တိုကျိုဒစ်စနီလန့် (東京ディズニーランド Tōkyō Dizunīrando, တိုးခယေားဒိဇုနီးရန်းဒို) သည် ၁၁၅ ဧက (၄၅ ဟက်တာ) ကျယ်ဝန်းသည့် သည့် လည်ပတ်စရာနေရာတစ်ခုဖြစ်ပြီး တိုကျိုအနီး ချိဘခရိုင်၊ အုရယဆုတွင် တည်ရှိသည်။[၁] ၎င်း၏ အဓိကဝင်ပေါက်သည် တိုကျိုဒစ်စနီလန့်ဘူတာနှင့် မိုင်းဟဟမဘူတတို့နှင့် အနီးအနားတွင်ပင် တည်ရှိသည်။ ၎င်းကို ၁၉၈၃ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး အမေရိကန်နိုင်ငံပြီးလျှင် ပထမဆုံးဖွင့်လှစ်ခဲ့သည့် ဒစ်စနီပန်းခြံတစ်ခု ဖြစ်သည်။[၁] ပန်းခြံကို WED Enterprises မှ တည်ဆောက်ခဲ့ပြီး အမေရိရန်နိုင်ငံ၊ ကယ်လီဖိုးနီးယားရှိ ဒစ်စနီလန့်နှင့် ဖလော်ရီဒါပြည်နယ်ရှိ မက်ဂျစ်ကင်းဒမ်း (Magic Kingdom) တို့နှင့် ပုံစံတူအောင် ဆောက်လုပ်ထားသည်။ ၎င်းကို Oriental Land Company က ပိုင်ဆိုင်ပြီး Walt Disney Company ထံမှ လိုင်စင်ရယူထားသည်။ တိုကျိုဒစ်စနီလန့်နှင့် ၎င်းနှင့်တွဲဖက် တိုကျိုဒစ်စနီစီး ( Tokyo DisneySea) သည် Walt Disney Company မှ အလုံးစုံ မဟုတ်ပဲ အစိတ်အပိုင်းတစ်ခုအနေဖြင့်သာ ပိုင်ဆိုင်သည့် ဒစ်စနီပန်းခြံများ ဖြစ်ကြသည်။ သို့သော်လည်း ဤဒစ်စနီပန်းခြံများကို ပြင်ဆင်မွမ်းမံမှုအတွက်မူ ထိန်းချုပ်ကန့်သတ်မှုများ ရှိသည်။)

Tokyo Disneyland
ဖိုင်:Tokyo Disneyland logo (with castle).svg
Cinderella Castle is the icon of Tokyo Disneyland.
တည်နေရာTokyo Disney Resort, Urayasu, Chiba Prefecture, Japan
ကိုဩဒိနိတ်35°37′58″N 139°52′50″E / 35.63278°N 139.88056°E / 35.63278; 139.88056
ThemeFairy tales and Disney characters
စီမံခန့်ခွဲသူThe Oriental Land Company
ဖွင့်လှစ်ဧပြီ ၁၅၊ ၁၉၈၃; ၄၀ နှစ် အကြာက (၁၉၈၃-၀၄-15)
ဧရိယာ၁၁၅ ဧက (၄၇ ဟက်တာ)
ဝဘ်ဆိုဒ်Tokyo Disney Resort Homepage
အခြေအနေOperating

