တီခွန်မြတ်

မြန်မာနိုင်ငံရေးသမား

ဦးတီခွန်မြတ် (၃၀ အောက်တိုဘာ ၁၉၅၀ မွေးဖွား) သည် မြန်မာနိုင်ငံသား၊ ကချင်လူမျိုး နိုင်ငံရေးသမား၊ ရှေ့နေနှင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံရသည်။[၁][၂]၂၀၁၈ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် လစ်လပ်သွားသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရာထူးအတွက် ရွေးချယ်ခန့်အပ်ခြင်းခံရသည်။


ဦးတီခွန်မြတ်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၂ မတ် ၂၀၁၈
လက်ထောက်ဦးထွန်းထွန်းဟိန်
ယခင်လူဦးဝင်းမြင့်
ပြည်ထောင်စုလွှတ်တော် နာယက
တာဝန်သက်တမ်း
၁ ဩဂုတ် ၂၀၁၈ – ၃၁ ဇန်နဝါရီ ၂၀၂၁
ယခင်လူမန်းဝင်းခိုင်သန်း
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၁၆ – ၂၂ မတ် ၂၀၁၈
ယခင်လူဦးနန္ဒကျော်စွာ
ဆက်ခံသူဦးထွန်းထွန်းဟိန်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၁၁ – ၃၁ ဇန်နဝါရီ ၂၀၂၁
ယခင်လူအခြေခံဥပဒေစတင်
မဲဆန္ဒနယ်ကွတ်ခိုင်မြို့နယ်
ကွတ်ခိုင်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင်
တာဝန်သက်တမ်း
၁၉၉၀ – ၂၀၁၀
ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူး
တာဝန်သက်တမ်း
၁၉၉၀ – ၂၀၁၀
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1950-10-30) အောက်တိုဘာ ၃၀၊ ၁၉၅၀ (အသက် ၇၃)
ကွတ်ခိုင်မြို့နယ်ရှမ်းပြည်နယ်
လူမျိုးမြန်မာ
နိုင်ငံရေးပါတီတစ်သီးပုဂ္ဂလ (၂၀၁၆–လက်ရှိ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (-၂၀၁၆)
ကြင်ဖော်(များ)ဒေါ်ရင်မေ
မိဘဦးတီခွန်ဂေါင်(ဖခင်)
ဒေါ်ဖော်ဂျန်ထု (မိခင်)
နေထိုင်ရာကွတ်ခိုင်မြို့
မိခင်ကျောင်းရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်
အလုပ်အကိုင်နိုင်ငံရေးသမား၊ ရှေ့နေ
ကိုးကွယ်သည့်ဘာသာခရစ်ယာန်

အစောပိုင်းဘဝ နှင့် ပညာရေး ပြင်ဆင်ရန်

ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် အလုပ်သင်ရှေ့နေအဖြစ် လက်တွေ့သင်ကြားပြီး ၁၉၇၆ မတ်လတွင် ဥပဒေဝန်ထမ်းအဆင့် ၄၊ ၁၉၈၁ မှ ၁၉၈၄ ထိ ကွတ်ခိုင်မြို့နယ် ပြည်သူ့ကောင်စီအလုပ်အမှုဆောင်၊ ၁၉၈၅ မှ ၁၉၈၈ ထိ တောင်ငူမြို့နယ် ဥပဒေရုံးတွင် ဥပဒေဝန်ထမ်းအဆင့် ၃၊ ၁၉၈၈ မှ ၁၉၉၀ ထိ ကွတ်ခိုင်မြို့နယ် မဝတ အတွင်းရေးမှူး၊ ၁၉၉၀ မှ ၂၀၁၀ ဇူလိုင်လ ထိ ရှေ့နေချုပ်ရုံး ဥပဒေညွှန်ကြားရေးမှူး အဖြစ် တွဲဖက်ထားပြီး အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲမှုကိုခံယူ၍ ကွတ်ခိုင်ပြည်သူ့စစ်(ဌာနေ)၊ တိုက်ခိုက်ရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့ခေါင်းဆောင်အဖြစ် ထမ်းဆောင်ခဲ့သည်။ ၎င်းအပြင် ၂၀၀၇ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မရှင်တွင်လည်းကောင်း၊ ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံရေး ပြင်ဆင်ရန်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ကွတ်ခိုင်မြို့နယ်အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်အလုပ်အမှုဆောင်အဖြစ် လည်းကောင်း၊ ကွတ်ခိုင်ပြည်သူ့စစ် (တိုက်ခိုက်ရေးရဲတပ်ဖွဲ့) တပ်ဖွဲ့ခေါင်းဆောင် တာဝန်ထမ်းဆောင်ခဲ့သည်။[၃][၂]

