ဇူတိုးပီးယား (အင်္ဂလိပ်: Zootopia) သည် ၂၀၁၆ ခုနှစ်က ထုတ်လုပ်သော အမေရိကန် အန်နီမေရှင်းဇာတ်လမ်းဖြစ်သည်။ ဤဇာတ်လမ်းမှာ မတူညီသော သဘာဝများရှိသည့် ယုန်တစ်ကောင်နှင့် မြေခွေးတို့အကြောင်း အဓိကထား ရိုက်ကူးထားသည်။

ဇူတိုးပီးယား
Zootopia
ရုပ်ရှင်ပိုစတာ
အခြေခံအချက်အလက်
ဒါရိုက်တာ
  • Byron Howard
  • Rich Moore
ထုတ်လုပ်သူClark Spencer
စာရေးသူJared Bush[*]
Phil Johnston[*]
Byron Howard[*]
Jared Bush[*]
Josie Trinidad[*]
Jim Reardon[*]
Phil Johnston[*]
Jennifer Lee[*]
Dan Fogelman[*]
Rich Moore[*]
ဇာတ်ညွှန်း
  • Jared Bush
  • Phil Johnston[၁]
ဇာတ်လမ်း
  • Byron Howard
  • Rich Moore
  • Jared Bush
  • Jim Reardon
  • Josie Trinidad
  • Phil Johnston
  • Jennifer Lee
သရုပ်ဆောင်
ဂီတမှူးMichael Giacchino
ဓာတ်ပုံ
  • Nathan Warner
  • Brian Leach
တည်းဖြတ်
  • Fabienne Rawley
  • Jeremy Milton
ထုတ်လုပ်ရေး
ကုမ္ပဏီ
ကြာမြင့်ချိန်
108 minutes[၂][၃]
နိုင်ငံUnited States
ဘာသာစကားEnglish
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆ (၂၀၁၆-၀၂-၁၀) (Belgium)
  • မတ် ၄၊ ၂၀၁၆ (၂၀၁၆-၀၃-၀၄) (United States)
ထုတ်ဝေသူWalt Disney Studios
Motion Pictures
ကုန်ကျငွေ$150 million[၄]
ရောင်းရငွေ$1.024 billion[၅]
နောင်တော်များနှင့် နောက်ဆက်တွဲများ
နောက်ထွက်ဇာတ်လမ်းZootopie 2[*]

အကျဉ်းချုပ် ပြင်ဆင်ရန်

သတ္တဝါများ နေထိုင်ရာ ကမ္ဘာကြီးတွင် ဘန်နီဘောရိုးဟူသော ရွာလေးမှ ဂျူဒီဟော့ဟူသော ယုန်မလေးသည် ရဲတစ်ယောက်ဖြစ်ရန် ငယ်စဉ်ကပင် အိပ်မက် မက်ခဲ့သည်။ အတိုက်အခိုက်များအကြားမှ ဇူတိုးပီးယားမြို့တော်ရှိ ZPD တွင် ရဲတစ်ယောက်ဖြစ်လာခဲ့သော်လည်း ရဲချုပ်ဘိုဂိုမှ လမ်းပါကင် တာဝန်ကျရဲတစ်ယောက်အဖြစ်သာ တာဝန်ပေးခဲ့သည်။ ပထမဆုံး တာဝန်ထမ်းဆောင်သည့်နေ့တွင် လိမ်ညာတတ်သည့် မြေခွေး နစ် ၏လိမ်လည်ခြင်းကို ခံခဲ့ရသည်။

နောက်နေ့တွင် သူ၏ပါကင်တာဝန်များကို ထားခဲ့ပြီး နှင်းပွသီးများခိုးသွားသော မြွေပါကို ဖမ်းဆီးခဲ့သည်။ ထို့အတွက် ရဲချုပ်ဘိုဂို၏ ကြိမ်းမောင်းခြင်းကို ခံခဲ့ရသည်။ ထိုစဉ် နို့တိုက်သတ္တဝါ ၁၄ ကောင် ပျောက်ဆုံးသောအမှုတွင် ပါဝင်သော ခင်ပွန်းပျောက်ဆုံး၍ လာရောက်တိုင်တန်းသည့် မစ္စ အော်တန်တိုမှာ ရုံးခန်းသို့ ဇွတ်ဝင်လာပြီး ထပ်မံရှာဖွေပေးရန် တောင်းဆိုသဖြင့် ဂျူဒီမှ အာမခံလိုက်သည်။ ဒုတိယမြို့တော်ဝန်မှာလည်း ရောက်ရှိလာသဖြင့် ဂျူဒီအား ဒေါသထွက်နေသော ရဲချုပ်မှာ ဂျူဒီအား အချိန် ၄၈ နာရီပေးပြီး အမှုလိုက်ခိုင်းသည်။ အမှုမလိုက်နိုင်လျှင် အလုပ်ထွက်ရန် ပြောခဲ့သည်။

အမှုလိုက်ရန်စုံစမ်းရင်း နစ်ကို အခွန်ရှောင်မှုဖြင့် အကြပ်ကိုင်ကာ သူ၏အမှုတွင် ကူညီစေခဲ့သည်။ နောက်တွင် နစ်မှာ ဂျူဒီကိုစိတ်ရင်းဖြင့် ကူညီလာပြီး သူ၏နောက်ကြောင်းများကိုလည်း ပြောပြခဲ့သည်။

