ဇီဝရုပ်ကြွင်းလောင်စာ

သက်ရှိများ၏ရုပ်ကြွင်းများကို အသုံးပြုသည့် သဘာ၀လောင်စာတစ်မျိုး

ဇီဝရုပ်ကြွင်းလောင်စာများ သည် သက်ရှိများ သေကြေပျက်စီးပြီး သဘာဝအလျောက် ဖြစ်ပေါ်လာသော လောင်စာပင် ဖြစ်သည်။[၁] သက်ရှိနှင့် ယင်းတို့၏ရုပ်ကြွင်းများသည် ယေဘုယျအားဖြင့် နှစ်သိန်းပေါင်းများစွာ ကြာမြင့်ကာ တခါတရံ၌ နှစ်သိန်းပေါင်း ၆၅၀ ကျော်လွန်သည်။[၂] ရုပ်ကြွင်း လောင်စာများတွင် သဘာဝဓာတ်ငွေ့ကျောက်မီးသွေး၊ ဓာတ်ဆီစသော ကာဗွန် ရာခိုင်နှုန်းများစွာ ပါဝင်သည်။[၃] အများအားဖြင့် အခြားပါဝင်ပစ္စည်းများမှာ ရေနံဆီနှင့် ပရိုပိန်းတို့ဖြစ်သည်။ ရုပ်ကြွင်းလောင်စာများ ဖြစ်တည်လာခြင်းသည် အပင်များသေဆုံးကာ[၄] ကမ္ဘာ့ကျောက်လွာကြားတွင် နှစ်ပေါင်းများစွာ ဖိသိပ်ခံရပြီးနောက် ဖြစ်လာသည်ဟု ဆိုသည်။[၅] ယင်းအဆိုအား ၁၅၅၆ ခုနှစ်တွင် Georgius Agricola ဆိုသူက ပထမဆုံးမိတ်ဆက်ခဲ့သည်။ စွမ်းအင် သတင်းအချက်အလက် စီမံခန့်ခွဲရေးအဖွဲ့၏ ခန့်မှန်းချက်အရ ၂၀၀၇ ခုနှစ်တွင် လောင်စာဆီ ၃၆ ရာခိုင်နှုန်း၊ ကျောက်မီးသွေး ၂၇.၄ ရာခိုင်နှုန်း၊သဘာဝဓာတ်ငွေ့ ၂၃ ရာခိုင်နှုန်း အသီးသီး ကမ္ဘာတစ်ဝန်း အသုံးပြုကြသည်ဆိုသည်။[၆] ၂၀၀၆ ခုနှစ်အရ ရုပ်ကြွင်းလောင်စာမဟုတ်သော လောင်စာများမှာ နယူကလိလား စွမ်းအင် ၈.၅%၊ ရေအား ၆.၃% ဖြစ်ကြပြီး အပူစွမ်းအင်၊ နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်၊ ဒီရေစွမ်းအင်၊ ထင်းနှင့် စွန့်ပစ်ပစ္စည်းသုံးစွမ်းအင်တို့မှာ ၀.၉% ရှိသည်ဟုဆိုသည်။[၇] ကမ္ဘာ့စွမ်းအင် သုံးစွဲမှုသည် နှစ်စဉ် ၂.၃% တိုးပွားလျက်ရှိသည်။ ရုပ်ကြွင်းလောင်စာများသည် ဖြစ်တည်ရန် နှစ်သိန်းပေါင်းများစွာ ကြာမြင့်သောကြောင့် ယင်းတို့အား အစားမထိုးနိုင်သောစွမ်းအင်များဟု ယူဆရပေမည်။ သို့သော် ရုပ်ကြွင်းလောင်စာ ဖြစ်တည်ရန် အချိန်ပေးရသည့်ကာလထက် အသုံးချမှုက များပြားလျက်ရှိသည်။[၈][၉] ရုပ်ကြွင်းလောင်စာများကို အသုံးပြုခြင်းသည် သဘာဝပတ်ဝန်းကျင်ကိုလည်း စိုးရိမ်ဖွယ် ဖြစ်စေသည်။ တစ်နှစ်လျင် ရုပ်ကြွင်းလောင်စာမှ လောင်ကျွမ်းမှုကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန် ၂၁. ဘီလီယံ လေထုသို့ ရောက်စေသည်။ သဘာဝတရားက ယင်းကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ၏ ထက်ဝက်ကိုသာလျင် စုပ်ယူပေးနိုင်ပြီး ပျမ်းမျှအားဖြင့် တစ်နှစ်လျင် တန်ချိန် ၁၀.၆၅ ဘီလီယံ တိုးပွားလျက်ရှိသည်။[၁၀] ကာဗွန်ဒိုင်အောက်ဆိဒ်သည် ဖန်လုံအိမ်သာနိသင် ဖြစ်စေသည့် ပင်မအချက်ဖြစ်ပြီး ကမ္ဘာကြီး ပူနွေးလာမှုအား ကူညီပေးရာရောက်သည်။ ဖွံဖြိုးမြဲစွမ်းအင်များကို အသုံးပြုခြင်းသည် ရုပ်ကြွင်းလောင်စာအသုံးပြုမှုကို လျော့ကျစေပေမည်။

ရုပ်ကြွင်းလောင်စာတစ်မျိုးဖြစ်သော ကျောက်မီးသွေး


ကိုးကား ပြင်ဆင်ရန်

  1. thermochemistry of fossil fuel formation
  2. Paul Mann, Lisa Gahagan, and Mark B. Gordon, "Tectonic setting of the world's giant oil and gas fields," in Michel T. Halbouty (ed.) Giant Oil and Gas Fields of the Decade, 1990–1999, Tulsa, Okla.: American Association of Petroleum Geologists, p. 50, accessed 22 June 2009.
  3. Fossil fuelScienceDaily။ 28 April 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 March 2017 တွင် ပြန်စစ်ပြီး။
  4. Novaczek, Irene (September 2000)။ Canada's Fossil Fuel Dependency။ Elements။ 4 September 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-01-18 တွင် ပြန်စစ်ပြီး။
  5. Fossil fuel။ EPA။ March 12, 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-01-18 တွင် ပြန်စစ်ပြီး။
  6. U.S. EIA International Energy Statistics။ 28 April 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-01-12 တွင် ပြန်စစ်ပြီး။
  7. International Energy Annual 2006။ 2009-02-08 တွင် ပြန်စစ်ပြီး။
  8. Environmental Science: Problems, Connections and Solutions - G. Miller, Scott Spoolman - Google Books
  9. Food, Energy, and Water: The Chemistry Connection - Google Books
  10. What Are Greenhouse Gases?US Department of Energy။ 2007-09-09 တွင် ပြန်စစ်ပြီး။