[၁](၁) ဆင်းရဲ၊ ဆင်းရဲခြင်း၊ ဆင်းရဲမှု (ကြိ၊ ဝိ—ဆင်းရဲစွာ, ဆင်းဆင်းရဲရဲ)၊ [၂]

  • (က) ကိုယ်ဆင်းရဲမှု = ကာယိကဒုက္ခ။ [၃]
  • (ခ) စိတ်ဆင်းရဲမှု = စေတသိကဒုက္ခ။ [၄][၅]
  • (ဂ) ကိလေသာ (ကြောင့်ဖြစ်သော) ဆင်းရဲ။ [၆][၇]
  • (ဃ) သံသရာ (၌ ဖြစ်သော) ဆင်းရဲ။ [၈]
  • (င) ခန္ဓာဆင်းရဲ (ဇာတိဒုက္ခ-စသည်)။ [၉]
  • (စ) အပါယ်–ဒုဂ္ဂတိ-ဆင်းရဲ (ငရဲ၌ ခံစားရခြင်း-စသည်)။ [၁၀]
  • (ဆ) (ကမ္မ, ကိလေသ, ဝိပါက) ဝဋ်ဆင်းရဲ။ [၁၁]
  • (ဇ) သီလ စောင့်ထိန်း ရခြင်း ဆင်းရဲ။ [၁၂]
  • (၂) ဒုက္ခဝေဒနာ။ [၁၃]
  • (၃) ညှဉ်းဆဲ–နှိပ်စက်-ခြင်း ဆင်းရဲ။ [၁၄]
  • (၄) ဒုက္ခသစ္စာ (တဏှာမှတစ်ပါးသော တေဘူမကတရား)။ (တိ)[၁၅]
  • (၅) ဆင်းရဲ-ငြိုငြင်-ပင်ပန်း-ကျင်နာ-သော။ [၁၆]
  • (၆) ဒုက္ခ၏-တည်ရာ-အကြောင်း။ [၁၇]
  • (၇) ဒုက္ခ၏ အာရုံ (မကောင်းသော အနိဋ္ဌာရုံ)။ [၁၈]
  • (၈) ဒုက္ခ၏ ဇနက အကြောင်း။ [၁၉]
  • (၉) ဒုက္ခ၏ အကြောင်းဖြစ်သော အရပ်၊ ဒုက္ခ၏ ဥပတ္ထမ္ဘက အကြောင်းဖြစ်သော အနိဋ္ဌာရုံတို့၏ တည်ရာ-အရပ်။ [၂၀]
  • (၁၀) ဒုက္ခ အစု အပေါင်း။ [၂၁]
  • (၁၁) အလိုမရှိအပ်သော။ [၂၂]
  • (၁၂) ဆင်းရဲစေတတ်သော၊ ဆင်းရဲ-ကို-အောင်-ပြုတတ်သော၊ ညှဉ်းဆဲ-နှိပ်စက်-တတ်သော။ [၂၃]
  • (၁၃) မကောင်းသဖြင့် ခဲစားတတ်သော။
  • (၁၄) မကောင်းသဖြင့်- တူးဖြို-ဖျက်ဆီး-တတ်သော။ [၂၄]
  • (၁၅) ပြုနိုင်ခဲသော အခွင့်ပေးခြင်း ရှိရာဖြစ်သော။ [၂၅]
  • (၁၆) ၂-ပါးသော-အပြား-အဖွဲ့-အားဖြင့်-တူးဖြို-ဖျက်ဆီး–တတ်သော။ [၂၆]
  • (၁၇) ဆင်းရဲသဖြင့် သည်းခံအပ်သော၊ သည်းခံခြင်းငှါ ခဲယဉ်းသော၊ သည်းခံနိုင်ခဲသော။ [၂၇]
  • (၁၈) ပြုနိုင်ခဲသော သည်းခံရခြင်း ရှိသော။ [၂၈]
  • (၁၉) ခါးစပ်သော၊ ခါးစပ်သော အရသာနှင့် တူသော။ [၂၉]
  • (၂၀) ကဲ့ရဲ့-စက်ဆုပ်–အပ်သည်ဖြစ်၍ အချည်းနှီးသော၊ (ကောင်းကင် ကဲ့သို့) အချည်းနှီးဖြစ်၍ ~ ကဲ့ရဲ့-စက်ဆုပ်-အပ်သော။[၃၀]
  • (၂၁) ကြောက်ဖွယ်အာရုံ–ဘေး–ရှိသော။ [၃၁]
  • (၂၂) မနှစ်သက်အပ်သော။ [၃၂]
  • (၂၃) မသာယာအပ်သော၊ သာယာဖွယ်မရှိသော။ [၃၃][၃၄][၃၅]

