ထိပ်စုဘုရားကြီး

ဗမာမင်းသမီး

ထိပ်စုဘုရားကြီးသည် သီ​ပေါမင်းနှင့် စုဖုရားလတ်တို့၏ စတုတ္ထသမီး​တော် ထိပ်စုမြတ်ဖုရား​လေးနှင့် ကိုကိုနိုင်တို့၏ ဒုတိယသမီး​ဖြစ်သည်။ [၁]

ပထမ အဆင့်ရှိ မင်းသမီး
ထိပ်စုဘုရားကြီး
မွေးဖွား(1923-04-05)၅ ဧပြီ၊ ၁၉၂၃
ရန်ကုန်မြို့, ဗြိတိသျှဘားမား
ကွယ်လွန်၃၁ ဒီဇင်ဘာ၊ ၂၀၂၁(2021-12-31) (အသက် ၉၈)
ဌာနေရန်ကုန်မြို့, မြန်မာနိုင်ငံ
အခြား အမည်များစုစုခင်
ဖွား​မေ
လူမျိုးမြန်မာ
ကျော်ကြားမှုအရင်းခံသီ​ပေါမင်း၏​မြေး​တော်
အိမ်ထောင်ဖက်(များ)​မောင်​မောင်ခင် (လက်ထပ် 1943; died 1984)
မိဘ(များ)ကိုကိုနိုင်
မြတ်ဖုရားက​လေး
ဆွေမျိုးသားချင်း
ရရှိသည့်ဆုများHer Royal Highness Princess of Burma

ဘဝဖြစ်စဉ် ပြင်ဆင်ရန်

ခမည်းတော် ကိုကိုနိုင်၊ မယ်တော် အသျှင် ထိပ်စုမြတ်ဖုရားကလေးတို့မှ ဖွားမြင်သည့် သားသမီး ခြောက်ယောက် အနက် ဒုတိယမြောက် ဖြစ်သည်။[၂][၃]

 
ထိပ်စုဘုရားကြီးနှင့်ကြင်ယာ​တော် ​မောင်​မောင်ခင်
 
​မွေးချင်း​ခြောက်​ယောက်

မော်လမြိုင် စိန့်ဂျိုးဇက်ကွန်ဗင့်နှင့် ရန်ကုန်မြို့မ အမျိုးသမီး အထက်တန်းကျောင်းတွင် ပညာသင်ခဲ့သည်။ ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ပန်းချီတက္ကသိုလ်တွင် ​ရွေးချယ်ခံရသည်။ ရန်ကုန်မြို့ရှိ အ​မေရိကန်နှင့် ဩစ​တြေးလျနိုင်ငံ သံရုံးများတွင်လုပ်ကိုင်ခဲ့သည်။ ထို့​နောက် အလွတ်သင် အင်္ဂလိပ်ဘာသာ ကျူရှင်ဆရာမ အဖြစ် ဆောင်ရွက်ခဲ့သည်။ [၄][၅]

(၁၉၃၆)ခုနှစ်တွင် ယိုးဒယားဘုရင် ဘူမိဗလအတုလျတေဇ၏အကိုတော် ထိုင်းအိမ်​ရှေ့စံ အန္ဒမ​ဟိမ်​ဒေါထံမှ ​စေ့စပ်ရန်ကမ်းလှမ်းခြင်းခံခဲ့ရသည်။ သို့​​သော် ထိုအချိန်တွင် ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားလာသည်။ ထိုအချိန်က ထိပ်စုဘုရားကြီးမှာ "ထိုင်းနိုင်ငံ၏ဘုရင်မ"အဖြစ် အမည်​ကျော်ခဲ့သည်။ [၆] (၁၉၄၃)ခုနှစ်၌ ​တော်ဘုရားကြီး၏ဇနီး ခင်ကြည်၏မောင်​တော် ​မောင်​မောင်ခင်နှင့် ထိမ်းမြားခဲ့သည်။ (၁၉၈၃)၌ ​မောင်​မောင်ခင်​သေဆုံးခဲ့ပြီး သား​၃ဦး၊ သမီး​၂ဦး မွေးဖွားခဲ့သည်။

သား​သမီး​များ ပြင်ဆင်ရန်

  • ဝင်းခင်(၁၉၄၅၊ ရန်ကုန်၌ဖွား)
  • ​ကျော်ခင် (၁၉၄၈၊ ရန်ကုန်၌ဖွား)
  • ​အောင်ခင် (၁၉၅၃၊ ရန်ကုန်၌ဖွား)အနုပညာရှင်ဖြစ်ပြီး ၂၀၀၈​အောက်တိုဘာ၌ ဦး​နှောက်​သွေးလွန်​ရောဂါဖြင့် ကွယ်လွန်
  • ချိုချိုခင် (၁၉၄၃၊ ရန်ကုန်၌ဖွား)
  • ဒေဝီခင် (၁၉၅၁၊ ရန်ကုန်၌ဖွား) [၄]

မျိုးရိုး ပြင်ဆင်ရန်

နိဂုံး ပြင်ဆင်ရန်

ထိပ်စုဘုရားကြီးသည် မြန်မာသက္ကရာဇ် (၁၃၈၃)ခုနှစ်၊ နတ်တော်လပြည့်ကျော် (၁၃)ရက်၊ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်၊ သောကြာနေ့၊ နံနက်(၄)နာရီ၊ (၁၅)မိနစ် အချိန် ရန်ကုန်မြို့၊ ကိုးမိုင် ပင်မဗုဒ္ဓဝါဒီကျောင်းတိုက်တွင် ကွယ်လွန်သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်၊ တနင်္ဂနွေနေ့၊ မွန်းလွဲ(၃)နာရီ၌ ရေဝေးသုဿန်တွင် မီးသင်္ဂြိုဟ်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. Yahoo News Princess Hteik Su Phaya Gyi said her about-Video[လင့်ခ်သေ]
  2. Lost Kingdom: The forgotten Royal family။ Myanmar Times Journal။ 11 February 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-11-25 တွင် ပြန်စစ်ပြီး။
  3. Frontier Myanmar : Local News for mid-April 2016။ 23 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 August 2018 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ The Konbaung Dynasty (part 19)။ Royal Ark။ 2012-02-15 တွင် ပြန်စစ်ပြီး။
  5. Interview with Hteik Su Phar Gyi။ MM Cities YouTube Channel။
  6. သီပေါမင်းအလွန် ထိုင်း မြန်မာအနွယ် တော်ဝင်မိသားစုကြား ရွှေလမ်းငွေလမ်းခရီး (in en)။ Kumudra။ 29 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 January 2018 တွင် ပြန်စစ်ပြီး။