္မတကြီး ဦးနေဝင်းသည် အင်းလျားကန်ဟိုတယ်၌ ခင်းကျင်းပြသထားသော (၁၆) ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲ၏ ပဏာမကြိုတင်ခင်းကျင်းပြသမှုကို ကြည့်ရှုသည်။

(၃၁) ရက် ပြင်ဆင်ရန်


ကိုးကား ပြင်ဆင်ရန်