ဒုတိယမြို့တော်ဝန်မှ သူတို့ကို မြို့တော်လမ်းကြောင်း စီစီတီဗွီများကိုကြည့်ခွင့်ပေးခဲ့ရာမှ နေရာတစ်ခုကို ခြေရာခံမိခဲ့သည်။ ထိုနေရာသို့ခိုးဝင်ပြီးနောက် စိတ်ရိုင်းဝင်နေသော နို့တိုက်သတ္တဝါ ၁၄ ကောင်နှင့် နောက်ဆုံးလွတ်သွားသော ၁ ကောင်ကိုပါ တွေ့ခဲ့သည်။ ထိုစဉ် မြို့တော်ဝန်လိုင်းယွန်းဟတ် ရောက်ရှိလာ၍ သူတို့နှစ်ဦးမှာ ဗွီဒီယိုခိုးရိုက်ထားလိုက်သည်။ နောက်ဆုံးတွင် ရဲများဖြင့် မြို့တော်ဝန်ကို ဖမ်းဆီးလိုက်ကြသည်။ ဒုတိယမြို့တော်ဝန် ဘယ်ဝဲသာမှာ မြို့တော်ဝန် ဖြစ်လာသည်။

နစ်မှာဂျူဒီနှင့် ZPD တွင် သူနှင့်အတူတူ တာဝန်ထမ်းဆောင်ရန် ဖြစ်လာသည်။ သို့သော် သတင်းစာရှင်းလင်းပွဲတွင် ဂျူဒီမှာ သားရဲများသည် စိတ်ရိုင်းဝင်လာနိုင်ကြောင်း ပြောကြားခဲ့၍ နစ်မှာ သူ့ကိုစွန့်ခွာသွားသည်။ မြို့တော်တွင်လည်း သားရဲများနှင့် သတ္တဝါငယ်များအကြား ကြောက်စိတ်ဝင်လာကြသည်။ ဂျူဒီမှာလည်း ရဲအဖြစ်မှ ထွက်ခဲ့သည်။

ဘန်နီဘောရိုးတွင် သူ၏စိုက်ခင်း၌ နှင်းပွသီးများအကြောင်း စဉ်းစားမိကာ နစ်ဆီပြန်သွားပြီး နှင်းပွသီးများ ခိုးသွားသောမြွေပါကို ရှာဖွေကြသည်။ ထိုမှတစ်ဆင့် ရထားတွဲတစ်ခုပေါ်ရှိ ဓာတ်ခွဲခန်းတစ်ခုတွင် ထိုအသီးများဖြင့် ပစ်ကာ သားရဲများကို စိတ်ရိုင်းဝင်သွားစေကြောင်းကို သိရှိခဲ့ရသည်။

ထိုရထားတွဲကို မောင်းပြေးရင်း ရထားမှောက်ကာ နှင်းပွသီးများပါသော သေတ္တာဖြင့် ထွက်ပြေးရင်း သဘာဝသမိုင်းပြတိုက်သို့ ရောက်ရှိသွားသည်။ ထို့နောက် ဘယ်ဝဲသာ ရောက်ရှိလာပြီး သူတို့ကိုလိုက်ဖမ်း၍ ပြေးရာ သေတ္တာကို ဘယ်ဝဲသာရသွားသည်။ ဘယ်ဝဲသာမှ နစ်အား နှင်းပွသီးသေနတ်ဖြင့် ပစ်လိုက်သော်လည်း သေနတ်ထဲတွင် ဘလူးဘယ်ရီသီးများ ဖြစ်နေသည်။ ထို့နောက် ရဲချုပ်နှင့်တကွ ရဲများရောက်လာပြီး အဓိကတရားခံ မေဝဲသာကို ဖမ်းဆီးလိုက်သည်။

ယခင်မြို့တော်ဝန် လိုင်းယွန်းဟတ်မှာ ဘယ်ဝဲသာ၏ အကြံများကိုပယ်ချပြီး သားရဲများကို ဖမ်းဆီးခဲ့သည်။ ဂျူဒီမှာ ZPD သို့ ပြန်လည်ဝင်ရောက်လာပြီး နစ်မှာလည်း ZPD ၏ ပထမဆုံး မြေခွေးရဲအရာရှိ ဖြစ်လာသည်။

ကိုးကား ပြင်ဆင်ရန်

  1. Welcome to Zootopia at D23 EXPO!။ D23 (August 15, 2015)။ September 5, 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ August 30, 2015 တွင် ပြန်စစ်ပြီး။
  2. You must specify archiveurl = and archivedate = when using {{cite web}}.Ionia, MI - Official Website - "Zootopia"။ April 2, 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. Zootropolis (PG)။ British Board of Film Classification (February 17, 2016)။ February 25, 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 17, 2016 တွင် ပြန်စစ်ပြီး။
  4. "‘Zootopia’ Tops the Box Office"။ March 13, 2016 တွင် ပြန်စစ်ပြီး။ Archived from the original on March 11, 2016။ 
  5. Zootopia (2016)IMDb။ May 28, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 3, 2016 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ် ပြင်ဆင်ရန်