၁။ စံတော်မီ ဝိသေသလက္ခဏာ

တပည့်တော်များ၏ တမန်တော်ဝတ္ထုသည် တန်ခိုးမှုတ်သွင်းထားသည့် တစ်ခုတည်းသော အသင်းတော်သမိုင်းသွင်းထားသည့် တစ်ခုတည်းသောအသင်းတော်သမိုင်းဖြစ်သည်။ ကနဦး ယုံကြည်သူ များ၏ အသင်းတော်သမိုင်း၊ အသင်းတော်အခြေခံဇစ်မြစ်လည်းဖြစ်သည်။ ကျမ်းစာတအုပ်လုံးနီးပါး ရှင်လု ကာလုပ်ဆောင်ချက်ဖြစ်၍ ရိုးရာထုံးတမ်းစဉ်လာများ အနည်းငယ်ထပ်ထည့်ထားသည်။ ဤကျမ်းစာမရှိ လျှင် အသင်းတော်သည်လည်း ဖရိုဖရဲဖြစ်နိုင်သည်။ ခရစ်ဝင်ကျမ်းများထဲမှ သခင်ဘုရား၏ အမှုတော် ဆောင်ချက်များကို ဩဝါဒများနှင့် ဆက်စပ်ပေးသောကျမ်းစာဖြစ်သည်။ ပစ်မှတ်ပရိသတ်နှင့် ကျမ်းစာ၏ ရည်ရွယ်ချက်များအပြင် အခြားသိသင့်သိအပ်သည်များကိုလည်း တမန်တော်များက အဖြေပေးကြသည်။ ကျမ်းစာသည် ခရစ်တော်သက်တော်စဉ်နှင့် ဩဝါဒကျမ်းပါ ခရစ်ယာန်အသက်တာကို ဆက်စပ်ပေးသော ပေါင်းကူးတံတားဖြစ်ရုံသာမကပါ။ ယုဒထုံးစံနှင့် ချိတ်ဆက်လည်းဖြစ်သည်။ ဤဝတ္ထု၏ အဓိကအချက်မှာ ယေရုရှလင်၊ ယုဒအယူသီးသောအုပ်စုကွက်ကလေးကို ဗဟိုပြု၍ ကမ္ဘာအနှံ့မြို့ပြကျေးလက်မကျန်အောင် ယုံကြည်လက်ခံဖို့ ပျံ့နှံ့စေခြင်းဖြစ်သည်။


၂။ ကျမ်းရေးသူ

ရှင်လုကာ ခရစ်ဝင်ကျမ်းနှင့် တမန်တော်ဝတ္ထုရေးသားသူသည် တဦးတယောက်တည်း ဖြစ်သည်ဟု ခံယူကြသည်။ ခရစ်ဝင်တတိယကျမ်းကို ရှင်လုကာ ကရေးသည် ဟုခံယူလျှင် တမန်တော် ဝတ္ထုသည်လည်း ထိုရှင်လုကာဖြစ်သည်။

အပြင်ပန်းသဏ္ဌာန်အားဖြင့် တမန်တော် ဝတ္ထု သည်ခိုင်မာကျယ်ပြန့်စွာ ရေးသားထား သောရှင်လုကာ၏ အစောပိုင်းလက်ရာ ဖြစ်သည်။ The anti Marcionite Prologue to Luk (c. 160-180) Muratorian Canon (c. 170-200) ကနဦးအသင်းတော်ဖခင်ကြီးများ Irenaeus, Clement of Alexandria, Tertullian နှင့် Origen များကလည်း ရှင်လုကာ၏ လက်ရာဟုခံယူကြသည်။ အသင်းတော် သမိုင်းကြောင်းနှင့် ပတ်သက်၍လည်း Eusebius နှင့် Jerome တို့က သဘောတူဝန်ခံကြသည်။