ဒုက္ခ၏ လက္ခဏာစသည် ပြင်ဆင်ရန်

ယင်း-ဒုက္ခသည်— ပြင်းထန်စွာ ပူပန်စေခြင်း, သည်းခံနိုင်ခဲခြင်း, ဆင်းရဲမှု၏ တည်ရာ အကြောင်းဖြစ်ခြင်း, ချမ်းသာမှုကို ပယ်စွန့်ခြင်း သဘောပင် ဖြစ်၏ [၃၆]

အနိဋ္ဌာရုံ “အနိဋ္ဌ ဖောဋ္ဌဗ္ဗာရုံ”ကို ခံစားခြင်း သဘော လက္ခဏာရှိ၏ [၃၇]

ယင်း-ဒုက္ခဖြစ်ခြင်း၏ အကြောင်းရင်းမှာ တဏှာ “တဏှာဆန္ဒ” [၃၈] ဥပဓိ ၁၀-ပါး [၃၉]ဖြစ်၏။

ဒုက္ခမှ လွတ်မြောက်နိုင်ကြောင်းတရားကား အရိယမဂ် “မဂ္ဂသစ္စာ” ဖြစ်၏ [၄၀]

ဒုက္ခကို ကြောက်လျှင် မျက်မှောက် မျက်ကွယ် မကောင်းမှု မပြုရ, ရှောင်ကြဉ်ရမည် [၄၁]

ဒုက္ခမှ လွတ်မြောက်အောင် ပဋိစ္စသမုပ္ပါဒ်ကို ဆင်ခြင်သုံးသပ် ပွါးများရာ၏ [၄၂]

ယင်း-ဒုက္ခသည်–သံသရာ၏ မပြတ်ဖြစ်ခြင်းသဘောအားဖြင့် ၁-ပါးသာ အဖို့ရှိ၏၊ နာမ်-ရုပ်-အားဖြင့် ၂-ပါး, ကာမ-ရူပ အရူပ-ဟူသော ဥပပတ္တိဘဝအားဖြင့်၃-ပါး, ကဗဠီကာရ-ဖဿ-မနောသဉ္စေတနာ-ဝိညာဏ ဟူသော အာဟာရအားဖြင့် ၄-ပါး, ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဉ်ဟူသော ဥပါဒါနက္ခန္ဓာအားဖြင့် ၅-ပါးရှိ၏ [၄၃] [၃၅]

မိန်းမများသာ သီးခြား ခံစားရသော “အာဝေဏိက” ဒုက္ခ ပြင်ဆင်ရန်

  • (၁) အသက်အရွယ် ငယ်စဉ်ကပင် လင့်အိမ်သို့ လိုက်သွား ရခြင်း ဆင်းရဲ,
  • (၂) တလလျှင် တစ်ကြိမ်ကျ ဥတု “ရာသီသွေး” လာရခြင်း ဆင်းရဲ,
  • (၃) ကိုယ်ဝန်လွယ်ရခြင်း ဆင်းရဲ,
  • (၄) သားဖွား ရခြင်းဆင်းရဲ,
  • (၅) လင်ယောက်ျား၏အလုပ် အကျွေး ဖြစ်ရခြင်း ဆင်းရဲအားဖြင့် ၅-ပါး ရှိ၏ [၄၄][၃၅]

ဒုက္ခ ၂-ပါး ပြင်ဆင်ရန်

  • (၁) ကိုယ်၌ဖြစ်သော “ဝိပါက်” ဆင်းရဲ = ကာယိက “ဝိပါက” ဒုက္ခ,
  • (၂) စိတ်၌ ဖြစ်သော “ဝိပါက်”ဆင်းရဲ = စေတသိက “ဝိပါက” ဒုက္ခ-အားဖြင့် ၂-ပါး [၄၅]


