တတ္စုယ ဖူဂျီဝရ

ဂျပန်ရုပ်ရှင်သရုပ်ဆောင်

တတ္စုယ ဖူဂျီဝရ (藤原 竜也 Fujiwara Tatsuya?, မေ ၁၅၊ ၁၉၈၂ မွေး) သည် ဂျပန်သရုပ်ဆောင်တစ်ဦးဖြစ်သည်။ Battle Royale ရုပ်ရှင်၌ ရှုယ နနဟရအဖြစ်၊ Death Note ကား၌ လိုက်တိုယဂမိအဖြစ်၊ Kaiji ကား၌ ကိုင်ဂျိအဖြစ်၊ ဟိဒဲအို နခတ၏ The Incite Mill ၌ ရိခုဟိကို ယုကိအဖြစ် သရုပ်ဆောင်မှုများကြောင့် ကမ္ဘာကျော်လေသည်။ ၂၀၁၄ တွင် Rurouni Kenshin ဇာတ်ကား၌ လူကြမ်း ရှိရှိအို မခိုတိုအဖြစ် ပါဝင်ခဲ့သည်။ [၁][၂][၃]

Tatsuya Fujiwara
မွေးဖွား (1982-05-15) မေ ၁၅၊ ၁၉၈၂ (အသက် ၄၁)
Saitama, ဂျပန်နိုင်ငံ
အလုပ်အကိုင်သရုပ်ဆောင်
တက်ကြွလှုပ်ရှားနှစ်များ၁၉၉၇–လက်ရှိ
အရပ်၁.၇၈ m (၅ ft ၁၀ in)
ဝက်ဘ်ဆိုဒ်horipro.co.jp/fujiwaratatsuya/

ဘဝအစောပိုင်း ပြင်ဆင်ရန်

စိုင်းတမတွင် မွေးသော ဖူဂျီဝရသည် ငယ်စဉ်ကတည်းက သရုပ်ဆောင်လိုစိတ် ရှိခဲ့သည်။ အကြာကြီးတွဲခဲ့သော ချစ်သူနှင့် ၂၀၁၃ ကတည်းက လက်ထပ်လိုက်ပြီး ၂၀၁၆ ၌ မိဘများဖြစ်ခဲ့ကြသည်။ ကလေး၏ လိင်အမျိုးအစားနှင့် အမည်ကိုမူ မသိကြရသေးချေ။ [၄]

Career ပြင်ဆင်ရန်

ကင်းဂျီ ဖုကဆကုရေးသော ၂၀၀၀ ခုနှစ် အငြင်းပွားဖွယ်ရာ Battle Royale ဇာတ်ကား၌ ရှုယ နနဟရအဖြစ် သရုပ်ဆောင်ခဲ့၍ ကျော်ကြားသည်။ အဆက်ဖြစ်သော Battle Royale II: Requiem ၌ Wild Seven ခေါင်းဆောင်အဖြစ် ဇာတ်ရုပ်ကို ဆက်လက်သရုပ်ဆောင်သည်။[ကိုးကားချက်လိုသည်]

ကာတွန်းဇာတ်လမ်းတွဲကို အခြေပြု ရိုက်ကူးသော  သေမင်းမှတ်စု(Death Note) နှင့် Death Note: The Last Name ၌ အဓိကဇာတ်ကောင် လိုက်တိုယဂမိအဖြစ် သရုပ်ဆောင်သည်။ သေမင်းမှတ်စုဇာတ်လမ်းတွဲအတွက် နောက်ဆက်တွဲဖြစ်သော L: Change the World, an L ၌ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါခဲ့သည်။ လိုက်အက်ရှင်ကားတွင် သေမင်းမှတ်စု၏ အဓိကဇာတ်ရုပ် လိုက်တိုယဂမိအဖြစ် သရုပ်ဆောင်ခဲ့သည်။ ရိုက်ကူးနေစဉ်အတွင်း ထိန်းချုပ်ထားသော ခံစားချက်များနှင့် ဇာတ်ရုပ်တရုပ်ကို သရုပ်ဆောင်ရသည်မှာ အလွန်ခက်ခဲပါသည်ဟု ဆိုခဲ့သည်။Death Note: The Last Name ကိုရိုက်ကူးစဉ် အယ်လ်အဖြစ် သရုပ်ဆောင်သူ Kenichi Matsuyama နှင့် သူငယ်ချင်းရင်းချာ ဖြစ်သွားသည်။ မစွတ်ယမ ကပြောသည်မှာ တစွတ်ယသည် ကောင်းကောင်းလုပ်နိုင်ခဲ့သည်ဟူသတည်း။ [ကိုးကားချက်လိုသည်]

