ဂရိဒဏ္ဍာရီတွင် တိုက်တန်များ (အင်္ဂလိပ်: Titans, Τiτᾶνες, အသံထွက် /ထိုက်တန်/ ) များသည် အတိတ်တစ်ချိန်က အိုလံပီယာ နတ်ဘုရားများဖြစ်ခဲ့ကြသည်။ [မှတ်စု ၁][၁] ဂရိကဗျာဆရာ ဟီးဆီးရပ်၏ နတ်ဘုရား မျိုးရိုးပြဇယားတွင် ကမ္ဘာဦးက မိဘများဖြစ်သော ယူရာနပ်စ် (သို့) ယူရေးနပ်စ် (ကောင်းကင်) နှင့် ဂိုင်ယာ (မြေကမ္ဘာ) တို့၏ သားသမီး စုစုပေါင်း (၁၂) ဦးအဖြစ်ပြဆို၍ ကျားခြောက်ဦးမှာ အိုဆီးယန်နပ်စ် (Oceanus) ၊ ဆီးယပ်စ် (Coeus) ၊ ခရိုင်းယပ်စ် (Crius) ၊ ဟိုက်ပီးရီးယန် (Hyperion) ၊ အိုင်းယဲ့စ်ပစ်တပ်စ် (Iapetus) ၊ ခရိုးနပ်စ် (Cronus) ၊ နှင့် မခြောက်ဦးမှာ သီးယာ (Theia) ၊ ရီးယာ (Rhea) ၊ သီးမစ် (Themis) ၊ နီမောဇစ်နီး (Mnemosyne) ၊ ဖီးဘီ (Phoebe) ၊ တက်သစ် (Tethys) တို့ဖြစ်ကြသည်။ ခရိုးနပ်စ်က အမတော်သူ ရီးယာနှင့်အတူ ပထမဆုံး အိုလံပီယာနတ်ဘုရား မျိုးဆက်ကို မွေးထုတ်ခဲ့ရာ ဇူးစ်၊ ဟင်စတီယာ (Hestia) ၊ ဒစ်မီးတာ (Demeter) ၊ ဟက်ရာ (ဟီးရာ) (Hera) ၊ ဟေးဒီးဇ် (Hades) ၊ ပဆိုက်ဒန် (ပိုဆိုက်ဒန်) (Poseidon) တို့ဖြစ်ကြသည်။ တိုက်တန်တို့၏ မျိုးဆက်များကို ရံခါ၌ တိုက်တန်ဟူ၍ပင် ခေါ်ဝေါ်ကြသည်။

Cornelis Cornelisz van Haarlem ၏ တိုက်တန်များ ကျရှုံးခြင်း ပန်ချီကား (၁၅၉၆–၁၅၉၈)

အိုလံပီယာနတ်ဘုရားများမတိုင်ခင်က တိုက်တန်များမှာ နတ်ဘုရားများဖြစ်ခဲ့ကြသည်။ ဂရိဒဏ္ဍာရီ နန်းသိမ်းတိုက်ပွဲတွင် ၎င်းတို့ကို ဖြုတ်ချကာ ထိုဒဏ္ဍာရီ၌ ခရိုးနပ်စ်သည် ၎င်း၏ ဖခင် ယူရေးနပ်စ်ထံမှ နန်းလု၍ စကြဝဠာကို ၎င်း၏ တပည့်တပန်းများနှင့် အုပ်ချုပ်ခြင်းများအကြောင်း၊ ခရိုးနပ်စ်နှင့် တိုက်တန် အပေါင်းအပါတစ်စုကို တိုက်ခိုက်ချေမှုန်း၍ နန်းသိမ်းကာ ဇူးစ်နှင့် အိုလံပီယာနတ်များက မင်းလုပ်အုပ်ချုပ်ခဲ့ပုံအကြောင်းများပါဝင်သည်။ နန်းသိမ်းစစ်ပွဲပြီးနောက် ခရိုးနပ်စ်နှင့်အတူ ချေမှုန်းခံရသော တိုက်တန်များကို ကမ္ဘာမြေပေါ်မှ နှင်ထုတ်ပြီး မြေအောက်ကမ္ဘာတစ်ခုဖြစ်သော တားတာရပ်စ်တွင် အကျဉ်းချထားခဲ့သည်။ သို့သော် အချို့ကို ပြန်၍ လွှတ်ပေးခဲ့သည်။

မှတ်စု ပြင်ဆင်ရန်

  1. တိုက်တန်များကို အိုလံပီယာနတ်ဘုရားဟူ၍ ခေါ်ဝေါ်ခြင်းမပြုကြ

ကိုးကား ပြင်ဆင်ရန်

  1. Hansen, p. 302; Grimal, p. 457 s.v. Titans; Tripp, p. 579 s.v. Titans; Rose, p. 1079 s.v. Titan; Smith, s.v. Titan 1..