  • (၁) ရှာမှီးရခြင်းလျှင် အကြောင်းရင်း ရှိသော ဆင်းရဲ = ပရိယေဋ္ဌိမူလကဒုက္ခ,
  • (၂) ပဋိသန္ဓေနေရ ခြင်းလျှင် အကြောင်းရင်းရှိသော ဆင်းရဲ = ပဋိသန္ဓိမူလကဒုက္ခ-အားဖြင့် ၂-ပါး [၄၆][၃၅]

ဒုက္ခ ၃-ပါး ပြင်ဆင်ရန်

  • (၁) ဒုက္ခစစ်အဖြစ်ဖြင့် “ကိုယ်, စိတ်၌ ဖြစ်သော ဒုက္ခဝေဒနာ”ဟူသော = ဒုက္ခ ဒုက္ခ,
  • (၂) ပြုပြင်အပ်သည်၏ အဖြစ်ဖြင့် ဆင်းရဲခြင်း “ဥပေက္ခာဝေဒနာနှင့် တေဘူမကသင်္ခါရ”ဟူသော = သင်္ခါရဒုက္ခ,
  • (၃) ဖောက်ပြန်စေအပ်သည်၏ အဖြစ်ဖြင့် ဆင်းရဲ ခြင်း“သုခဝေဒနာ”ဟူသော = ဝိပရိဏာမဒုက္ခ-အားဖြင့် ၃-ပါး [၄၇][၃၅]

ဒုက္ခ ၇-ပါး ပြင်ဆင်ရန်

  • (၁) ဒုက္ခ ဒုက္ခ,
  • (၂) ဝိပရိဏာမဒုက္ခ,
  • (၃) သင်္ခါရဒုက္ခ,
  • (၄) ဖုံးလွှမ်းအပ် “မထင်ရှားသော ဆင်းရဲ = ပဋိစ္ဆန္န “အပါကဋ” ဒုက္ခ,
  • (၅) မဖုံးလွှမ်းအပ် “ထင်ရှား”သော ဆင်းရဲ = အပ္ပဋိစ္ဆန္န “ပါကဋ”ဒုက္ခ,
  • (၆) မိမိသဘောကို လွှတ်၍ အပြား အထူးဖြင့် ဒုက္ခ-ဟူ၍ ခေါ်ဆိုအပ်သော ဆင်းရဲ = ပရိယာယဒုက္ခ,
  • (၇) ပရိယာယ်မဟုတ် မုချဖြစ်သော ဆင်းရဲ = နိပ္ပရိယာယဒုက္ခ-ဟူ၍ ၇-ပါး [၄၈]


  • (၁) အမိဝမ်းတိုက်သို့ သက်ဝင်ရခြင်းလျှင် အကြောင်း ရင်းရှိသောဆင်းရဲ = ဂဗ္ဘောက္ကန္တိမူလကဒုက္ခ,
  • (၂) ကိုယ်ဝန်ကို ဆောင်ရခြင်းလျှင် အကြောင်းရင်း ရှိသော ဆင်းရဲ = ဂဗ္ဘပရိဟရဏမူလကဒုက္ခ,
  • (၃) ကိုယ်ဝန်ပျက်ခြင်းလျှင် အကြောင်းရင်းရှိသော ဆင်းရဲ = ဂဗ္ဘဝိပတ္တိမူလကဒုက္ခ,
  • (၄) ဖွားရခြင်းလျှင် အကြောင်းရင်းရှိသော ဆင်းရဲ = ဝိဇာယနမူလကဒုက္ခ,
  • (၅) အမိဝမ်းမှ အပြင်ဖက်သို့ ထွက်ရခြင်းလျှင် အကြောင်းရင်း ရှိသော ဆင်းရဲ = ဗဟိနိက္ခမနမူလကဒုက္ခ,
  • (၆) မိမိ လုံ့လလျှင် အကြောင်းရင်းရှိသော ဆင်းရဲ = အတ္တူပက္ကမမူလကဒုက္ခ,
  • (၇) သူတစ်ပါးလုံ့လလျှင် အကြောင်းရင်းရှိသော ဆင်းရဲ = ပရူပက္ကမမူလကဒုက္ခ-ဟူ၍ ၇-ပါး [၄၉] [၃၅]

