ထင်း

မီးအတွက်ထင်းအသုံးပြုခြင်း

ထင်းသည် လောင်စာအဖြစ် အသုံးပြုစုစောင်းထားသည့် သစ်ထွက်ပစ္စည်းဖြစ်သည်။ အကိုင်းနှင့်အတုံးများကို ထင်းအဖြစ် အသုံးပြုကြသည်။ ထင်းများတွင် အစိုနှင့် အခြောက်နှစ်မျိုးရှိသည်။ ၎င်းကို အမာနှင့် အပျော့ဟူ၍ ပုံမှန်အားဖြင့် နှစ်မျိုးနှစ်စားခွဲခြားထားသည်။

အဆောက်အဦးတစ်ခု ဘေးနားတွင် ထင်းပုံတစ်ခုကို မြင်ရပုံ
ခွဲထားသည့် ထင်းသားများကို မြင်ရပုံ

ထင်းသည် ပြန်လည်ကာ အသုံးပြုနိုင်သည့် ပစ္စည်းဖြစ်သည်။ သို့သော်လည်း လောင်စာအတွက် လိုအပ်ချက်သည် မြင့်မားလာသည့်အတွက်ကြောင့် ထင်းကို ပြန်လည်ကာ အသုံးပြုနိုင်ရန် စီစဉ်လာကြသည်။ သစ်ထုတ်လုပ်ငန်းတိုးတက်လာမှုနှင့် ကိရိယာပစ္စည်းများ အဆင့်မြင့်လာမှုသည် ဒေသ၏ သစ်သားထုတ်လုပ်မှုကို တိုးတက်လာစေသည်။

ထင်းထုတ်လုပ်ခြင်း ပြင်ဆင်ရန်

ထင်းများကို ထုပ်လုပ်ခြင်းနှင့် စုဆောင်းခြင်းသည် ဒေသနှင့် ယဉ်ကျေးမှုကိုမူတည်ကာ ပုံစံ ကွဲပြားမှု ရှိသည်။ အချို့နေရာများတွင် ထင်းထုတ်လုပ်ရန်အတွက် နေရာများကို တိတိကျကျ သတ်မှတ်ထားကြသည်။ အခြားသော နေရာတို့တွင် စိုက်ပျိုးမြေအဖြစ် ပြုလုပ်ရန်အတွက် ထိုမြေတွင် ရှိနေသည့် သစ်ပင်များကို ထင်းအဖြစ် ထုတ်လုပ်သည်လည်း ရှိသည်။ ထင်းထုတ်လုပ်ရာတွင် အုပ်စုလိုက်သော်လည်းကောင်း၊ မိသားစုအလိုက်သော်လည်းကောင်း၊ အခြားသော အမျိုးမျိုးသော ပုံစံများဖြင့် ထုတ်လုပ်ကြသည်။ ထင်းထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းနှင့် နည်းလမ်းများမှာမူ ကွဲပြားကြသည်။

ဩစတြေးလျ ပြင်ဆင်ရန်

ဩစတြေးလျနိုင်ငံတွင် များသောအားဖြင့် များပြားစွာ ပေါက်ရောက်ရှင်သန်နေကြသည့် ထင်ရူးပင်များကို ထင်းအဖြစ် ထုတ်လုပ်ကြသည်။ ခြောက်သွေ့ကာ အောက်သို့ ပြုတ်ကျနေသည် ကိုင်းများကို ခြများသည် စားလိုက်ကြပြီး ဆွေးမြေ့ပျက်စီးသွားကြသည်။

ပြင်ဆင်ခြင်း ပြင်ဆင်ရန်

ကမ္ဘာ့နေရာအများစုတွင် ထင်းကို ခုတ်လှဲပြီးနောက် သယ်ယူရန်အတွက် ပြင်ဆင်ကြသည်။ ထို့နောက်တွင် လောင်စာအဖြစ်အသုံးပြုနိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်မည့် နေရာသို့ ရွှေ့ပြောင်းကြရသည်။ ထင်းမှ မီးသွေးပြုလုပ်ခြင်းကိုမူ ထင်းခုတ်လှဲသည့် နေရာတွင်ပင် ပြုလုပ်နိုင်သည်။

များသောအားဖြင့် ယနေ့ခေတ်ထင်းထုတ်လုပ်ရာတွင် ထင်းခွဲခြင်းကို ပြုလုပ်ကြသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် မြန်မြန်ဆန်ဆန် ခြောက်သွေ့စေနိုင်သည်။ ယနေ့ခတ်တွင် ခွဲသည့်စက်များကို အသုံးပြုလာကြသည်။

သိမ်းဆည်းခြင်း ပြင်ဆင်ရန်

ထင်းများကို သိမ်းဆည်းရာတွင် နည်းလမ်းအမျိုးမျိုးရှိသည်။ ပုံမှန်စုပုံထားခြင်းနှင့် သတ်မှတ်ထားသည့် ပုံစံဖြင့် စုပုံထားခြင်း ဖြစ်သည်။ ထင်းများကို သိမ်းဆည်းခြင်းသည် ထင်းများကို ရေစိုစွတ်မှုမှ ကာကွယ်ရန်နှင့် အခြောက်ခံမှုကို ဆက်လက်ထိန်းသိမ်းထားရှိရန် ဖြစ်သည်။

အတိုင်းအတာ ပြင်ဆင်ရန်

ထင်းကို ထင်းပုံ၏ ထုထည်ကို ကြည့်ကာ တိုင်းတာကြသည်။ အသုံးပြုကြသည့် ယူနစ်မှာလည်း ကမ္ဘာတစ်ဝန်း အမျိုးမျိုး အပြောင်းအလဲရှိနိုင်သည်။ ထင်းကို တိုင်းတာရာတွင် ခန့်မှန်းခြေဖြင့် စဉ်းစားကာ တိုင်းတာကြသည်။

ရုပ်ပုံများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်