တိမောသေဩဝါဒစာဒုတိယစောင်

သမ္မာကျမ်းစာမှ ကျမ်း

၁။ စံတော်မီ ဝိသေသလက္ခဏာ

လူတိုင်းချစ်ခင်သူ၏ နောက်ဆုံးပြောစကားကို ပညာရှိများက ချီးမွမ်းလေ့ရှိသည်။ တိမောသေ ဒုတိယစာစောင်သည် ပေါလု၏ နောက်ဆုံးစကားဖြစ်သည်ဟု တိကျစွာ မဆိုနိုင်သော်လည်း နောက်ဆုံးရေးသော စာစောင်ဖြစ်ကြောင်း နားလည်ကြသည်။ လက်ထောက်ဖြစ်သူ တိမောသေသို့ ပေးပို့သော စာစောင်ဖြစ်သည်။

ရောမထောင် အမှောင်ခန်းထဲတွင် မျက်နှာကျက်အပေါက်လေးတခု၏ အလင်းရောင်သာ မြင်ရသောဘဝတွင် ခေါင်းဖြတ်ဖို့ တံခါးလာဖွင့်မည့်အချိန်ကို စောင့်နေချိန်ဖြစ်သည်။ ဝိညာဉ်ရေးရာကိုရှုမှတ်၊ အသိအာရုံရင့်ကျက် စိတ်ရှည်သည်းခံလျက်၊ အသက်အရွယ်လည်း အိုမင်းရင့်ရော်လာသည်။ အသက်တာကို အမှုတော်၌ နိဂုံးချုပ်ရတော့မည်။ ကလောင်တံကို မြဲမြံစွာ ဆုပ်ကိုင်လျက် ဝိညာဉ်တော်၌ရသော သားတိမောသေသို့ နောက်ဆုံးဩဝါဒစာကို ကြိုးစားရေးသားသောစာသည် မကောင်းမြင်ဝါဒရှိသော ဘာသာရေးအရေခွံခြုံ ခေါင်းဆောင်များအား သတိထားဆက်ဆံကြရန် ကျွန်ုပ်တို့ကိုလည်း ရှင်ပေါလုက သတိပေးနေသည်။

တိမောသေဩဝါဒ ဒုတိယစောင်သည် စစ်မှန်သော သမ္မာစကားဖြစ်သောကြောင့် မလိုအပ်ဟု မည်သူကမှ ပြောဝံ့သည်မဟုတ်။

၂။ ကျမ်းရေးသူ

         ပုဂ္ဂိုလ်ရေးရသော ဩဝါဒစာများတွင် ကြည့်ပါ။

၃။ အချိန်ကာလ

         ရောမအကျဉ်းထောင်မှ ရေးသောစာဖြစ်သည်။ ရောမသားဖြစ်သောကြောင့် ခြင်္သေ့စာကျွေးခြင်း၊ ကားစင်တင်ခြင်း မခံရသော်လည်း ဓားဖြင့်ခေါင်းဖြတ်ခြင်း ခံရသည်။ ၆၈ ဇွန် ၈ရက် နေ့တွင် သေဆုံးသော နေရူးမင်းလက်ထက်တွင်ဖြစ်သောကြောင့် ၆၇ခုနှစ် ဆောင်းဦးပေါက်ကာလနှင့် ၆၈ခု နွေဦးကာလအကြားတွင် ဖြစ်သည်။

၄။ နောက်ခံသမိုင်းနှင့် ရည်ရွယ်ချက်

         ဤစာစောင်ရေးရခြင်း၏ ရည်ရွယ်ချက်ကို ၂:၁၅ တွင် အသေအချာ ရှင်းပြထားသည်။ “ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက်၊ ဘုရားသခင်ရှေ့၌ ကိုယ်ကိုဆက်သခြင်းငှာ ကြိုးစားအားထုတ်လော့”ဟု မှာထားသည်။ ပထမစာစောင်တွင် စုဝေးခြင်း၊ အများနှင့်ဆက်ဆံရာတွင် ပြုမူရမည့်အချက်များ ရှင်းပြထားပြီး ဤကျမ်းတွင်မူ တဦးတယောက်၏ တာဝန်ဝတ္တရား ပျက်ကွက်မှုကြောင့် အဖွဲ့အစည်းတွင် အားနည်းကြောင်း ဖော်ပြထားသည်။