ပြဇာတ်လက်ရာများတွင်မူ၊ ဂျပန်၌ အလွှမ်းမိုးနိုင်ဆုံး ဒါရိုက်တာများထဲမှ တဦးဖြစ်သူ ယုခိအို နိနငဝနှင့် ပူးပေါင်းလုပ်ဆောင်ကြောင့် လူသိများသည်။ ရုပ်ရှင်များ မရိုက်ကူးမီက သူ့အနုပညာအလုပ်ကို ပြဇာတ်မှ စတင်ခဲ့သည်။ ၎င်းမှာ မိထွေးဖြစ်သူနှင့် ညစ်ညမ်းသော ဆက်ဆံရေးရှိသူ ကောင်လေး ရှင်းတိုခု-မာရု အဖြစ် အဓိကပြဇာတ်ရုပ်ဖြစ်သည်။ ဟမ်းမလက်နှင့် ရိုမီယိုဂျူးလိယက်အပါအဝင် ရှိတ်စပီးယားပြဇာတ်များ၌လည်း ကပြသရုပ်ဆောင်ခဲ့သည်။[၅] ဖူဂျီဝရသည် ဟိဒဲအို နခတ၏ စိတ္တဇဆန်သည်းထိတ်ရင်ဖိုကား The Incite Mill ၌ ခေါင်းဆောင်အဖြစ် ပါဝင်သည်။ [၆] (စာချန်...) IRIS ဇာတ်ကားအတွက် Meisa Kuroki, Yuu Shirota ပြီးနောက် သေမင်းမှတ်စုတွဲဖက်မင်းသား ဟိခရိ မိစုရှိမတို့နှင့်အတူ အသံသရုပ်ဆောင်ခဲ့သည်။ အဆိုပါကားသည် Lee Byung-hun ပါဝင်သော ကိုရီးယားဇာတ်လမ်းတွဲ ဖြစ်သည်။[၇][၈][၉][၁၀]

၂၀၁၄ ၌ Rurouni Kenshin ဇာတ်လမ်းတွဲတွင် ရှိရှိအို မခိုတိုဇာတ်ရုပ်၌ သရုပ်ဆောင်သည်။[၁၁][၁၂][၁၃] ၂၀၁၅ ဇန်နဝါရီမှ ဖေဖော်ဝါရီအထိ ၁၂ နှစ်အတွင်းပထမဆုံးအကြိမ် အိုဆာကာရှိ Umeda Arts Theater ဇာတ်ရုံနှင့် စိုင်းတမရှိ Sai-no-Kuni Saitama Arts Theater ဇာတ်ရုံတို့၌ ယုကိအို နိနငဝညွှန်ကြားသော ဟမ်းမလက်ပြဇာတ်ဝယ် သရုပ်ဆောင်သည်။ ထို့နောက် ၂၀၁၅ မတ်တွင် ထိုင်ဝမ်၌လည်းကောင်း၊ မေတွင် ဘာဘီကန်ဇာတ်ရုံ(Barbican Theatre)၌လည်းကောင်း ကပြရန် စီမံခဲ့လေသည်။[၁၄][၁၅][၁၆]

Filmography ပြင်ဆင်ရန်

Films ပြင်ဆင်ရန်

  • Kamen Gakuen (2000) - Akira Dojima
  • Battle Royale (2000) - Shuya Nanahara
  • Sabu (2002) - Eiji
  • Battle Royale II: Requiem (2003) - Shuya Nanahara
  • Dark Fist (2003) - Takimo Usato
  • Sweet Happenings (2004) - Yukio Watanabe
  • Moonlight Jellyfish (2004) - Seiji Terasawa
  • Electric Magnet (Girl) (2006) - Yuichiro Kazama
  • Chain Movements (2004) - Nagato Sone
  • Sea Ghost (2006) - Yukoni Chinari
  • Death Note (2006) - Light Yagami
  • Death Note 2: The Last Name (2006) - Light Yagami
  • It's Only You (2007) - Hiro Kamikaze
  • L: Change the World (2008) (cameo) - Light Yagami
  • My First Love Goes to Past (2008) - Yuriko Dosu
  • Chameleon (2008)
  • Snakes and Earrings (2008)
  • Zen (2009) - Hojo Tokiyori
  • Kaiji (2009) - Kaiji Ito
  • Parade (2010) - Naoki
  • The Incite Mill (2010)
  • You Dance With The Summer (2010) - Shiro Takaki
  • The Borrower Arrietty (2010) - Spiller (voice)
  • Kaiji 2 (2011) - Kaiji Ito
  • Okaeri Hayabusa (2012) - Kento Ohashi
  • I'm Flash! (2012)
  • Wara no Tate (2013) - Kunihide Kiyomaru
  • Kamisama no Karute 2 (2014) - Dr. Tatsuya Shindo
  • Sanbun no Ichi (2014) - Shu
  • Monsterz (2014)
  • Rurouni Kenshin: Kyoto Inferno (2014) - Shishio Makoto
  • Rurouni Kenshin: The Legend Ends (2014) - Shishio Makoto
  • ST 'Scientific Task Force' Aka to Shiro no Sosa File - The Movie (2015)
  • Pokémon the Movie: Hoopa and the Clash of Ages (2015) - Barza (voice)
  • Erased (2016) - Satoru Fujinuma
  • Death Note: Light Up the New World (2016) - Light Yagami
  • Confession of Murder (2017) - Sonezaki

