ဒိုရေမွန်:နိုဘိတ၏ လပေါ်စူးစမ်းရေးခရီးစဉ်မှတ်တမ်း

ဒိုရေမွန်​:နိုဘိတ၏​ လပေါ်စူးစမ်းရေးခရီးစဉ်မှတ်တမ်း (ဂျပန်: ドラえもん のび太たの月面探査記အင်္ဂလိပ်: Doraemon: Nobita's Chronicle of the Moon Exploration) သည် ဂျပန်သိပ္ပံခေတ်လွန် အန်နီမေးရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်သည်။ ဤရုပ်​ရှင်​ကို၂၀၁၉-မတ်လ​-၁ ရက်​၌ရုံတင်၍ စတင်ပြသခဲ့သည်။ ဤကားသည် ဒိုရေမွန်​တို့အုပ်​စု၏ လပေါ်စူးစမ်းရေးခရီးစဉ် အကြောင်းဖြစ်သည်။

ဒိုရေမွန် ရုပ်ရှင် (၂၀၁၉) : နိုဘိတ၏​ လပေါ်စူးစမ်းရေးခရီးစဉ်မှတ်တမ်း
ဖိုင်:Doraemon movie 2019.jpeg
ရုံတင်ပိုစတာ
အခြေခံအချက်အလက်
ဒါရိုက်တာShinnosuke Yakuwa
စာရေးသူဖူဂျီကို အက်ဖ် ဖူဂျီအို
ဇာတ်ညွှန်းMizuki Tsujimura
အခြေခံထားသည်မှာဖူဂျီကို အက်ဖ် ဖူဂျီအို၏ ဒိုရေမွန်
သရုပ်ဆောင်
  • Wasabi Mizuta
  • Megumi Ōhara
  • Yumi Kakazu]
  • Subaru Kimura
  • Tomokazu Seki
ဂီတမှူးTakayuki Hattori
ထုတ်လုပ်ရေး
ကုမ္ပဏီ
  • Fujiko Pro
  • ShoPro
  • TV Asahi
  • Shin-Ei Animation
  • Asatsu-DK
ကြာမြင့်ချိန်
၁၁၁ မိနစ်[၁]
နိုင်ငံဂျပန်
ဘာသာစကားဂျပန်ဘာသာ
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • မတ် ၁၊ ၂၀၁၉ (၂၀၁၉-၀၃-၀၁)
ထုတ်ဝေသူToho
ရောင်းရငွေUS$၆၆ million[၂]
နောင်တော်များနှင့် နောက်ဆက်တွဲများ
ယခင်ဇာတ်လမ်းDoraemon: Nobita's Treasure Island[*]
နောက်ထွက်ဇာတ်လမ်းဒိုရေမွန်: နိုဘီဒရဲ့ ဒိုင်နိုဆောအသစ်စွန့်စား ခန်

ဇာတ်လမ်းအကျဉ်း ပြင်ဆင်ရန်

အစ၌ နိုဘိတသည် လပေါ်မှာယုန်​ရှိတယ်​ဆိုပြီးယုံနေ၏။ သူသည် ကကျောင်းမှာသူငယ်ချင်းများကို လပေါ်၌ ယုန်​ရှိတယ်​လို့ပြောလိုက်​သောအခါ လှောင်ပြောင်ခြင်းခံရခဲ့သည်။ သူသည် ခါတိုင်းကဲ့သို့ ဒိုရေမွန်​ကိုအကူအညီတောင်း၏ ။ ဒိုရေမွန်​ဟာ သူ့ကို အိုပီနွန်​အမှတ်​တံဆိပ်​ကဒ်​ပြားလေးကို အသုံးပြုပြီး လပေါ်ကို လေ့လာရေးခရီးခေါ်သွားခဲ့သည်။ တစ်​နေ့၌ နနိုဘိတတို့ကျောင်းကို တက်​စကီနိုလူကာဆိုတဲ့ကောင်​လေးတစ်​ယောက်​ဟာ ကျောင်းပြောင်းလာခဲ့လေသည်​။ နိုဘိတနှင့်သူငယ်ချင်းကောင်းများ ဖြစ်​သွားကြသည်​။ တစ်​နေ့တွင် နိုဘီတနှင့် ဒဒိုရာချန်းတို့က လူကာကိုလပေါ်သို့ ခေါ်သွားခဲ့သည်​။ လူကာသည် ၎င်း၏လျှို့ဝှက်​ချက်ကိုနောက်​တော့ နိုဘိတတို့ကိုပြောပြ​ခဲ့သည်။ သူဟာလရဲ့ယုန်တိုင်းပြည်​က မင်းသားတစ်​ပါးဖြစ်​တယ်​ ဆိုတာပြောပြပြီး နိုဘီတာတို့ကို သူ့ရဲ့ယုန်​တိုင်း​ပြည်​ကိုခေါ်သွားခဲ့ပါတယ်​။ နိုဘိတတို့သည် အံ့ဩသွားပါလေသည်​။ တစ်​နေ့၌ လူကာဟာ နိုဘိတတို့ကို သူ့ရဲ့အခက်​အခဲတစ်​ခုကို ပြောပြခဲ့ပါတယ်​။ ဒီယာဘိုလိုဆိုတဲ့လူကြီးဟာ လကမ္ဘာကို ဖျက်​ဆီးချင်နေကြာင်းပြောပြခဲ့ပါတယ်​။ နိုဘိတတို့အုပ်​စုက ဒီတစ်​ခါရော တားဆီးနိုင်​မလား မတားဆီးနိုင်​ဘူးလား၊ လမင်းကြီးပေါ်က စိတ်​ဝင်​စစားဖို့ကောင်းသောအကြောင်းများကို ဖော်ပြထားသည်။ ယခုဇာတ်ကားသည် သူငယ်ချင်းမေတ္တာကိုဖော်​ကျူးထားသော ရုပ်ရှင်တစ်ကားဖြစ်၏​ ။

ရုပ်ရှင်ဇာတ်​ဝင်​တေးအမည်​မှာ The Gift ဖြစ်​သည်​။

ကိုးကား ပြင်ဆင်ရန်

  1. 塚口サンサン劇場「映画ドラえもん のび太の月面探査記」 (in ja)။ 2019-02-22 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. Doraemon: Nobita's Chronicle of the Moon ExplorationBox Office Mojo။ August 17, 2019 တွင် ပြန်စစ်ပြီး။