တောင်တရုတ်ပင်လယ် ဟု လူသိများသော ဆောက်ချိုင်းနားပင်လယ် သည် ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း၏ အနားသတ်ပင်လယ် ဖြစ်သည်။ မြောက်ဘက်တွင် တရုပ်နိုင်ငံတောင်ပိုင်းမှ ကမ်းရိုးတန်း ရှိပြီး ယင်းကပင် တောင်တရုပ်ပင်လယ်ဟူသောအမည်ကို ရ၏။ အနောက်ဘက်တွင် အင်ဒိုချိုင်းနားကျွန်းဆွယ်၊ အရှေ့ဘက်တွင် ထိုင်ဝမ်ကျွန်းစု၊ အနောက်မြောက်ဘက်တွင် ဖိလစ်ပိုင်နိုင်ငံ (အထူးသဖြင့် လူဇွန်၊ မင်ဒိုရိုနှင့် ပလဝမ်ကျွန်းများ)၊ တောင်ဘက်တွင် ဘော်နီယိုကျွန်း၊ အရှေ့ဆူမတြားကျွန်းနှင့် ဘန်ကာဘယ်လီတန်းကျွန်းများ အသီးအသီး ရှိသည်။ အကျယ်အဝန်း ခန့်မှန်းဧရိယာမှာ ၃,၅၀၀,၀၀၀ စတုရန်းကီလိုမီတာ (၁,၄၀၀,၀၀၀ စတုရန်းမိုင်) ပတ်ဝန်းကျင် ရှိ၏။  ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကာ အရှေ့တရုပ်ပင်လယ်ဖြင့်၎င်း၊ လူဇွန်ရေလက်ကြားကိုဖြတ်ကာ ဖိလစ်ပိုင်ပင်လယ်ဖြင့်၎င်း၊ မင်ဒိုရိုရေလက်ကြားနှင့် ဘယ်လာဘက်ရေလက်ကြားတို့ကို ဖြတ်ကာ ဆူလူပင်လယ်ဖြင့်၎င်း၊ စင်္ကပူရေလက်ကြားကို ဖြတ်ကာ မလက္ကာရေလက်ကြားသို့၎င်း၊ ကရီမတာရေလက်ကြားနှင့် ဘန်ကာရေလက်ကြားတို့ကို ဖြတ်ကာ ဂျာဗားပင်လယ်ဖြင့်၎င်း၊ ဆက်သွယ်နေသည်။ ထိုင်းပင်လယ်ကွေ့နှင့် တုံကင်ပင်လယ်ကွေ့တို့သည်လည်း ဤပင်လယ်၏ အစိတ်အပိုင်းများ ဖြစ်၏။ ရီအူကျွန်းစုများ၏ တောင်ဘက်ရှိ ရေတိမ်ပိုင်းကို နတ်တူနာပင်လယ်ဟု အမည်သီးခြားဖြင့် လူသိများသည်။

တောင်တရုတ်ပင်လယ်
တောင်တရုတ်ပင်လယ်၏ ဂြိုဟ်တုဓာတ်ပုံ
South China Sea သည် South China Sea တွင် တည်ရှိသည်
South China Sea
South China Sea
South China Sea သည် အရှေ့တောင်အာရှ တွင် တည်ရှိသည်
South China Sea
South China Sea
South China Sea သည် အာရှတိုက် တွင် တည်ရှိသည်
South China Sea
South China Sea
တောင်တရုတ်ပင်လယ်၏ အရှေ့မြောက်အပိုင်း
ကိုဩဒိနိတ်12°N 113°E / 12°N 113°E / 12; 113ကိုဩဒိနိတ်: 12°N 113°E / 12°N 113°E / 12; 113
အမျိုးအစားပင်လယ်
အစိတ်အပိုင်းပစိဖိတ် သမုဒ္ဒရာ
မြစ်ချောင်းရင်းမြစ်
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများ
မျက်နှာပြင် ဧရိယာ၃,၅၀၀,၀၀၀ စတုရန်း ကီလိုမီတာ (၁,၄၀၀,၀၀၀ စတုရန်းမိုင်)
ကျွန်းများတောင်တရုတ်ပင်လယ်ရှိ ကျွန်းများစာရင်း
ချောက်များမနီလာချောက်
အနီးရှိမြို့များ

တောင်တရုပ်ပင်လယ်သည် စီးပွားရေးအရ၎င်း၊ ပထဝီဝင်မဟာဗျူဟာအရ၎င်း အချက်အချာကျသော နယ်ပယ်ဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်ရေကြောင်း၏ သုံးပုံတပုံမှာ ဤပင်လယ်တွင်း၌ ဖြတ်သန်းနေ၏။ တနှစ်လျှင် ဒေါ်လာ ၃ ထရီလျံဖိုး ကုန်သွယ်နေသော ပင်လယ်တည်း။ [၁] ရေအောက်ကြမ်းပြင်တွင် များစွာသော ရေနံနှင့်သဘာဝဓာတ်ငွေ့တို့ ရှိနိုင်ကြောင်း ယုံကြည်ကြသည်။ [၂] အမြတ်အစွန်းများသော ငါးဖမ်းလုပ်ငန်းတို့ ကျက်စားရာပင်လယ်ဖြစ်ပြီး အရှေ့တောင်အာရှဒေသရှိ သန်းပေါင်းများစွာသော သူတို့၏ စားနပ်ရိက္ခာဖူလုံရေးအတွက် အလွန်အရေးပါသည်။

တောင်တရုပ်ပင်လယ်ရှိ ကျွန်းများမှာ ကျွန်းစုအလိုက် အများအပြား ရှိနေပြီး များသောအားဖြင့် လူမနေ။ ရေတိမ်ကျောက်တန်း၊ ကျွန်းမွှားတို့မှာ ရာချီ၍ ရှိသည်။ ယင်းကျွန်းတို့ကို နယ်နိမိတ်နီးစပ်ရာ နိုင်ငံအသီးသီးက ယင်းတို့ပိုင်အဖြစ် အဆိုပြုကြသည်။ ယင်းသို့ ဆိုင်ရာဆိုင်ရာ သတ်မှတ်ကြသဖြင့် ကျွန်းတခုတွင် နာမည်အမျိုးမျိုး ရှိနေ၏။

ကိုးကား ပြင်ဆင်ရန်

  1. "How Much Trade Transits the South China Sea?". ChinaPower, August 4, 2017.
  2. A look at the top issues at Asian security meeting Associated Press, Robin McDowell, July 21, 2011.