ထမင်းချဉ် သည် မြန်မာအစားအစာ တစ်မျိုး ဖြစ်ပြီး အချဉ်ဖောက်ထားသော ထမင်း ဖြစ်သည်။ ရှမ်းပြည်နယ်အင်းလေးဒေသရှိ အင်းသားလူမျိုးတို့၏ အစားအစား တစ်ခု ဖြစ်သည်။

ထမင်းချဉ်
အင်းလေးစားသောက်ဆိုင်တစ်ခုမှ ထမင်းချဉ်
အဓိကသုံးဆောင်မှုနံနက်စာ၊ နေ့လယ်စာ
မူရင်းနိုင်ငံမြန်မာနိုင်ငံ
ဒေသအင်းလေးကန်၊ ရှမ်းပြည်နယ်
အဓိက ပါဝင်ပစ္စည်းထမင်းချဉ်၊ ငါး၊ အာလူး၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ဆီချက်
Cookbook: ထမင်းချဉ်  Media: ထမင်းချဉ်

ထမင်းချဉ်တွင် လတ်ဆတ်သော သို့မဟုတ် အချဉ်ဖောက်ထားသော ထမင်း၊ ငါးအသားပြုတ် (အင်းလေးတွင် ဖမ်းဆီးရမိနိုင်သော ငါးမြစ်ချင်းကဲ့သို့သော ငါး)၊ ခရမ်းချဉ်သီးအနှစ်၊ ချေထားသော အာလူးပြုတ်အနှစ်၊ ကြက်သွန်မြိတ် စသည်တို့ ပါဝင်သည်။

ကြက်သွန်မြိတ်နှင့် ကြက်သွန်ဖြူနီဆီချက်တို့ကို ထမင်းအပေါ်မှ တင်ကာ သုံးဆောင်ကြသည်။ ထမင်းချဉ်ကို ငရုတ်သီးဆီချက်ဖြင့်လဲ ပြုလုပ်ကြသည်။

အခြားကြည့်ရန် ပြင်ဆင်ရန်