ပန်းခြံအတွင်းတွင် အဓိကနေရာ ခုနစ်နေရာ တည်ရှိသည်။ ၎င်းတို့မှာ World Bazaar (ကမ္ဘာ့ဈေးတန်း)၊ အခြားပုံမှန်ဒစ်စနီလန့် နေရာလေးခု ဖြစ်သည့် Adventureland, Westerndand, Fantasyland နှင့် Tomorrowland, အခြားသော အသေးစားနေရာနှစ်ခုဖြစ်သည့် Critter Country နှင့် Mickeytoon တို့ ဖြစ်ကြသည်။[၂] ဤနေရာများသည် ဒစ်စနီလန့်၏ မူလတည်ရှိရာဖြစ်သည့် အမေရိကန်နိုင်ငံရှိ ဒစ်စနီလန့်၏ ရုပ်ရှင်များနှင့် စိတ်ကူးစိတ်သန်းများကို ပုံရိပ်ထင်စေသည်။ ဖန်တစီလန့် (Fantasyland) တွင် ပီတာပန် Peter Pan ၏ လေယာဉ်၊ စနှိုးဝှိုက်၏ လူစွမ်းကောင်းလေးများ၊ ဆင်ပျံကလေး ဒမ်ဘို အစရှိသည့် ဒစ်စနီရုပ်ရှင်နှင့် သရုပ်သဏ္ဌာန်များကို ပြသထားသည်။ ပန်းခြံအား လွပ်လပ်သည့်နေရာများ ကျယ်ပြန့်စွာတည်ရှိသည့်အတွက် ပြောစမှတ်ပြုကြသည်။ ထို့အတွက်ကြောင့် များပြားသည့် လည်ပတ်လာသူများအား အဆင်ပြေစေသည်။ ၂၀၁၈ ခုနှစ်တွင် တိုကျိုဒစ်စနီလန့်အား လာရောက်လည်ပတ်သူသည် ၁၇.၉ သန်း ရှိခဲ့ပြီး ကမ္ဘာပေါ်တွင် Walt Disney World Resort ရှိ Magic Kingdom နှင့် Disneyland Resort ရှိ Disney Land Park တို့ပြီးလျှင် တတိယမြောက် လည်ပတ်သူအများဆုံး ပန်းခြံ ဖြစ်ခဲ့သည်။[၃]

ရည်ညွှန်းချက် ပြင်ဆင်ရန်

ဤပျော်ရွှင်သာယာဖွယ်နေရာသို့ လာသည့်အားလုံးကို ကြိုဆိုပါတယ်။ ဤနေရာတွင် သင်သည် မနေ့ကနှင့် မနက်ဖြန်တို့ရှိ Fantasy နှင့် Adventure တို့၏ တိုင်းပြည်နေရာကို နှစ်သက်ကြည်နူးဖွယ် မြင်တွေ့ရပါလိမ့်မည်။ တိုကျိုဒစ်စနီလန့်သည် ကမ္ဘာပေါ်ရှိ လူသားတို့အတွက် အဆုံးစွန်သော ပျော်ရွှင်မှု၊ ရယ်မောမှု၊ စိတ်ကူးယဉ်မှု၊ ဈာန်ဝင်စားမှုတို့၏ ဖြစ်ပါစေ။ ပြီးနောက် ဤမှော်ဆန်သည့် ပိုင်နက်သည် အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံတို့ကြားရှိ ပူးပေါင်းမှု၊ မိတ်ဆွေဖြစ်မှုတို့၏ ရေရှည်တည်တံ့ခိုင်မြဲမှု၏ အမှတ်သင်္ကေတတစ်ခု ဖြစ်ပါစေ။

— E. Cardon Walker, April 15, 1983[၄]

သမိုင်းကြောင်း ပြင်ဆင်ရန်

ချိဘခရိုင်တွင် ဒစ်စနီလန့်တစ်ခု ဆောက်လုပ်ရန်အတွက် ကနဦးစာချုပ်ချုပ်ဆိုခြင်းကို ၁၉၇၉ ခုနှစ်၊ ဧပြီလတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ဂျပန်လူမျိုး အင်ဂျင်နီယာများ၊ ဗိသုကာပညာရှင်များသည် ပန်းခြံအသစ်တစ်ခုဆောက်လုပ်ရန်အတွက် ကယ်လီဖိုးနီးယားရှိ ဒစ်စနီလန့်သို့ လာရောက်လည်ပတ်ကာ တည်ဆောက်မှုများအတွက် ပြင်ဆင်ကြသည်။[၅] အနာဂတ်ကာလတွင် ပန်းခြံ၌ မြင့်မားသည် အကျိုးဖြစ်ထွန်းစေရန်အတွက် ရာနှင့်ချီသည့် တုံ့ပြန်မှုများဖြင့် ဆုံးဖြတ်ချက်ချခဲ့ကြပြီး တစ်နှစ်ကြာပြီးနောက်တွင် ပန်းခြံတည်ဆောက်ခြင်းကို စတင်ခဲ့ကြသည်။ တိုကျိုဒစ်စနီလန့်အတွက် စုစုပေါင်းကုန်ကျစရိတ်သည် ယန်း ၁၈၀ ဘီလီယံ ရှိခဲ့ပြီး မျှော်မှန်းထားသည့် ယန်း ၁၀၀ ဘီလီယံထက် ပိုမိုများပြားခဲ့သည်။[၅]