အတွင်းသရုပ်နှင့် ပတ်သက်၍ ရှင်လုကာလက်ရာ ဖြစ်ကြောင်း (၃)ချက်ပြသနိုင်သည်။ ကျမ်းစာ၏ အစ ပိုင်းတွင် စာရေးသူ၏ အစောပိုင်းအလုပ်ကို ပြသည်။ Theophilus ကိုလည်း ရည်ညွန်းသည်။ လု ၁:၁-၄ သည် ဤကျမ်းအစပိုင်းကို ဖော်ညွှန်းခြစ်ဖြစ်သည်။ စာရေးသားဟန်၊ အတွေး မမြင်၊ ဝေါဟာရအသုံးအနှုန်းများသည် တမန်တော်များ၏ လုပ်ဆောင်ချက်ကို အသားပေး၍ သေးအဖွဲကိစ္စရပ် များစွာလည်း ရှင်လုကာကျမ်းနှင့် တူညီချက်များရှိသည်။ ကောရိန္သုဩဝါဒစာ (၂)စောင် ရှေ့နောက်ဆက်သကဲ့သို့ ရှင်လုကာ ခရစ်ဝင်ကျမ်းသည် အခြားခရစ်ဝင် သုံးကျမ်းထက် တမန်တော်ဝတ္ထုနှင့် ဆက်စပ်ပတ်သက်နေသည်။

ဒုတိယအချက်မှာ ဤကျမ်းစာရေးသူသည် ရှင်ပေါလုနှင့်အတူတူ ခရီးသွားလာသူဖြစ်ကြောင်း ထင်ရှားသည်။ “ကျွန်ုပ်တို့” ဟူသော စကားလုံးကို ၁၆:၁၀-၁၇၊ ၂၀:၅-၂၁:၁၈၊ ၁၇:၁- ၂၈:၁၆ တို့တွင် အထင်အရှားတွေ့ရသဖြင့် ဤကျမ်းစာရေးသူသည် ပေါလုနှင့်အတူရှိနေသောကြောင့် မှတ်တမ်းတင်နိုင်ခြင်းဖြစ်သည်။ တိုသို့မဟုတ်လျှင် “ ငါ” အစား “ကျွန်ုပ်တို့” ဟူ၍ ပြောစရာအကြောင်းမရှိ။

တတိယ အချက်မှာ ပေါလု၏ လုပ်ဖော်ဆောင်ဘက်များ၏  အမည်နာမများကို တွေ့လေ့ရှိသည်။ ထိုသူများထဲတွင် စာရေးသူလည်း ပါဝင်ပြီး သူ့နာမည်စာရင်းကို မဖော်ပြသော်လည်း “စသည်တို့” “နှင့်အတူ” “ကျွန်ုတို့သည်” ဟု သုံးလေ့ရှိသည်။


၃။ အချိန်ကာလ

ဓမ္မသစ်ကျမ်းရှိ အခြားကျမ်းများထက် တမန်တော်ဝတ္ထုသည် အသင်းတော်သမိုင်းကြောင်းဖြစ်၍ ပိုမိုအရေးကြီးသည်။ အခြားကျမ်းများ၏ရှေ့ဆောင်ကျမ်းတစ်ခုဖြစ်သည်။

တမ်န်တော်ဝတ္ထု ရေးသားသည့် ကာလကို(၃)မျိုးဆိုကြရာ တစ်ခုသည်ဖြစ်နိုင်ဖွယ်ရာ မရှိဟု ငြင်းပယ်ကြသည်။

၁။   ၂ ရာစုနှစ်ဟု ဆိုကြသည်။ ကျမ်းရေးသူလုကာသည် အေဒီ ၈၀၊ ၈၅ ခန့် ထိ ခက်ခဲစွာနေခဲ့ရသည်။ ကျမ်းစာပညာရှင်အချို့က    Josephus Antiquities           (အေဒီ ၉၃) နှစ်ခေတ်ပြိုင်(၅-၃၆) ဟု ဆိုကြသည်။ သို့သော် အကျိုးအကြောင်း ဆီလျော်ခိုင်မာမှုမရှိ။

၂။  အများကမူ အေဒီ ၇၀-၈၀ အကြားတွင် ရေးသည်ဟု ယူဆကြသည်။ ဤအချက်ဖြစ်နိုင်ဖွယ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်ဝတ္ထုတွင် ထိုအကြောင်းထိပါဝင်သည်။

၃။  အခိုင်မာဆုံးအချက်မှာ ရှင်ပေါလု ရောမအကျဉ်:ထောင်တွင် ကျနေသည့်အချိန်ဖြစ်သည်။ အဘယ်ကြောင်းဆိုတော် တမန်တော်ဝတ္ထုတွင် ထိုအကြောင်းထိ ပါဝင်သည်။