၂၀၁၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ကွတ်ခိုင်မဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုး ပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံရပြီး၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သည်။[၄][၁]

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်လည်း ကွတ်ခိုင်မဲဆန္ဒနယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ ၂၀၁၅ ခုနှစ်မှာပင် သူရဦးရွှေမန်းနှင့်အတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။[၅]

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် နုတ်ထွက်ပြီးနောက် ဦးတီခွန်မြတ်အား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသစ်အဖြစ် တင်မြှောက်ခြင်း ခံရပြီး ၂၀၁၈ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။[၅]

၂၀၂၁ နောက်ပိုင်းကာလများ ပြင်ဆင်ရန်

၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီး​နောက်တွင် ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ ပုဒ်မ (၄၂၄)၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ (၁၇) တို့ အရ ဦးတီခွန်မြတ်သည် လွှတ်​တော်ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ [၆][၇] ဦးတီခွန်မြတ်သည်  ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်က ခေတ္တထိန်းသိမ်းခံရသည်။[၈] ထိုနေ့က နေပြည်တော်တွင် ပြုလုပ်သည့်  ယာယီသမ္မတ ဦးမြင့်ဆွေ ဦးဆောင်ကျင်းပသည့် စစ်တပ်ခေါင်းဆောင်များသို့ အာဏာလွှဲမှုတွင် သူ မပါခဲ့ပေ။[၉] သို့သော် အရေးပေါ်အခြေအနေကို  နောက်ထပ် ခြောက်လစီ သက်တမ်းတိုးသော ၂၀၂၂ခုနှစ် ဇန်နဝါရီ ၃၁ရက်က ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး(၁/၂၀၂၂)[၁၀] ၊ ၂၀၂၂ခုနှစ် ဇူလိုင်လ ၃၁ရက်က ကျင်းပသည့်  အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး(၂/၂၀၂၂)[၁၁] ၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ရက်က ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ‌ရေးကောင်စီ အစည်းအဝေး (၁/၂၀၂၃)[၁၂] ၊ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ရက်က ကျင်းပသည့် အမျိုးသား ကာကွယ်‌ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၃)[၁၃] များသို့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌအဖြစ် တက်ရောက်သည်။

မူးယစ်ဆေးဝါးပြဿနာများ ပြင်ဆင်ရန်

ဦးတီခွန်မြတ်သည် ကွတ်ခိုင်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းတစ်ဦး ဖြစ်ခဲ့ပြီး မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းနှင့် ငွေကြေးခဝါချခြင်းတို့တွင် ပါဝင်ပတ်သက်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ငွေကြေးခဝါချခြင်းများကြောင့် ဖျက်သိမ်းသွားခဲ့ပြီးဖြစ်သော မြန်မာမေဖလားဝါးဘဏ်တွင် ရှယ်ယာဝင်တစ်ဦး ဖြစ်ခဲ့သည်။ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းများတွင် ပါဝင်မှုမရှိကြောင်း ဦးတီခွန်မြတ်က ငြင်းဆိုခဲ့သည်။[၁][၁၄][၃][၂]