အဓိကဧရိယာ ပြင်ဆင်ရန်

တိုကျိုဒစ်စနီလန့်သည် Disneyland နှင့် W alt Disney World's Magic Kingdom တို့ကဲ့သို့ပင် တူညီသည့် အသွင်အပြင်ရှိသည်။

World Bazaar ပြင်ဆင်ရန်

Adventureland ပြင်ဆင်ရန်

Westernland (Frontierland) ပြင်ဆင်ရန်

Critter Country ပြင်ဆင်ရန်

Fantasyland ပြင်ဆင်ရန်

Toontown ပြင်ဆင်ရန်

Tomorrowland ပြင်ဆင်ရန်

လာရောက်လည်ပတ်မှု ပြင်ဆင်ရန်

2008 2009 2010 2011 2012 2013 2014 2015 2016 2017 2018 Worldwide rank
14,293,000[၆] 13,646,000[၇] 14,452,000[၈] 13,996,000[၉] 14,847,000[၁၀] 17,214,000[၁၁] 17,300,000[၁၂] 16,600,000[၁၃] 16,540,000[၁၄] 16,600,000[၁၅] 17,907,000[၁၆] 3

တမ်းပလိတ်:Clr

အနာဂတ် ပြင်ဆင်ရန်

တိုကျိုဒစ်စနီလန့်ကို စတင်ဖွင့်လှစ်ခဲ့သည့် ၁၉၈၃ ခုနှစ်ကတည်းက ပုံမှန်အမြတ်အစွန်းအများဆုံး အပန်းဖြေနေရာတစ်ခု ဖြစ်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် လူပေါင်း ၁၄၉ သန်းကျော် လာရောက်လည်ပတ်ခဲ့ကြသည်။ ထိုအရေအတွက်သည် ထိုအချိန်၌ ရှိသည့် ဂျပန်နိုင်ငံ၌ လူဦးရေ ၁၂၇.၆ သန်း ထက်ပင် ပိုမိုများပြားနေသည်။ ၁၉၉၆ ခုနှစ်တွင် လူပေါင်း ၁၂၃၉၀ ဦးကို ခန့်အပ်ခဲ့ကာ တိုကျိုဒစ်စနီလန့်အား ဂျပန်နိုင်ငံ၌ ထိုအချိန်တွင် အကြီးမားဆုံးနေရာတစ်ခုဖြစ်အောင် ပြုလုပ်ခဲ့သည်။[၁၇][၁၇] ဝင်ရောက်လည်ပတ်မှုသည် အခြားသော ဂျပန်နိုင်ငံရှိ ပန်းခြံများကဲ့သို့ အရေအတွက် ဆင်တူသော်လည်း ဝင်ငွေရရှိမှုသည် အခြားသော ပန်းခြံများအားလုံးပေါင်းခြင်းထက်ပင် တိုကျိုဒစ်စနီလန့်က သာလွန်သည်။ ခန့်မှန်းတွေးတောမှုများစွာက တိုကျိုဒစ်စနီလန့်သည် စီးပွားရေးအရ အောင်မြင်နေရခြင်းမှာ အချိန်ကိုက်မှုနှင့် တည်နေရာကြောင့် ဖြစ်သည်ဟု ဆိုကြသည်။ ပန်းခြံသည် လူဦးရေ သန်း ၃၀ ရှိသည့် မြို့ပြဧရိယာတွင် တည်ရှိပြီး ဖွင့်လှစ်သည့်အချိန်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မြင့်မားနေသည့်အချိန်လည်း ဖြစ်သည်။ ထို့အပြင် အလုပ်အား ကြိုးစားလုပ်ကိုင်ကြသည့် နိုင်ငံသားများသည် လက်တွေ့အနေအထားမှ လွန်မြောက်သည့် နေရာတစ်ခုကို ဆန္ဒရှိနေကြသဖြင့် ဖြစ်သည်ဟု မှန်းဆကြသည်။[၁၈]