ဟန်ဆောင်အသင်းတော်များတွင် အားနည်းချက်များစွာရှိပုံကို ဤဩဝါဒစာတွင် ဖော်ပြထားသည်။ အဓိကမှာ သမ္မာတရားနှင့် ယုံကြည်ခြင်း စွန့်ခွာမှုဖြစ်သည်။ တဦးတယောက်ချင်းနှင့် မည်သို့သက်ဆိုင်ပါသနည်း။ သမ္မာတရားနှင့် ဘုရားရှင်၌ မွေ့လျော်ခြင်းမရှိသောကြောင့်လား။ မဟုတ်ပါ။ “လုံ့လဝိရိယရှိ၍ အားထုတ်လော့”ဟု ကျမ်းစာကပြောသည်။

ဗာဗုလုံတရားရုံးရောက်နေသော လူငယ်လူရွယ် ဒံယေလက နမူနာကောင်း ပေးပါသည် (ဒံ၁)။ နေဗုခပ် နေဇာမင်းက ဒံယေလနှင့် အခြားလူငယ်မာ၏များအား ဖမ်းဆီးထားသည်။ ထိုသူများသည် ယုဒဘာသာရေးကို ငြင်းဆန်ခဲ့ကြသည်။ ရုပ်တုကိုးကွယ်ခြင်း၊ ယဇ်ပုရောဟိတ်အမှုနှင့် ဗိမာန်တော် ကိုးကွယ်ခြင်းများကို ငြင်းပယ်ကြသည်။ စင်စစ်တွင်များ မကြာမီ ယေရုရှလင်မြို့ ပျက်သုဉ်းခြင်း၏ ရှေ့ပြေးအတိတ်နိမိတ် ဖြစ်သည်။ ထို့ကြောင့် ဒံယေလက “လူပကတိနှင့် မဆက်ဆံသောဘုရားမှတပါး အဘယ်သူမျှ အရှင်မင်းကြီးရှေ့တော်၌ မထုတ်ဖော်နိုင်ပါ”ဟု လျှောက်ထားရဲသည်။ ယုံကြည်ခြင်း၌ ရဲရင့်ခြင်းရှိသူ၏ အဖြေသည် သမိုင်းမှတ်တိုင်ထူခဲ့သည်။

ဤဩဝါဒစာစောင်က အသင်းတော်အဖွဲ့ဝင်များဖြစ်ကြသော ဘုရားသားသမီးများအား ယနေ့ခေတ်ကာလတွင် ဓမ္မသစ်၏ သက်သေခံကောင်းများ ဖြစ်ကြဖို့ သွန်သင်ပါသည်။ “ဘုရားဝတ်၌ မွေ့လျော်၍နေခြင်းငှာ အလိုရှိသောသားသမီးများ”ဖြစ်ကြပါစို့။

ပါဝင်သည့်အချက်များ

၁။ တိမောသေသို့ နှုတ်ခွန်းဆက်ခြင်း (၁:၁-၅)

၂။ တိမောသေသို့ နှိုးဆော်တိုက်တွန်းချက် (၁:၆၊ ၂:၁၃)

(က) သစ္စာရှိဖို့ (၁:၆-၁၈)

(ခ) ဇွဲ့လုံ့လရှိဖို့ (၂:၁-၁၃)

၃။ ယုံကြည်ခြင်းတဖက်မှ မိစ္ဆာဆရာများ (၂:၁၄၊ ၄:၈)

(က) ခရစ်ယာန်စစ်စစ်များ၏ ယုံကြည်ခြင်း (၂:၁၄-၂၆)

(ခ) ရောက်လာမည့် မိစ္ဆာဆရာများ (၃:၁-၁၃)

(ဂ) လူသားတော်၏ အရင်းအမြစ်အပေါ် မိစ္ဆာဆရာများ၏ အမြင် (၃:၁၄၊ ၄:၈)

၄။ ပုဂ္ဂိုလ်ရေးအရ မေတ္တာရပ်ခံချက်နှင့် မှတ်ချက် (၄:၉-၂၂)

TAGS: တိမောသေဩဝါဒဒုတိယစောင်

ကိုးကား ပြင်ဆင်ရန်