ရွှေဖျဉ်းကြီးနှင့် ရွှေဖျဉ်းငယ်နတ်တို့သည် ပုဂံအနော်ရထာမင်းလက်ထက်(၄ဝ၆-၄၃၉) သထုံမြို့မှ ဗျတ္တနှင့် ပုပ္ပားပန်းစားဘီလူးမတို့၏သားများဖြစ်သည်။ တောင်ပြုံးအရပ်တွင် အနော်ရထာမင်းဘုရားတည်ရာ၌ အုတ်နှစ်ချပ်လစ်လပ်သည်ဆို၍ ဘုရင်ကကွပ်မျက်ရာမှနတ်ဖြစ်သည်ဟုဆိုသည်။ ရွှေဖျဉ်းကြီးနတ်ရုပ်မှာ အောက်ခုံဇွန်းရိုးပလ္လင်ပြန့်ပေါ်တွင် လက်ျာဒူးထောင်၍ လက်ဝဲဒူးလှဲပြီးလျှင် ယာလက်ကဓားထမ်းကာ ဝဲလက်က ပေါင်ကိုထောက်ကာထောက်ထားသည်။ ဗောင်းနားတောင်း လက်ကောက်တန်ဆာနှင့်ရှိသည်။ ရွှေဖျဉ်းငယ်အတွက်လည်း ပုံအနည်းငယ် ငယ်သည်မှတစ်ပါး ရွှေဖျဉ်းကြီးအတိုင်း ထုလုပ်ရသည်။[၁]

တောင်ပြုံးမင်းနှစ်ပါးနှင့် မယ်တော် မယ်ဝဏ္ဏ

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃) သုံးဆဲ့ခုနှစ်မင်း