ရရှိခဲ့သော ဆုတံဆိပ်များ ပြင်ဆင်ရန်

ရဲသူရတံဆိပ် (၁၉၈၉)၊ နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ် (၁၉၈၉)၊ ဝန်ထမ်းကောင်းဆု(၁၉၈၉)၊ ရှေ့နေချုပ်ဒုတိယအဆင့် (၁၉၉၀)၊ ရဲချုပ်ဂုဏ်ထူးဆောင် လက်မှတ် (၁၉၉၃)၊ စီမံထူးချွန်တံဆိပ် တတိယအဆင့်(၂၀၀၂)၊ စီမံထူးချွန်တံဆိပ် (ဒုတိယအဆင့်) (၂၀၀၄)၊ ရှေ့နေချုပ်ပထမအဆင့်(၂၀၀၅) တို့ကို ရရှိခဲ့သည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ရက်တွင် ၎င်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က အမိန့်ကြော်ငြာ စာအမှတ် ၂၁၁/ ၂၀၂၂ ဖြင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုဖြစ်သည့်  သီရိပျံချီ ဘွဲ့ ချီးမြှင့်အပ်နှင်းသည်။ [၁၅]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ USDP Incumbents Bring Guns, Alleged Drug Ties to 2015 RaceThe Irrawaddy
  2. ၂.၀ ၂.၁ ၂.၂ The drug war in Myanmar’s mountainsIRIN။ 2 February 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 March 2018 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ NLD confirms parliament speakers; Nominee for deputy parliament speaker T Khun Myat unclear from opium။ 18 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 March 2018 တွင် ပြန်စစ်ပြီး။
  4. People's Assembly - Committees - Parliament Watch - ALTSEAN Burma။ 5 December 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 March 2018 တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ Frontier။ "T Khun Myat: Who is the new Pyithu speaker?" (in en)၊ Frontier Myanmar 
  6. "၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ"။ 
  7. "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၂) ကျင်းပ"။ 
  8. ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပွဲ ဖမ်းဆီးခံရသူများစာရင်းRFA Burmese (၁ ဖေဖော်ဝါရီ ၂၀၂၁)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. နိုင်ငံတော် ကို အရေးပေါ်အခြေအနေ တစ်နှစ်ကြေညာ၊ တပ်မတော် ဗိုလ်ချုပ်ဟောင်း လက်ရှိ ဒုသမ္မတ ဦးမြင့်ဆွေက ယာယီ သမ္မတအဖြစ် တာဝန်ယူBBC Burmese (၁ ဖေဖော်ဝါရီ ၂၀၂၁)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  10. ကာလုံအစည်းအဝေးခေါ်ယူပြီး စစ်တပ်အာဏာသိမ်းသက်တမ်း ၆ လထပ်တိုး၊ ပြည်သူကို ကာကွယ်မှုမပေးနိုင်ခဲ့ဟု စစ်ခေါင်းဆောင် ဝန်ခံDVB News (၁ ဖေဖော်ဝါရီ ၂၀၂၂)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  11. အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာလုံ) အစည်းအဝေးကျင်းပပြီး အရေးပေါ်ကာလအား ခြောက်လသက်တမ်းတိုးEleven Media Group (၃၁ ဇူလိုင် ၂၀၂၂)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  12. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၃)ကျင်းပMOI Myanmar (၃၁ ဇန်နဝါရီ ၂၀၂၃)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  13. ကာလုံခေါ်ပြီး စစ်ကောင်စီ သက်တမ်း ၆ လ ထပ်တိုးBBC Burmese (၃၁ ဇူလိုင် ၂၀၂၃)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  14. NLD claims to have monitored everyone from Shan state including T Khun Myat since 2014။ 24 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 March 2018 တွင် ပြန်စစ်ပြီး။
  15. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကော်ငြာစာအမှတ် ၂၁၁/ ၂၀၂၂ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းMOI Myanmar (၁၈ နိုဝင်ဘာ ၂၀၂၂)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။