ရှင်လုကာသည် တတိယမြောက်ကျမ်း ဆက်လက်ရေးသားချင်ပေမည်။ သို့သော်လည်း ဘုရားရှင် အလိုတော်မရှိသောကြောင့် ​အေဒီ ၆၃ မှ ၇၀ အကြား ဖြစ်အပျက်များသာ မှတ်တမ်းတင်နိုင်ခဲ့သည်။ မည်သို့ပင်ဖြစေ အောက်ပါအချက်များဖြင့် တွက်ကြည့်ကြရအောင်။ အီတလီဘုရင်ဆိုး နေရူးက ခရစ်ယာန်များကို ညှင်းပန်းနှိပ်စက်ပြီး ရောမြို့ မီးလောင်သည့်နောက်ပိုင်း (၆၄)၊ ယုဒများ ရောမအောက်မှကင်းလွတ်ချိန် (၆၆-၇၀)၊ ပေတရုနှင့် ပေါလု မာတုရခံရချိန် (၆၀ နောက်ပိုင်း)၊ ယုဒများနှင့် ဟေဗြဲခရစ်ယာန်များ သဲထိတ်ရင်ဖို ယေရုရှလင်မြို့ ပျက်သုဉ်းချိန်တို့ဖြင့် ဆန်ကာတင်တွက်ချက်ကြည့်လျှင် ရှင်ပေါလု ရောမတွင် ထောင်ကျနေချိန် အေဒီ ၆၂ သို့မဟုတ် ၆၃ ဖြင့်သည်ဟု ကောက်ချက်ချရသည်။

၄။ နောက်ခံသမိုင်းနှင့် ရည်ရွယ်ချက်

တမန်တော်ဝတ္ထုသည် ဘ၀လှိုင်းဒဏ်နှင့် ရုန်းကန်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ သန့်ရှင်းသော ဝိညာဉ်တော်က အသင်းတော်ထူပုံ၊ အသင်းတော်အား ဘိသိက်ပေးထားပုံနှင့် အပြင်သို့တန်ခိုး ဆန့်ထုတ်ပုံများလည်း တွေ့ရသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အံ့ဖွယ်တန်ခိုးလက်နက် ကရိယာအသုံးပြုပုံ၊ အခက်အခဲ အတားအဆီးများ အောင်မြင်ပုံ၊ လူ့သဘာဝ ထုံးစံမဟုတ်သော နည်းလမ်းများဖြင့် အသုံးပြုပုံ၊ အောင်ပွဲခံပုံများကို မော်ကွန်းတင်ထားသည်။

တမန်တော်ဝတ္ထုတွင် အတည်တကျမရှိသေးကာလ၌ အသင်းတော်ကလေးများသို့ သတင်းကောင်းရောက်ရှိပုံ၊ လူကိုယ်တိုင်ဖြင့် သတင်းကောင်း သယ်ဆောင်ကြပုံ၊ ဇာတ်လမ်းဆန်ဆန် စွန့်စားခဲ့ကြပုံများကို သရုပ်ဖော်ထားသည်။ မသာဖုံးအုပ်ထားသော ယုဒအစဉ်အလာ အဝတ်အစားများကို ချွတ်ခွာ၍ တပါးအမျိုးသားများနှင့် ခရစ်တော်တွင် တလုံးတဝတည်းရှိပုံတို့ကို မှတ်တမ်းတင်ထားသော ကမ္ဗည်းမော်ကွန်းဖြစ်သည်။ ထို့ကြောင့် တမန်တော်ဝတ္ထုကို “ဣဇာက်နို့ဖြတ်သည့်ကာလ” ဟု တင်စားခေါ်ဝေါ်ကြသည်။

ကျမ်းစာဖတ်ရှုသောအခါ ဘုရားသခင်၏ အမှုတော်၌ ဝိညာဉ်တော်ပါရှိပုံကို နှစ်ထောင်းအားရကြပေမည်။ တချိန်တည်းတွင် အပြစ်နှင့် စာတန်၏ သောင်းကျန်းပုန်ကန်ပုံကိုလည်း တွေ့မြင်ရကြမည်။

ပထမ (၁၂)ခန်းတွင် ဣသရေလလူမျိုးများ အကြားသို့ ခြင်္သေ့ပမာရဲဝံ့စွာ  ပေတရု အမှုတော် ဆောင်ပုံကို တွေ့ကြမည်။ အခန်း၁၃ မှစ၍ ရှင်ပေါလု၏ တပါးအမျိုးသားများအကြားတွင် မနားမနေ စိတ်အားထက်သန်စွာ အမှုတော်ဆောင်ပုံကို တွေ့ကြမည်။

