ဒီဂျားမား ဆန်းတို့စ်

ဘရာဇီးဘောလုံးကစားသမား

ဒီဂျားမား ပရေးရာ ဒိယဲစ် ဒို့စ် ဆန်းတို့စ် (ပေါ်တူဂီ: Djalma Pereira Dias dos Santos; ၁၉၂၉ ဖေဖော်ဝါရီ ၂၇ - ၂၀၁၃ ဇူလိုင် ၂၃) သည် ဘရာဇီး ဘောလုံးသမားဟောင်းတစ်ဦး ဖြစ်သည်။ ဘရာဇီးအသင်းအတွက် ကမ္ဘာ့ဖလား လေးကြိမ်တိုင်တိုင်ပါဝင်ကစားခဲ့ကာ ၁၉၅၈ နှင့် ၁၉၆၂ ကမ္ဘာ့ဖလားများ၌ ဘရာဇီးအသင်း အနိုင်ရရှိခဲ့သည်။ ဆန်းတို့စ်ကို သမိုင်းတလျှောက် အကြီးကျယ်ဆုံး ကစားသမားများအနက် တစ်ဦးအဖြစ် ယူဆကြသည်။ ခံစစ်ပိုင်း ကျွမ်းကျင်မှုကြောင့် နာမည်ထင်ရှားကျော်ကြားသော်လည်း များမကြာခဏဆိုသလို ရှေ့သို့ စွန့်စားတက်ကာ ကောင်းမွန်လှစွာသော နည်းဗျူဟာပိုင်း၊ တိုက်စစ်ပိုင်း ကျွမ်းကျင်မှုတို့ကိုလည်း ထုတ်ဖော်ပြသတတ်သည်။[၁]

ဒီဂျားမား ဆန်းတို့စ်
၂၀၀၈၌ Jules Rimet ဆုဖလားနှင့်အတူ
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ ဒီဂျားမား ပရေးရာ ဒိယဲစ် ဒို့စ် ဆန်းတို့စ်
မွေးသက္ကရာဇ် (1929-02-27)၂၇ ဖေဖော်ဝါရီ၊ ၁၉၂၉
မွေးရပ်ဇာတိ ဆောင်း ပါလို, ဘရာဇီး
ကွယ်လွန်သည့်ရက် ၂၃ ဇူလိုင်၊ ၂၀၁၃(2013-07-23) (အသက် ၈၄)
ကွယ်လွန်ရာအရပ် Uberaba, Brazil
အရပ်အမြင့် ၁.၇၃ မီတာ
ကစားသည့်နေရာ ညာနောက်ခံ
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၁၉၄၈–၁၉၅၉ Portuguesa ၄၃၄ (၁၁)
၁၉၅၉–၁၉၆၈ Palmeiras ၄၉၈ (၁၀)
၁၉၆၉–၁၉၇၀ Atlético Paranaense ၃၂ (၂)
စုစုပေါင်း ၉၆၄ (၂၃)
နိုင်ငံကိုယ်စားပြုအသင်း
၁၉၅၂–၁၉၆၈ ဘရာဇီး အမျိုးသား ဘောလုံးအသင်း ၉၈ (၃)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်သည်။

† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

ဖရန့်တ်စ် ဘက်ကင်ဘောင်ဝါ၊ ဖိလစ် လမ်းတို့နှင့်အတူ ဖီဖာ ကမ္ဘာ့ဖလား ထိပ်တန်းကြယ်ပွင့် အသင်းများ (၁၉၅၄ ၊ ၁၉၅၈ ၊ ၁၉၆၂) တို့တွင် ထည့်သွင်းခြင်းခံရသည်။ ၎င်း၏ ခံစစ်အတွဲဖော် 'နစ်လ်တန် ဆန်းတို့စ်'နှင့် ဆွေမျိုးတော်စပ်ခြင်းမရှိပေ။ ၂၀၀၄ မတ်လတွင် ပီလီ အမည်ပေးရွေးချယ်သော သက်ရှိထင်ရှား ကြီးကျယ်သော ကစားသမားများ 'ဖီဖာ(၁၀၀)' တွင် ပါဝင်ခဲ့ကာ ကစားသမားသက်တမ်းတစ်လျှောက် ပွဲ (၁,၀၀၀) ကျော်သော ကစားသမားအနည်းငယ်တွင် ပါဝင်ခဲ့သည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. Djalma SantosEncyclopædia Britannica။ 29 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 November 2017 တွင် ပြန်စစ်ပြီး။
  2. "Djalma Santos: Footballer who won the World Cup with Brazil"၊ The Independent၊ 23 August 2013။ 23 October 2013 တွင် ပြန်စစ်ပြီး