ဒတ်မော သည် အင်္ဂလန်နိုင်ငံ ၊ ဒယ်ဗွန် တောင်ပိုင်းရှိ ကုန်းမြင့် ဒေသတစ်ခုဖြစ်သည်။ မြေရိုင်းလွင်ပြင် နှင့် အနီးတစ်ဝိုက်ရှိ မြေများကို အမျိုးသားဥယျာဉ် အဆင့်အတန်း သတ်မှတ်ချက်ဖြင့် ၁၉၅၁ ခုနှစ်ကတည်းက ကာကွယ်ထားသည်။ ဒတ်မော အမျိုးသားဥယျာဉ် သည် ၉၅၄ စတုရန်း ကီလိုမီတာ (၃၆၈ စတုရန်းမိုင်) အကျယ်အဝန်း ရှိသည်။ [၁]

မီဗီမြစ်မှ လယ်သာတောရ် နှင့် ရှာပီတောရ် ကို မြင်ရသော မြင်ကွင်း

ကုန်းမြင့်ဒေသကို ဖြစ်ပေါ်သည့် နှမ်းဖတ်ကျောက်တုံးများ သည် ဘူမိဗေဒသမိုင်း၏ ကာဗွန် နီဖာရပ်ကာလမှ စတင်သည်။ ရှုမျှော်ခင်းအတွင်း တောရ် ဟုခေါ်သည့် နှမ်းဖတ်ကျောက်များပေါ်ထွက်နေသည့် တောင်ထိပ်များ ပါဝင်သည့် မြေရိုင်းလွင်ပြင်ပါဝင်ပြီး ဒတ်မောရှိ တောရိုင်းတိရိစ္ဆာန်များ အတွက် ကျက်စားရာ နေရာများအဖြစ် ထောက်ပံ့ပေးလျှက် ရှိသည်။ အမြင့်ဆုံးနေရာမှာ ဟိုင်း ဝီလ်ဟေး ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၆၂၁ မီတာ (၂,၀၃၇ ပေ) မြင့်သည်။ ပတ်ဝန်းကျင် တစ်ခုလုံးသည် ရှေးဟောင်းပစ္စည်းများနှင့် ရှေးဟောင်းသုတေသနဆိုင်ရာများ ကြွယ်ဝသည်။

ဒတ်မော အမျိုးသား ဥယျာဉ် ကို ဒတ်မော အမျိုးသားဥယျာဉ် အာဏာပိုင် အဖွဲ့ မှ စီမံခန့်ခွဲပြီး အဖွဲ့ဝင် ၂၂ ဦးကို ဒယ်ဗွန် ကောင်တီ ကောင်စီ ၊ ဒေသဆိုင်ရာ ခရိုင်ကောင်စီများ နှင့် အစိုးရတို့မှ ရွေးထုတ်ထားသည်။

ဒတ်မော ၏ အချို့သော အစိတ်အပိုင်းများကို စစ်တပ်၏ သေနတ်ပစ်ကွင်း အဖြစ် နှစ်ပေါင်း ၂၀၀ ကျော် အသုံးပြုခဲ့သည်။ ဒတ်မော တွင် ပြည်သူများအား မြေနေရာများအား အသုံးပြုခွင့် (သေနတ်ပစ်ကွင်းသို့ ကန့်သတ်ဝင်ရောက်ခွင့် အပါအဝင်) ကျယ်ပြန့်စွာ ပေးထားပြီး ၎င်းသည် လူကြိုက်များသော ခရီးသွားများ လည်ပတ်ရာတစ်ခုဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. General Information Factsheet။ Dartmoor National Park Authority။