ထိုင်းလူမျိုး (ထိုင်း: ไทยสยามအင်္ဂလိပ်: Thai people, Siamese)သည် ထိုင်းဘာသာစကားအား ပြောဆိုအသုံးပြုသူများဖြစ်၍ ထိုင်းနိုင်ငံ၏ လူဦရေးအများဆုံး လူမျိုးစုဖြစ်သည်။ ထိုင်းလူမျိုးများသည် တိုင်မျိုးနွယ်စုတွင် ပါဝင်ပြီး။ ၎င်းတို့သည် များသောအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာအား ကိုးကွယ်ကြသည်။

ထိုင်းလူမျိုး
လူဦးရေ စုစုပေါင်း
သန်း ၅၂ (သို့) ၅၉ (ခန့်မန်း)
ဘာသာစကား
ထိုင်းဘာသာစကား
ကိုးကွယ်မှု
ထေရဝါဒ ဗုဒ္ဓဘာသာ, ခရစ်ယာန်ဘာသာ, အစ္စလာမ်ဘာသာ
ဆက်စပ် တိုင်းရင်းသား အုပ်စုများ
တိုင်လူမျိုး
ဘုရင် ပရာဇာဓိပကနှင့် ထိုင်းလူမျိုး ပြည်သူများ

သမိုင်း ပြင်ဆင်ရန်

ပေါ်ပေါက်လာပုံ ပြင်ဆင်ရန်

 
Kra-Dai ရွှေ့ပြောင်း လမ်းကြောင်း Matthias Gerner (2014)မှာ ဘာသာစကားဆိုင်ရာ တွက်ချက်မှုဆိုင်ရာ project

ထိုင်းလူမျိုးသည် တိုင်လူမျိုးနွယ် ဖြစ်ပြီး။ တရုတ်နိုင်ငံ တောင်ပိုင်းဒေသမှ ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံမှ တဆင့် ထိုင်းနိုင်ငံသို့ရောင်ရှိလာကြသည်။ ထိုင်းလူမျိုးသည် ၆ ရာစုမှ ၁၁ ရာစုအထိ ယနေ့ခေတ် ထိုင်းနိုင်ငံသို့ တဖြည်းဖြည်း ပြောင်းရွှေ့လာကြသည်။[၁]

သုခေါဒယပြည် ပြင်ဆင်ရန်

ထိုင်းနိုင်ငံတွင် ထိုင်းလူမျိုးများ ပထမဆုံး တည်ထောင်သည့်နိုင်ငံမှ သုခေါဒယပြည် ဖြစ်ပြီး ၁၂၃၈ ခုနှစ်တွင် တည်ထောင်ခဲကာ ၁၄၃၈ ခုနှစ်အထိ တည်တံခဲသည်။[၂]

အယုဒ္ဓယ ဘုရင်နိုင်ငံ ပြင်ဆင်ရန်

၁၃၅၁ ခုနှစ်တွင် အယုဒ္ဓယ ဘုရင်နိုင်ငံ တည်ထောင်ခဲကာ တောင်ငူ အင်ပါရာနှင့် ကုန်းဘောင်ဧကရာဇ်နိုင်ငံတော်၏ တိုက်ခိုက် သိမ်းပိုက်မှုကို ၁၅၆၄မှ ၁၅၆၈၊ ၁၅၆၉မှ ၁၅၈၄၊ ၁၇၅၉မှ ၁၇၆၀၊ ၁၇၆၅မှ ၁၇၆၇ အထိ သိမ်းပိုက်ခဲသည်။[၃]

ထိုင်းနိုင်ငံ ပြင်ဆင်ရန်

၁၇၆၇ ခုနှစ်တွင် တာကသိနမှ ကုန်းဘောင်ဧကရာဇ်နိုင်ငံတော် တိုက်ခိုက်၍ ဓနပုရီပြည်အဖြစ် အုပ်ချုပ်ခဲ၏။ တာကသိနသည် လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံအပြင် မြန်မာနှင့် ဗီယက်နမ်နိုင်ငံ နယ်နိမိတ်အချိုပါ သိမ်းပိုက်ခဲသည်။

၁၇၈၂ ခုနှစ်တွင် ယခု ထိုင်းနိုင်ငံကို အုပ်ချုပ်သည် မင်းဆက်မှ ရတနကောသိန္ဒြပြည် အဖြစ် အုပ်ချုပ်ခဲသည်။ ၁၉၃၂ ခုနှစ် အဏသိမ်းမှု၌ သက်ဦးဆံပိုင်ဘုရင်စနစ်မှ စည်းမျဉ်းခံဘုရင်စနစ် သို့ပြောင်လည်းခဲပြီး ထိုင်းနိုင်ငံဟုလည်း အမည်ပြောင်ခဲသည်။[၄]

 
ဓနပုရီပြည် ၁၇၆၇-၁၇၈၂

ယဉ်ကျေးမှု ပြင်ဆင်ရန်

ထိုင်းဘာသာစကားမှ ထိုင်းနိုင်ငံ၏ အလယ်ပိုင်း၊ ‌‌‌‌‌မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသတွင် ထိုင်းဘာသာစကား ပြောဆို့မှု မတူညီသည့်ကို တွေရသည်။ အလယ်ပိုင်းဒေသရှိ ထိုင်းဘာသာစကား ပြောဆို့မှုများသည်။

ထိုင်းလူမျိုးတို၏ ရိုးရာအားကစားမှ မွေထိုင်း ဖြစ်ပြီး။ အနုပညာ ယဉ်ကျေးမှုနှင့် ရိုးရာအစားအစာများမှာလည်း ထင်ရှာသည်။[၅]

 
ထိုင်းသင်္ဘောသီးသုပ် (ရခိုင်: ဒကာသီးသုပ်)

ကိုးကား ပြင်ဆင်ရန်

  1. https://www.jstor.org/stable/25608449?seq=6#page_scan_tab_contents
  2. https://en.m.wikipedia.org/wiki/Thailand
  3. https://en.m.wikipedia.org/wiki/Thailand
  4. https://en.m.wikipedia.org/wiki/Thailand
  5. https://en.m.wikipedia.org/wiki/Thai_people