တိုကျိုဒစ်စနီလန့်သည် ၎င်းတို့၏ ပင်မရည်ရွယ်ချက်သည် ပန်းခြံအား တိုးတက်အောင် ပြုလုပ်ရန်နှင့် ပန်းခြံရှိ ပစ္စည်းများအား ကန့်သတ်မှုများမှ ခွဲထုတ်ရန် ဖြစ်သည်။ တိုကျိုဒစ်စနီလန့်သည် မကြာသေးမီက ပန်းခြံအား နိုင်ငံတော်နေရာတစ်ခုအဖြစ် ထည့်သွင်းခဲ့ပြီး ပန်းခြံအား ဆွဲဆောင်မှုများ ရှိစေရန်အတွက် ဂျပန်နိုင်ငံရှိ အရည်အသွေးဆိုင်ရာများကို ထည့်သွင်းခဲ့သည်။[၅]

ရုပ်ပုံများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ "Japan's Disneyland a little different"၊ Pittsburgh Post-Gazette၊ 9 October 2011။ Archived from the original on 10 January 2012။ 
  2. Attractions – Tokyo Disneyland။ Tokyo Disney Resort။ 2013-11-24 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-10-10 တွင် ပြန်စစ်ပြီး။
  3. TEA/AECOM 2018 Global Attractions ReportThemed Entertainment Association (2018)။ 2019-06-06 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-05-27 တွင် ပြန်စစ်ပြီး။
  4. Disney Dedication Plaques။ 8 August 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 July 2016 တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ ၅.၂ Oriental Land Co, Ltd. creation period – 50 years of History (1980-11-28)။ 2016-03-04 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-10-10 တွင် ပြန်စစ်ပြီး။
  6. TEA/AECOM 2008 Global Attractions Report။ Themed Entertainment Association (2008)။ 2013-03-02 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-11-20 တွင် ပြန်စစ်ပြီး။
  7. TEA/AECOM 2009 Global Attractions Report။ Themed Entertainment Association (2009)။ June 2, 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-11-20 တွင် ပြန်စစ်ပြီး။
  8. TEA/AECOM 2010 Global Attractions Report။ Themed Entertainment Association (2010)။ July 19, 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-11-20 တွင် ပြန်စစ်ပြီး။
  9. TEA/AECOM 2011 Global Attractions Report။ Themed Entertainment Association (2011)။ October 18, 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 20, 2012 တွင် ပြန်စစ်ပြီး။
  10. TEA/AECOM 2012 Global Attractions Report။ Themed Entertainment Association (2012)။ April 8, 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ July 25, 2013 တွင် ပြန်စစ်ပြီး။
  11. TEA/AECOM 2013 Global Attractions ReportThemed Entertainment Association (2014)။ 2014-06-06 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-06-06 တွင် ပြန်စစ်ပြီး။
  12. TEA/AECOM 2014 Global Attractions Attendance Report။ Themed Entertainment Association/AECOM (2015)။ May 27, 2016 တွင် ပြန်စစ်ပြီး။
  13. TEA/AECOM 2015 Global Attractions Attendance Report ReportThemed Entertainment Association (2016)။ June 18, 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 3, 2016 တွင် ပြန်စစ်ပြီး။
  14. TEA/AECOM 2016 Theme Index and Museum IndexThemed Entertainment Association (2016)။ June 2, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 6, 2017 တွင် ပြန်စစ်ပြီး။
  15. TEA/AECOM 2017 Theme Index and Museum IndexThemed Entertainment Association (2017)။ May 17, 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 17, 2018 တွင် ပြန်စစ်ပြီး။
  16. TEA/AECOM 2018 Theme Index and Museum IndexThemed Entertainment Association (2018)။ May 23, 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 23, 2019 တွင် ပြန်စစ်ပြီး။
  17. ၁၇.၀ ၁၇.၁ Raz, Aviad E (2000). "Domesticating Disney: Adaption in Tokyo Disneyland". Journal of Popular Culture 33.4 (4). doi:10.1111/j.0022-3840.2000.3304_77.x. 
  18. Rishou၊ Makiya (1994-04-12)။ Disneyland in Tokyo Is a 10-Year Hit : Entertainment: The attraction thrives, even during an economic downturn. It has had 140 million visitors.။ The Associated Press။ 2016-03-07 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-10-10 တွင် ပြန်စစ်ပြီး။