ဒီစီမော်တာ (DC motor) ဆိုသည်မှာ ဒီစီလျှပ်စစ်စွမ်းအင်မှ စက်မှုစွမ်းအင်သို့ ပြောင်းပေးသည့် လည်ပတ်နိုင်သည့် လျှပ်စစ်ဆိုင်ရာ စက်တစ်မျိုးဖြစ်သည်။ သံလိုက်စက်ကွင်းမှထွက်သည့်အားကိုသုံးသည့် မော်တာများမှာ အသုံးအများဆုံးဖြစ်သည်။ ဒီစီမော်တာမျိုးကွဲအားလုံးမှာ အတွင်းပိုင်းဖွဲ့စည်းပုံ တူညီလုနီးပါးရှိပြီး လျှပ်စီးကြောင်း ဦးတည်ရာကို ဟန်ချက်ညီညီ ပြောင်းလဲပေးကာ လည်ပတ်မှုရရှိစေသည်။

Dc Motor
DC Motor တလုံးကိုတွေ့မြင်ရစဉ်

တည်ဆောက်ပုံ ပြင်ဆင်ရန်

ဒီစီမော်တာ တည်ဆောက်ထားပုံသည် ဒီစီဂျင်နရေတာ တည်ဆောက်ထားပုံနှင့် အတူတူပင်ဖြစ်သည်။ စက်ကွင်းဝါယာခွေနှင့် အာမေချာဝါယာခွေတို့ ဆက်သွယ်ပုံမှာလည်း ဒီစီဂျင်နရေတာမှာကဲ့သို့ပင် လမ်းခွဲဆက် ၊ တန်းဆက်နှင့် ထပ်ပေါင်းဆက်ဟူ၍ ၃ မျိုးရှိပေသည် ။ ဒီစီ စက်တလုံးကို အင်ဂျင်စက် တာဘိုင်စက် စသည်တို့နှင့်လှည့်ပေးသည်ရှိသော် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးမည်ဖြစ်သည်။

မော်တာလည်ပတ်ပုံ သဘောတရား ပြင်ဆင်ရန်

ဒီစီစက်တလုံးအတွင်းသို့ သတ်မှတ်ဗို့အားပေးလျှင် မော်တာအတွင်း လျှပ်စီးကြောင်းစီးသည်။ တန်းဆက်မော်တာ (Series Motor) ဖြစ်ပါက လျှပ်စီးကြောင်းသည် တခုတည်းဖြစ်၍ စက်ကွင်းဝါယာခွေများ နှင့် အာမေချာဝါယာများ (Armature Winding) အတွင်းမှ ဖြတ်စီးမည်ဖြစ်သည်။ လမ်းခွဲဆက် (Shunt Motor) သို့မဟုတ် ထပ်ပေါင်းဆက်မော်တာ (Compound Motor) ဖြစ်လျှင် လျှပ်စီးလမ်းကြောင်း နှစ်ခုခွဲ၍ စီးဆင်းမည်ဖြစ်ရာ လမ်းခွဲတခုသည် လမ်းခွဲစက်ကွင်း ဝါယာခွေများတွင်းမှလည်းကောင်း ၊ နောက်တခုသည် တန်းဆက်စက်ကွင်းဝါယာခွေနှင့် အာမေချာဝါယာခွေများအတွင်းမှ စီးဆင်းမည်။

ကိုးကား ပြင်ဆင်ရန်