Television ပြင်ဆင်ရန်

  • That's the Answer (1997)
  • Cyber Bishōjo Telomere (1998)
  • Feeling Relief Is Easy (1998)
  • Frozen Summer (1998)
  • Change! (1998)
  • LxIxVxE (1999)
  • Kiss of Heaven (1999)
  • The Things You Taught Me (2000)
  • Saintly Springtime of Life (2001)
  • Ikutsumono Umi o Koeru Te (2001)
  • Heaven's Coins 3 (2001)
  • I Cannot Say I Love You (2002)
  • Night of Being Concerned (2002)
  • Ai Gorin (2003)
  • Shinsengumi! (2004) - Okita Sōji
  • Yatsuhakamura (2004)
  • Red Doubt (2005)
  • SunLight (2005)
  • Furuhata Ninzaburo (2006)
  • Sengoku Jieitai: Sekigahara no Tatakai (2006)
  • Tokyo Daikushu (2008)
  • Ojiichan wa 25-sai (2010)
  • Wagaya no Rekishi (2010) - Osamu Tezuka
  • Piece Vote (2011) - Yu Wakitan
  • ST 'Scientific Task Force' Keishichou Kagaku Tokusouhan (2013)
  • ST 'Scientific Task Force' Aka to Shiro no Sosa File (2014)
  • Sherlock Holmes (2014) - Windibank and Hosmar Angel
  • Lost ID (2016) - Shinichi Todo
  • Moribito: Guardian of the Spirit (2016) - The Emperor

ဗီဒီယိုဂိမ်းများ ပြင်ဆင်ရန်

  • Ryū ga Gotoku 3 - Rikiya Shimabukuro

ကိုးကား ပြင်ဆင်ရန်

  1. Tatsuya Fujiwara to wed girlfriend of 9 years။ www.channelnewsasia.com (May 31, 2013)။ June 10, 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 17, 2015 တွင် ပြန်စစ်ပြီး။
  2. Death Note's Tatsuya Fujiwara Getting Married။ Jpopasia.com (2013-06-01)။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-09-20 တွင် ပြန်စစ်ပြီး။
  3. Takashi Kondo (May 30, 2014)။ Through the eyes of Tatsuya Fujiwara။ the-japan-news.com။ May 31, 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 17, 2015 တွင် ပြန်စစ်ပြီး။
  4. Fujiwara Tatsuya announces birth of first child (2016-06-16)။
  5. 星洲网။ Sinchew-i.com။ 21 February 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-09-20 တွင် ပြန်စစ်ပြီး။
  6. MrDisgusting (April 20, 2010)။ Trapped in a House with a Madman in 'The Incite Mill'။ bloody-disgusting.com။ November 13, 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 17, 2015 တွင် ပြန်စစ်ပြီး။
  7. Tatsuya Fujiwara and Meisa Kuroki do voiceover for IRIS။ allkpop.com (2010-04-04)။ 2013-09-20 တွင် ပြန်စစ်ပြီး။
  8. 후지와라 타츠야 – Daum 영화 (in ko)။ Movie.daum.net။ 21 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-09-20 တွင် ပြန်စစ်ပြီး။
  9. ‘아이리스’ 일본판 더빙에 톱스타 총 출동 - 중앙일보 연예။ Article.joins.com။ 21 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-09-20 တွင် ပြန်စစ်ပြီး။
  10. 日배우 후지와라 타츠야 결혼 ‘3살 연상녀와 9년열애 결실’ - 중앙일보 연예။ Article.joins.com (2013-05-31)။ 21 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-09-20 တွင် ပြန်စစ်ပြီး။
  11. Death Note's Tatsuya Fujiwara Added to New Live-Action Rurouni Kenshin Films' Cast - News။ Anime News Network (2013-07-02)။ 2013-09-20 တွင် ပြန်စစ်ပြီး။
  12. Rurouni Kenshin gets two-part sequel။ Filmbiz.asia (2013-07-03)။ 2013-09-20 တွင် ပြန်စစ်ပြီး။
  13. Hugo Ozman (2013-06-30)။ Live Action RUROUNI KENSHIN To Become A Trilogy | Twitch။ Twitchfilm.com။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-09-20 တွင် ပြန်စစ်ပြီး။
  14. 藤原竜也、12年ぶり主役で挑む「ハムレット」 英国でも公演 「のるかそるか大勝負」။ 3 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 December 2016 တွင် ပြန်စစ်ပြီး။
  15. ハムレット | 梅田芸術劇場။ 11 January 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 December 2016 တွင် ပြန်စစ်ပြီး။
  16. Barbican - Ninagawa Company : Hamlet

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်