တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(အင်္ဂလိပ်: Nationwide Ceasefire Agreement (NCA))သည် မြန်မာနိုင်ငံအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ချုပ်ဆိုသော စာချုပ်ဖြစ်သည်။၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ဖိတ်ကြားထားသော ပါတီအများစုမှ မူကြမ်းကို သဘောတူညီခဲ့ကြသည်။၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် သမ္မတဦးသိန်းစိန်မှ ရေးထိုးခဲ့သည်။[၁]လက်[၂]လက်မှတ်ရေးထိုးခြင်းကို လေ့လာသူများ၊ ကုလသမဂ္ဂ၊ ဗြိတိန်၊ နော်ဝေ၊ ဂျပန်နှင့် အမေရိကန်တို့မှ ဧည့်သည်တော်များက မျက်မြင်လေ့လာခဲ့ကြသည်။[၃][၄] A ceremony is held by the government annually on the anniversary of the signing of the agreement.[၅][၆]နှစ်စဉ် ထိုနေ့တွင် အစိုးရမှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည်အခမ်းအနားကို ကျင်းပလေ့ရှိသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်
မြန်မာနိုင်ငံအစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်များအကြားချုပ်ဆိုသောတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်
မူကြမ်းရေးဆွဲသည့် နေ့စွဲ၃၁ မတ် ၂၀၁၅ (၂၀၁၅-၀၃-၃၁)
လက်မှတ်ရေးထိုးသည့် နေ့စွဲ၁၅ အောက်တိုဘာ ၂၀၁၅ (၂၀၁၅-၁၀-၁၅)
တည်နေရာမြန်မာနိုင်ငံနေပြည်တော်မြို့
လက်မှတ်ရေးထိုးသူများ
တာဝန်အပ်နှင်းသူမြန်မာနိုင်ငံအစိုးရ
ဘာသာစကားများအင်္ဂလိပ်မြန်မာ

အစိုးရအနေဖြင့် လက်နက်ကိုင်အဖွဲ့ ၁၅ ခုကို ဖိတ်ကြားပြီး ငြိမ်းချမ်းရေးကို လက်တွဲလုပ်ဆောင်ရန် ဆောင်ရွက်ခဲ့သည်။ သို့သော် ထိုထဲမှ စေ့စပ်ညှိုနှိုင်းမှုများပြုလုပ်စဉ်ကပင် မျှတမှုမရှိသောကြောင့်ဟူ၍ ဖိတ်ကြားမှုကို ငြင်းဆိုခဲ့သည်။[၇]

လက်မှတ်​ရေးထိုးပွဲ၌ နိုင်ငံ​တော်သမ္မတ ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အသုံးပြုခဲ့သည့် ​ဘောပင်များ

နောက်ပိုင်းတွင် လားဟူဒီမိုကရက်တစ်ပြည်ထောင်စုနှင့် မွန်ပြည်သစ်ပါတီတို့မှာ နောက်ပိုင်းမှပါဝင်လာပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။[၈][၉][၁၀][၁၁][၁၂]

ကိုးကား ပြင်ဆင်ရန်

  1. "Myanmar signs ceasefire with eight armed groups"၊ Reuters၊ 14 October 2015။ 
  2. Myanmar's Nationwide Ceasefire Agreement - Institute for Security and Development Policy
  3. Asia Unbound » Myanmar’s Cease-Fire Deal Comes up Short။ 9 October 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  4. Ray Pagnucco and Jennifer Peters။ "Myanmar's National Ceasefire Agreement isn't all that national"၊ 15 October 2015။ 
  5. "On the second anniversary of the NCA, is Myanmar keeping peace on track?" (in en)၊ Frontier Myanmar 
  6. "Nationwide Ceasefire Agreement is a Forlorn Hope"၊ The Irrawaddy၊ 12 October 2017။ 
  7. "Myanmar Signs Historic Cease-Fire Deal With Eight Ethnic Armies" (in en)၊ Radio Free Asia 
  8. "New Mon State Party, Lahu Democratic Union to sign ceasefire" (in en)၊ The Myanmar Times၊ 24 January 2018။ Archived from the original on 13 April 2019။ 
  9. "2 groups join Myanmar government's peace process"၊ AP News၊ 13 February 2018။ 
  10. New Mon State Party and Lahu Democratic Union sign NCA။ Office of the President of Myanmar။ 29 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  11. "Analysis: A Win for Peace Commission as Mon, Lahu Groups Sign NCA"၊ The Irrawaddy၊ 13 February 2018။ 
  12. "NCA signing ceremony for NMSP, LDU to take place on 13 Feb" (in en)၊ Mizzima၊ 6 February 2018။ Archived from the original on 29 March 2018။ 

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်