ဦးထွန်းထွန်းဟိန် (ဦးထွန်းအောင်) မှာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌဖြစ်သည်။ နောင်ချိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သမ္မတဖြစ်ပြီးနောက် ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ်မှာ ဥက္ကဋ္ဌဖြစ်လာပြီး ဦးထွန်းထွန်းဟိန်မှာ ဒုဥက္ကဋ္ဌဖြစ်လာသည်။၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် ထိန်းသိမ်းခံရပြီးနောက် လားရှိုးအကျဉ်းထောင်သို့ပို့ကာ  ထောင်(၃၃) နှစ်ချခံထားရသည်။

ထွန်းထွန်းဟိန်
တတိယမြောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂၂ မတ် ၂၀၁၈ – ၃၁ ဇန်နဝါရီ ၂၀၂၁
ယခင်လူဦးတီခွန်မြတ်
ပြည်သူ့လွှတ်တော်အမတ်
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၁၆ – ၃၁ ဇန်နဝါရီ ၂၀၂၁
မဲဆန္ဒနယ်နောင်ချိုမြို့နယ်
ပြည်သူ့လွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ် (၁၉၉၀)
ယခင်လူရာထူးစတင်
ဆက်ခံသူရာထူးဖျက်သိမ်း
မဲဆန္ဒနယ်နောင်ချိုမြို့နယ်
အနိုင်ရမဲ အရေအတွက်၁၈၈၈၆ (၅၆.၅၉%)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1949-04-30) ၃၀ ဧပြီ၊ ၁၉၄၉ (အသက် ၇၄)
ဇီးပင်ကြီးရွာ၊ ပြင်ဦးလွင်မြို့နယ်
လူမျိုးမြန်မာ
နိုင်ငံရေးပါတီNLD
ကြင်ဖော်(များ)စိန်စိန်သိန်း (လက်ထပ် 1973)
သားသမီးမေသင်္ကြန်ဟိန်
မိဘဦးကျဟိန်
ဒေါ်မြခင်
နေထိုင်ရာကော့မှူး၊ ရန်ကုန်
ပညာရေးB.Sc. Zoology
မိခင်ကျောင်းမန္တလေးဝိဇ္ဇာသိပ္ပံ တက္ကသိုလ်

၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းဖြစ်ရပ်များ ပြင်ဆင်ရန်

၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း တွင် ဦးထွန်းထွန်းဟိန်သည် အခြားသောထိပ်တန်းနိုင်ငံရေးသမားများနည်းတူ အစောဆုံးထိန်းသိမ်းခံရသည်။ [၁]  စစ်ကောင်စီ က ၎င်းကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနေအိမ်ထဲမှာပင် အကျယ်ချုပ်ချသည်။တစ်ပါတ်ကြာ အကျယ်ချုပ်ထားပြီး ၂၀၂၁ ဖေဖော်ဝါရီ၇ ရက်နေ့ မနက်ပိုင်းတွင် အကျယ်ချုပ်ထားရှိရာနေရာမှနေ၍ အပြင်သို့ ပြန်လွတ်ပေးသည်။ ရန်ကုန်သို့ မသွားရန် တားမြစ်ခံရသည့်အတွက် ဦးထွန်းထွန်းဟိန်သည် ဇာတိ နောင်ချို ကျောက်တောကျေးရွာ သို့ ပြန်ရောက်ပြီး ၃ရက်အကြာ ဖေဖော်ဝါရီ ၁၀ရက် ညနေပိုင်းတွင် ဖမ်းဆီးခံရသည်။ လားရှိုးအကျဉ်းထောင်တွင် ချုပ်နှောင်ခံရသည်။[၂] [၃]

အကျဉ်းချခံရခြင်း ပြင်ဆင်ရန်

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၂ရက်တွင်  ပုဒ်မ ၅၀၅ (က)၊ (ခ) အမှုများဖြင့် လားရှိုးထောင်တွင်း တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် လေးနှစ်၊[၄] ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် လားရှိုးထောင်တွင်းတရားရုံးကပင် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၁၂၂ဖြင့် ထောင်နှစ် ၂၀ ဖြင့် အသီးသီးချမှတ်သည်။[၅] ဦးထွန်းထွန်းဟိန် က စွပ်စွဲချက်များနှင့် ပတ်သတ်ပြီး ၎င်းတွင် အပြစ်မရှိဟု ထုချေကာ အယူခံတက်သည်။[၆]အယူခံများ ပယ်ချခံရသည်။

၂၀၂၃ ဇန်နဝါရီ ၂၇တွင် နောင်ချိုတရားရုံးက ရွေးကောက်ပွဲမသမာမှုစွဲစွပ်ချက် အမှုသုံးမှုဖြင့် တစ်မှုလျှင် ထောင်(၃) နှစ်စီ စုစုပေါင်း ထောင်ကိုးနှစ် ချခဲ့သည်။ ယင်းကြောင့် ဦးထွန်းထွန်းဟိန်သည် ရှေ့အမှုများပါ ပေါင်းလျှင် ကျခံရမည့် အရေအတွက်မှာ ထောင်ဒဏ် (၃၃) နှစ် အထိ ရှိလာခဲ့သည်။[၇]

ကိုးကား ပြင်ဆင်ရန်

  1. နောင်ချို ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန် ထိန်းသိမ်းခံရသျှမ်းသံတော်ဆင့် (၁၀ ဖေဖော်ဝါရီ ၂၀၂၁)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. “ခေါင်းငုံ့ခံနေရင် ဒီမိုကရေစီဆိုတာ ကျမတို့နဲ့ အဝေးကြီးဖြစ်သွားပြီ”- ဒေါ်မေသင်္ကြန်ဟိန်DVB News (၁၃ မတ် ၂၀၂၁)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. လွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်ကို ထပ်မံဖမ်းဆီးထိန်းသိမ်းDVB News (၁၁ ဖေဖော်ဝါရီ ၂၀၂၁)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ဦးထွန်းထွန်းဟိန် အလုပ်ကြမ်းနဲ့ ထောင်လေးနှစ် အမိန့်ချခံရRFA (၂၂ ဒီဇင်ဘာ ၂၀၂၁)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရVOA Burmese (၂၉ နိုဝင်ဘာ ၂၀၂၂)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။}}
  6. ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကို ထောင်နှစ် ၂၀ထပ်ချMyanmar Now (၂၉ နိုဝင်ဘာ ၂၀၂၂)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. လွှတ်တော်ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ထောင်ကိုးနှစ်ထပ်ချခံရ၊ ပေါင်း ၃၃ နှစ်ရှိလာRFA (၂၇ ဇန်နဝါရီ ၂၀၂၃)။ ၁၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။