မှတ်ပုံတင်ထားပြီး၊ အကောင့်ဝင်ထားသော အသုံးပြုသူသာလျှင် အဆင့် ၂ နှင့် အဆင့် ၃ ကို ပြီးမြောက်နိုင်မည်။ အကယ်၍ သင်သည် မှတ်ပုံမတင်ထားသော အသုံးပြုသူ ဖြစ်ပါက အဆင့် ၁ ကို ဆောင်ရွက်ပြီးပါက ဆောင်းပါး၏ ဆွေးနွေးချက် စာမျက်နှာတွင် ဖျက်သင့်သည့် အကြောင်းပြချက်ကို ရေးသားပြီး Wikipedia talk:ဖျက်ပစ်ရမည့်ဆောင်းပါးများ တွင် တစ်စုံတစ်ဦးအား ကျန်အဆင့်များ ဆောင်ရွက်နိုင်ရန် အသိပေးချက် ရေးသားခဲ့ပါ။

စာမျက်နှာများကို ဖျက်ရန်အတွက် အဆိုပြုနိုင်ရန် သင့်အနေဖြင့် လော့ဂ်အင် ဝင်ရောက်ထားရန် လိုအပ်သည်။ သို့မဟုတ်ပါက သင့်တည်းဖြတ်မှုသည် အမည်မသိ အသုံးပြုသူအနေဖြင့် ဖြစ်နေကာ ဖျက်ပစ်ရန် အဆိုပြုခြင်း လုပ်ငန်းစဉ်တွင် နှောင့်နှေးနိုင်သည်။
  • စာမျက်နှာတစ်ခုအား ဖျက်ပစ်ရန်အတွက် အဆိုပြုနိုင်ရန် Twinkle ကို အသုံးပြုနိုင်သလို အောက်ပါ အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်နိုင်သည်။
I.
ဆောင်းပါးစာမျက်နှာတွင် ဖျက်ရန်စာတွဲကို ထည့်သွင်းပါ။
  • {{subst:afd1}} ကို ဆောင်းပါး၏ ထိပ်ဆုံး တွင် ထည့်သွင်းပါ။
အကယ်၍ ဆောင်းပါးသည် ယခင်က အဆိုပြုခဲ့ဖူးခြင်း ရှိပါက {{subst:afdx|ဒုတိယအကြိမ်}} သို့မဟုတ် {{subst:afdx|တတိယအကြိမ်}} စသဖြင့် ထည့်သွင်းပါ။
  • ယင်းတည်းဖြတ်မှုကို အရေးမကြီးသော ​ပြင်​ဆင်​မှုအဖြစ် မမှတ်သားရ။
  • တည်းဖြတ်မှု အကျဉ်းချုပ်တွင်
    AfD: ဖျက်ပစ်ရန်အတွက် အဆိုပြုခြင်း၊ [[Wikipedia:ဖျက်ပစ်ရမည့်ဆောင်းပါးများ/NominationName]]တွင် ကြည့်ပါ။
    ဟု ထည့်သွင်းပြီး NominationNameနေရာတွင် အဆိုပြုလိုက်သော စာမျက်နှာအမည်ကို ထည့်ပါ။
NominationName သည် ပုံမှန်အားဖြင့် ဆောင်းပါးအမည် ဖြစ်သည်။ (PageName) သို့သော် ယခင်က အဆိုပြုခဲ့ဖူးခြင်းရှိပါက "PageName (ဒုတိယအကြိမ် အဆိုပြုခြင်း)" သို့မဟုတ် "PageName (တတိယအကြိမ် အဆိုပြုခြင်း)" စသဖြင့် ရေးသားပါ။)
  • သင့်အနေဖြင့် "ဤစာမျက်နှာကို စောင့်ကြည့်ရန်" အကွက်တွင် အမှန်ခြစ်ထားကာ စာမျက်နှာကို သင်၏ စောင့်ကြည့်စာရင်းတွင် ထည့်သွင်းနိုင်သည်။ ယင်းသို့ ပြုလုပ်ခြင်းဖြင့် AfD စာတွဲ ဖယ်ရှားခဲ့ပါက သိရှိနိုင်သည်။
  • စာမျက်နှာကို သိမ်းဆည်းပါ။ ("ပြောင်းလဲမှုများကို လွှင့်တင်ရန်" ကို နှိပ်ပါ)
II.
ဆောင်းပါး ဖျက်ပစ်ရန်အတွက် ဆွေးနွေးချက် စာမျက်နှာ ဖန်တီးပါ။

