ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးဖြစ်သည်။[၁]၂၀၂၀ပြည့်နှစ် နိုဝင်ဘာရွေးကောက်ပွဲအပြီး တပ်မတော်မှဖွဲ့စည်းခဲ့သော တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူဖြစ်သည်။ ယခင်က အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြစ်သည်။ ၂၀၂၀ပြည့်နှစ်တွင် ၎င်းသည် တပ်မတော်အရန်အင်အားသို့ ပြောင်းရွှေ့ခြင်း ခံခဲ့ရသည်။

ဒုတိယဗိုလ်ချုပ်ကြီး

ထွန်းထွန်းနောင်
နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဖေဖော်ဝါရီ ၂၀၂၁[၁]
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်
ကိုယ်ရေး အချက်အလက်များ
လူမျိုးမြန်မာ
မိခင်ကျောင်းစစ်တက္ကသိုလ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော် (ကြည်း)
ရာထူးဒုတိယဗိုလ်ချုပ်ကြီး

ထမ်းဆောင်ခဲ့သောတာဝန်များ ပြင်ဆင်ရန်

ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို ၁၉၆၃ခုနှစ်တွင် ​မွေးဖွားခဲ့ပြီး စစ်တက္ကသိုလ် အပတ်စဉ် (၂၅)မှဖြစ်သည်။[၂] ၎င်းနှင့် အပတ်စဉ်တူ တပ်မတော်အရာရှိအချို့မှာ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တို့ဖြစ်ကြသည်။ ၂၀၁၀ပြည့်နှစ်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် တပ်မ (၈၈)၏ တပ်မမှူးဖြစ်လာခဲ့သည်။ ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း၊ ၂၀၁၂ခုနှစ် စက်တင်ဘာလတွင် ဗိုလ်မှူးချုပ်ရာထူးဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်လည်းကောင်း၊ ၂၀၁၄ခုနှစ် စက်တင်ဘာလတွင် ဗိုလ်ချုပ်ရာထူးဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။[၃] ၂၀၁၅ခုနှစ် ဩဂုတ်လတွင် အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဖြစ်လာခဲ့သည်။ ထို့နောက် ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလတွင် တပ်မတော်အရန်အင်အားသို့ ရောက်ရှိသွားခဲ့ကာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သော ငြိမ်းချမ်းရေးကော်မတီတွင် အဖွဲ့ဝင် ဖြစ်လာခဲ့သည်။[၄][၅]

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင် တပ်မတော်မှ အာဏာသိမ်းယူမှုဖြစ်ပွားပြီးနောက် ငြိမ်းချမ်းရေးကော်မတီသို့ ရောက်ရှိသွားသော ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၏ ဝန်ကြီးနေရာတွင် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်အား ခန့်အပ်ခဲ့သည်။[၆]ထို့ကြောင့် သူသည် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဖြစ်လာခဲ့သည်။

ကိုးကား ပြင်ဆင်ရန်