ဒုက္ခ ၁၂-ပါး ပြင်ဆင်ရန်

  • (၁) ပဋိသန္ဓေနေရခြင်း ဆင်းရဲ = ဇာတိဒုက္ခ,
  • (၂) အိုရခြင်းဆင်းရဲ = ဇရာဒုက္ခ,
  • (၃) သေရခြင်းဆင်းရဲ = မရဏဒုက္ခ,
  • (၄) ဖျားနာ ရခြင်းဆင်းရဲ = ဗျာဓိဒုက္ခ, သို့မဟုတ် စိုးရိမ် ပူဆွေးခြင်း ငိုကြွေး မြည်တမ်းခြင်း, ကိုယ်ဆင်းရဲခြင်း, စိတ်ဆင်းရဲခြင်း, ပြင်းစွာပင် ပန်းခြင်း ဆင်းရဲ = သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသဒုက္ခ,
  • (၅) မုန်းသော သတ္တဝါ သင်္ခါရတို့နှင့် အတူနေရခြင်းဆင်းရဲ = အပ္ပိယေဟိ သမ္ပယောဂဒုက္ခ,
  • (၆) ချစ်သော သတ္တဝါ, သင်္ခါရတို့နှင့် အတူမနေ ခွဲနေရခြင်း ဆင်းရဲ = ပိယေဟိ ဝိပ္ပယောဂဒုက္ခ,
  • (၇) လိုချင်တာမရခြင်း ဆင်းရဲ = ဣစ္ဆိတာလာဘဒုက္ခ,
  • (၈) , (၉) , (၁၀) (၁၁), (၁၂) ဥပါဒါနက္ခန္ဓာ ၅-ပါးနှင့် စပ်သော ဆင်းရဲ = ပဉ္စုပါဒါနက္ခန္ဓဒုက္ခ-ဟူ၍ ၁၂-ပါး [၅၀][၃၅]