ဆောင်းပါးစာမျက်နှာ ထိပ်ဆုံးရှိ AfD အကွက်တွင် "အသင့်ပြင်ဆင်ထားသော အငြင်းအခုံ စာမျက်နှာ" ဟူသော လင့်ခ်တစ်ခု ပါဝင်နေလိမ့်မည်။

  • ထိုလင့်ခ်ကို နှိပ်၍ ဆောင်းပါး ဖျက်ပစ်ရန်အတွက် ဆွေးနွေးချက် စာမျက်နှာကို ဖန်တီးနိုင်သည်။ အချို့သော စာသားများနှင့် လမ်းညွှန်ချက်များ ပေါ်လာလိမ့်မည်။
  • ဖျက်ပစ်ရန်အတွက် အကြောင်းပြချက်နှင့် အငြင်းအခုံ ကဏ္ဍကို ထည့်သွင်းပါ။ (ထိုစာမျက်နှာတွင် လမ်းညွှန်ချက် ပါဝင်သည်။)

သို့မဟုတ်

  • "ဤဆောင်းပါးအတွက် ဆွေးနွေးချက် စာမျက်နှာ" ကို နှိပ်ပြီး ဖျက်ပစ်ရန်အတွက် ဆွေးနွေးငြင်းခုံသည့် စာမျက်နှာကို ဖန်တီးပါ။
  • ဤစာသားကို ထည့်သွင်းပါ
    {{subst:afd2 | pg=PageName | text=မည်သည့်အတွက်ကြောင့် ဖျက်သင့်သည်ဟူသော အကြောင်းပြချက်}} ~~~~
    PageName ကို စာမျက်နှာ၏ အမည်ဖြင့် အစားထိုးပါ။ မည်သည့်အတွက်ကြောင့် ဖျက်သင့်သည်ဟူသော အကြောင်းပြချက် စာသားနေရာတွင် ဖျက်သင့်သည့် အကြောင်းပြချက်ကို ရေးပါ။
  • "ဤစာမျက်နှာကို စောင့်ကြည့်ရန်" ကို အမှန်ခြစ်ကာ အငြင်းအခုံကို စောင့်ကြည့်နိုင်သည်။
  • တည်းဖြတ်မှု အကျဉ်းချုပ်တွင်
    [[PageName]] အား ဖျက်ပစ်ရန်အတွက် အငြင်းအခုံစာမျက်နှာ ဖန်တီးခြင်း
    စသဖြင့် ရေးသားပါ။
  • စာမျက်နှာကို သိမ်းဆည်းပါ။ ("စာမျက်နှာကို လွှင့်တင်ရန်" ကို နှိပ်ပါ)
III.
ဖျက်ပစ်ရမည့် ဆောင်းပါးဆိုင်ရာ ဆွေးနွေးချက်များကို စောင့်ကြပ်ကြည့်ရှုနေသော အသုံးပြုသူများထံ အသိပေးပါ။
  • ဖျက်ပစ်ရမည့်ဆောင်းပါးများ မှတ်တမ်း စာမျက်နှာကို ဖွင့်ပါ။
  • မှတ်တမ်းစာမျက်နှာ၏ စာရင်းများ ထိပ်ဆုံး တွင်
    {{subst:afd3 | pg=NominationName}}
    ကုဒ်ကို ရေးသားပြီး NominationName နေရာတွင် သင့်လျော်သော ("PageName", "PageName (ဒုတိယအကြိမ် အဆိုပြုခြင်း)" စသဖြင့်) ရေးပါ။
  • သင့်တည်းဖြတ်မှု အကျဉ်းချုပ်တွင် ဆွေးနွေးချက် စာမျက်နှာကို အောက်ပါအတိုင်း လင့်ခ်ထည့်သွင်းပါ။
    [[Wikipedia:ဖျက်ပစ်ရမည့်ဆောင်းပါးများ/NominationName]] ကို ထည့်သွင်းခြင်း
  • စာမျက်နှာကို သိမ်းဆည်းပါ။
Documentation icon တမ်းပလိတ်မှတ်တမ်းလက်စွဲ[ဖန်တီး]