တမန်တော်ဝတ္ထုသည် နှစ်ပေါင်း(၃၃)နှစ်ကာလကို ခြုံငုံသည်။ J.B.Phillip က “လူ့သမိုင်းတွင် နှိုင်းယှဉ်၍မရအောင် ကြီးစိုးသော ကာလတာဖြစ်သည်။ သာမန်လူသားများက သူတို့ရန်သူများကြားထိအောင် မျက်ရည်မျက်ခွက်နှင့် သွားရောက်ပြောကြရာ ကမ္ဘာကြီးပါ ဂျွမ်းထိုးမှောက်ခုံ ဖြစ်ကုန်သည်” ဟုဆိုသည်။


ပါဝင်သောအချက်များ

၁။ ယေရှုရှလင်အသင်းတော် (အခန်း ၁–၇)

(က) ထမြောက်သော အရှင်သခင်၏ ဝိညာဉ်တော်ကတိ (၁:၁-၅)

(ခ) တမန်တော်များရှေ့တွင် ကောင်းကင်ဘုံသို့ကြခြင်း (၁:၆-၁၁)

(ဂ) ယေရုရှလင်တွင် တပည့်တော်များဆုတောင်း ခြင်းဖြင့် စောင့်မျှော်ခြင်း (၁:၁၂-၂၆)

(ဃ) ပင်တေကုတ္တေနေ့နှင့် အသင်းတော်မွေးဖွားခြင်း (၂:၁-၄၇)

(င) ခြေဆွံ့သူကျန်းမာခြင်းနှင့် ဣသရေလများအား ပေတရုက ဆုံးမခြင်း (၃:၁-၂၆)

(စ) ညှဉ်းဆဲနှိပ်စက်ခြင်းကြောင့် အသင်းတော်ကြီးထွားခြင်း၊ (၄:၁- ၇:၆၀)


၂။ ယုဒနှင့် ရှမာရိအသင်းတော်များ (၈:၁– (၉:၃၁)

(က) ရှမာရိပြည်သို့ ဖိလိပ္ပုသာသနာခရီး (၈:၁-၂၅)

(ခ) ဖိလိပ္ပုနှင့် အဲသယောပိအမတ်မင်း (၈:၂၆-၄၆)

(ဂ) တာရှုသားရှောလု အသက်တာ ပြောင်းလဲခြင်း (၉:၁-၃၁)


၃။ ကမ္ဘာမြေတွင် အသင်းတော် ကုန်းဆုံးခြင်း(၉:၃၂၊ ၂၈:၃၁)

(က) တပါးအမျိုးသားများသို့ ပေတရု သွန်သင်ဟောကြားခြင်း (၁:၁-၅)

(ခ) အန္တိအုတ်တွင် အသင်းတော်ထူထောင်ခြင်း (၁:၁-၅)

(ဂ) ဟေရုဒ်က ညှဉ်းပန်းနှိပ်စက်ခြင်း (၁:၁-၅)

(ဃ) ပေါလု၏ ပထမဆုံး သာသနာပြုခရီး၊ ဂလာတိသို့ (၁၂:၂၄ – ၁၄:၂၈)

(င) ယေရုရှင်လင် အသင်းတော်ကောင်စီ (၁၅:၁-၃၅)

(စ) ပေါလု၏ ဒုတိယသာသနာခရီး၊ အာရှမိုင်းနားနှင့် ဂရိသို့ (၁၅:၃၆ – ၁၈:၂၂)

(ဆ) ပေါလု၏ တတိယသာသနာခရီး၊ အာရှမိုင်းနားနှင့် ဂရိပြည် (၁၈:၂၃ – ၂၁:၁၆)

(ဈ) ရှင်ပေါလု ဖမ်းဆီးစစ်ဆေးခြင်း (၂၇:၁ – ၂၈:၁၆)

(ည) ပေါလု အကျယ်ချုပ်ခံရခြင်းနှင့် ရောမရှိ ယုဒများထံ သက်သေခံခြင်း (၂၈:၁၇)

TAGS: တမန်တော်ဝတ္ထု

ကိုးကား ပြင်ဆင်ရန်