တွမ်ဟော်လန်

အင်္ဂလန်သရုပ်ဆောင်

တောမတ်စ် စတန်လေ ဟော်လန် (အင်္ဂလိပ်: Thomas Stanley Holland; ၁ ဇွန် ၁၉၉၆ မွေးဖွား)[၁] သည် အင်္ဂလိပ် သရုပ်ဆောင်တစ်ဦး ဖြစ်သည်။ လန်ဒန်မြို့ရှိ BRIT ကျောင်းမှ ဘွဲ့ရရှိခဲ့ပြီးနောက် ၂၀၀၈ မှ ၂၀၁၀ ခုနှစ်အထိ လန်ဒန်ရှိ West End ကဇာတ်ရုံတွင် Billy Elliot the Musical ပြဇာတ်တွင် ခေါင်းဆောင်အဖြစ် ကပြ သရုပ်ဆောင်ခဲ့သည်။ ၂၀၁၂ ခုနှစ်ထွက် The Impossible ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ခဲ့ရာ London Film Critics Circle Award မှ တစ်နှစ်တာ အကောင်းဆုံး ဗြိတိန်လူငယ်ဆုကို ရရှိခဲ့ပြီး လူသိများလာခဲ့သည်။

တွမ်ဟော်လန်
၂၀၁၆ ဆန်ဒီရေဂို ကောမစ်ကွန်ပွဲတော်တွင် တွေ့ရသော တွမ်ဟော်လန်
ဇာတိ အမည်Tom Holland
မွေးဖွားတောမတ်စ် စတန်လေ ဟော်လန်
(1996-06-01) ၁ ဇွန်၊ ၁၉၉၆ (အသက် ၂၇)
Kingston upon Thames, လန်ဒန်မြို့၊ အင်္ဂလန်
ပညာရေးBRIT School
အလုပ်အကိုင်သရုပ်ဆောင်
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၆–လက်ရှိ
မိဘ(များ)
  • ဒိုမစ်နစ် ဟော်လန် (ဖခင်)

မာဗယ် ရုပ်ရှင်စကြဝဠာမှ လူစွမ်းကောင်း ရုပ်ရှင်များဖြစ်သော Captain America: Civil War (၂၀၁၆), ပင့်ကူလူသား အိမ်ပြန်လာခြင်း (၂၀၁၇), Avengers: Infinity War (၂၀၁၈), Avengers: Endgame (၂၀၁၉), နှင့် Spider-Man: Far From Home (၂၀၁၉) ရုပ်ရှင်ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့ရာမှ ထင်ရှားကျော်ကြားခဲ့သည်။ Tom Holland သည် ၂၀၂၂ ခုနှစ်တွင် ထွက်ရှိမည့် Spider-Man: No Way Home ဇာတ်ကားတွင် ဆက်လက်ပါဝင်ထားသည်။ Tom Holland သည် အရပ် 5'6" လက်မရှိသည်။

.
ဆိုနီရုပ်ရှင်ထုတ်လုပ်ရေးမှ တွမ်ဟော်လန်
.
တွမ်ဟော်လန်၏ နောက်ဆုံးထွက် စပိုက်ဒါမန်းရုပ်ရှင်

ကိုးကား ပြင်ဆင်ရန်

  1. Profile, tribute.ca; accessed 24 June 2015.