တောင်အာဖရိက စံတော်ချိန်(အင်္ဂလိပ်: South African Standard Time) (SAST) သည် တောင်အာဖရိနိုင်ငံတစ်ဝန်းလုံး အသုံးပြုသည့်အပြင် အဲ့စ်ဝါတီးနီနိုင်ငံနှင့် လီဆိုသိုနိုင်ငံတို့မှ အသုံးပြုသည်။ ထိုစံတော်ချိန်သည် Coordinated Universal Timeထက် နှစ်နာရီရှေ့ရောက်သောအချိန်(UTC+02:00)ကို အသုံးပြုပြီး ဗဟိုအာဖရိကဒေသ စံတော်ချိန်နှင့် အတူတူပင်ဖြစ်သည်။ ထိုအချိန်ဇုန်နှစ်ခုလုံးတွင် နေ့အလင်းရောင် ထိန်းသိမ်းသောအချိန်ကို အသုံးပြုခြင်း မရှိပေ။ ထိုအချိန်ဇုန်တွင် နေမွန်းတည့်ချိန်သည် 30° E တွင် ဖြစ်ပေါ်ပြီး ပီတာမာရစ်ဘတ်မြို့(Pietermaritzburg)တွင် မှန်ကန်သောနေမွန်းတည်မှတ်အား ဖြစ်ပေါ်ပြီး ဂျိုဟန္နက်စဗတ်မြို့နှင့် ပရီတိုရီးယားမြို့(Pretoria)တို့တွင် အနည်းငယ်အနောက်ဘက်ကို 28° E ၌ဖြစ်ကာ ဒါဘန်းမြို့ (Durban) တို့ အနည်းငယ်အရှေ့ရောက်သော 31° E တွင် ဖြစ်ပေါ်သည်။ ထို့ကြောင့် တောင်အာဖရိကနိုင်ငံသားတို့သည် မှန်ကန်သော နေမွန်းတည့်ချိန်ကို 12:00 တွင် နေ့စဉ်တွေ့မြင်ရသည်။

အာဖရိကတိုက်ရှိ အချိန်ဇုန်များ:
 -01:00  ကိတ်ဗာဒီ စံတော်ချိန်[a]
 ±00:00  ဂရင်းနစ်စံတော်ချိန်
 +01:00 
 +02:00 
 +03:00  အရှေ့အာဖရိကဒေသ စံတော်ချိန်
 +04:00 
a ကိတ်ဗာဒီကျွန်းသည် အာဖရိကပင်မကုန်းမြေ၏ အနောက်ဘက်တွင်ရှိသော ကျွန်းဖြစ်သည်။
b မောရစ်ရှနှင့် ဆေးရှဲတို့သည် မဒါဂတ်စကား၏ အရှေ့နှင့် အရှေ့မြောက်တွင် အသီးသီးတည်ရှိသည်။

သို့ပေမယ့်လည်း အနောက်ပိုင်းတွင်ရှိသည် မြောက်ပိုင်းကိပ်ပြည်နယ်နှင့် အနောက်ပိုင်းကိပ်ပြည်နယ်တို့တွင် ကွဲပြားခြားနားမှုရှိသည်။ 22°30′ E တွင်တည်ရှိသော အနောက်ဘက်နယ်မြေတိုင်းသည် တစ်နှစ်ပတ်လုံး နေ့အလင်းရောင်ထိန်းသိမ်းသောအချိန်ကို တွေ့ကြုံနေရသကဲ့သို့ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏တည်နေရာသည် အမှန်တကယ်တွင် UTC+01:00ဖြစ်သော်လည်း တောင်အာဖရိကစံတော်ချိန်ကိုသာ အသုံးပြုသည်။ ထို့ကြောင့် နိုင်ငံ၏တခြား‌သောဒေသများနှင့်နှိုင်းယှဉ်လျှင် ကိပ်တောင်းမြို့၌ နေဝင်ချိန်နှင့် နေထွက်ချိန်သည် အတော်လေးနောက်ကျ၍နေသည်။

တောင်အာဖရိကနိုင်ငံ၏ အနောက်ဘက်နှင့် အရှေ့ဘက်ဆုံးအဓိကမြို့များ၏ နေ့အလင်းရောင်နာရီကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အောက်ပါအတိုင်းတွေ့ရသည်။

ဇန်နဝါရီ ၁ ဇူလိုင် ၁
ကိပ်တောင်းမြို့ ၀၅:၃၈–၂၀:၀၁ ၀၇:၅၂–၁၇:၄၈
ဒါဘန်းမြို့ ၀၄:၅၈–၁၉:၀၀ ၀၆:၅၂–၁၇:၀၇

South African National Time Standard သို့မဟုတ် 'SA Time' Master Clock ကို ပရီတိုးရီးယားမြို့ရှိ တောင်အာဖရိက အမျိုးသား မိုးလေဝသ အင်စတီကျူ၏ အချိန်နှင့်လှိုင်းနှုန်းဓာတ်ခွဲခန်းတွင် ထိန်းသိမ်းထားသည်ပြီး NTP Internet Time service မှတဆင့် အများပြည်သူသို့ ဖြန့်ဝေသည်။[၁][၂]

ကိုးကား ပြင်ဆင်ရန်

  1. Archived copy။ 13 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 July 2021 တွင် ပြန်စစ်ပြီး။
  2. Archived copy။ 9 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 July 2021 တွင် ပြန်စစ်ပြီး။