ဒုက္ခ ၆၇-ပါး ပြင်ဆင်ရန်

  • (၁) ဇာတိဒုက္ခ,
  • (၂) ဇရာဒုက္ခ,
  • (၃) ဗျာဓိဒုက္ခ,
  • (၄) မရဏဒုက္ခ,
  • (၅) သောကဒုက္ခ,
  • (၆) ပရိဒေဝဒုက္ခ,
  • (၇) ကိုယ်ဆင်းရဲခြင်း ဆင်းရဲ = ဒုက္ခ ဒုက္ခ,
  • (၈) စိတ်ဆင်းရဲခြင်း ဆင်းရဲ = ဒေါမနဿဒုက္ခ,
  • (၉) ပြင်းစွာ ပင်ပန်းခြင်း ဆင်းရဲ = ဥပါယာသဒုက္ခ,
  • (၁၀) အပ္ပိယေဟိ သမ္ပယောဂဒုက္ခ,
  • (၁၁) ပိယေဟိ ဝိပ္ပယောဂဒုက္ခ,
  • (၁၂) အမိသေခြင်း ဆင်းရဲ = မာတုမရဏဒုက္ခ,
  • (၁၃) အဘသေခြင်း ဆင်းရဲ = ပိတုမရဏဒုက္ခ,
  • (၁၄) အစ်ကို-ညီ-မောင်ကြီး-မောင်ငယ်–သေခြင်း ဆင်းရဲ = ဘာတုမရဏဒုက္ခ,
  • (၁၅) အစ်မ-နှမ ညီမ–သေခြင်း ဆင်းရဲ = ဘဂိနိမရဏဒုက္ခ,
  • (၁၆) သား-သ္မီး-သေခြင်း ဆင်းရဲ = ပုတ္တမရဏဒုက္ခ,
  • (၁၇) မယားသေခြင်း ဆင်းရဲ = ဒါရမရဏ ဒုက္ခ,
  • (၁၈) ကျေးကျွန် သေခြင်း ဆင်းရဲ = ဒါသမရဏဒုက္ခ,
  • (၁၉) ဆွေမျိုး သေခြင်း ဆင်းရဲ = ဉာတိမရဏဒုက္ခ,
  • (၂၀) ဆွေမျိုးတို့၏ ပျက်စီးခြင်း ဆင်းရဲ = ဉာတိဗျသနဒုက္ခ,
  • (၂၁) အာရောဂျဂုဏ်ကို ဖျက်ဆီးတတ်သော ရောဂါဆင်းရဲ = ရောဂဗျသန ဒုက္ခ,
  • (၂၂) စည်းစိမ်ဥစ္စာ ပျက်စီးခြင်း ဆင်းရဲ-ဘောဂဗျသနဒုက္ခ,
  • (၂၃) အကျင့် သီလပျက်စီးခြင်း ဆင်းရဲ = သီလဗျသနဒုက္ခ,
  • (၂၄) အယူမှားယွင်း ပျက်စီးခြင်းဆင်းရဲ = = ဒိဋ္ဌိဗျသနဒုက္ခ,
  • (၂၅) မင်းဘေးဆင်းရဲ = ရာဇဘယဒုက္ခ,
  • (၂၆) ခိုးသူဘေးဆင်းရဲ = စောရဘယဒုက္ခ,
  • (၂၇) ရန်သူဘေးဆင်းရဲ = ဝေရိဘယဒုက္ခ,
  • (၂၈) ငတ်မွတ်ခြင်းဘေး ဆင်းရဲ = ဒုဗ္ဘိက္ခဘယဒုက္ခ,
  • (၂၉) မီးလောင်ခြင်းဘေးဆင်းရဲ = အဂ္ဂိဘယဒုက္ခ,
  • (၃၀) ရေနစ်မျောခြင်းဘေး ဆင်းရဲ = ဥဒကဘယ ဒုက္ခ,
  • (၃၁) လှိုင်းတံပိုးဘေး ဆင်းရဲ = ဦမိဘယဒုက္ခ,
  • (၃၂) ရေဝဲစုတ်ခြင်းဘေး ဆင်းရဲ = အာဝဋ္ဋဘယဒုက္ခ,
  • (၃၃) မိကျောင်းဘေး ဆင်းရဲ = ကုမ္ဘီလဘယဒုက္ခ,
  • (၃၄) ငါးမန်း-ငါးရဲ-လပိုင်-ဘေး ဆင်းရဲ = သုသုကာဘယ ဒုက္ခ,
  • (၃၅) မိမိကို မိမိစွပ်စွဲခြင်းဘေးဆင်းရဲ = အတ္တာနုဝါဒဘယဒုက္ခ,
  • (၃၆) မိမိကို သူတစ်ပါးက စွပ်စွဲခြင်းဘေး ဆင်းရဲ = ပရာနုဝါဒဘယဒုက္ခ,
  • (၃၇) လက်နက်ဒဏ်-ဥစ္စာဒဏ်-ထားခြင်းဘေး ဆင်းရဲ = ဒဏ္ဍဘယဒုက္ခ,
  • (၃၈) မကောင်းသော လားရာဂတိဘေး ဆင်းရဲ = ဒုဂ္ဂတိဘယဒုက္ခ,
  • (၃၉) ပရိသတ်ကို ကြောက်ရွံ့ခြင်းဘေး ဆင်းရဲ = ပရိသသာ ရဇ္ဇဘယဒုက္ခ,
  • (၄၀)သူတစ်ပါးကိုမှီ၍ အသက် မွေးရခြင်းဘေး ဆင်းရဲ = အာဇီဝကဘယဒုက္ခ,
  • (၄၁) သေရခြင်း ဘေးဆင်းရဲ = မရဏ ဘယဒုက္ခ,
  • (၄၂) ဆူးမရှိသော ကြိမ်လုံးတို့ဖြင့် ရိုက်နှက်ခံရခြင်း ဆင်းရဲ = ဝေတ္တတာဠနဒုက္ခ,
  • (၄၃) ဆူးရှိသော ကြိမ်လုံးတို့ဖြင့် ရိုက်နှက်ခံရခြင်းဆင်းရဲ = ကသာတာဠနဒုက္ခ,
  • (၄၄) ၄-တောင် ထက်ဝက်–၂ တောင်—ရှိသောတုတ်တို့ဖြင့် ရိုက်နှက်ခံရခြင်း ဆင်းရဲ = အဒ္ဓဒဏ္ဍကတာဠနဒုက္ခ,
  • (၄၅) လက်ဖြတ်ခံရခြင်းဆင်းရဲ = ဟတ္ထစ္ဆေဒနဒုက္ခ,
  • (၄၆) ခြေဖြတ်ခံရခြင်း ဆင်းရဲ = ပါဒစ္ဆေဒနဒုက္ခ,
  • (၄၇) လက် ခြေ အဖြတ်ခံရခြင်း ဆင်းရဲ = ဟတ္ထပါဒစ္ဆေဒနဒုက္ခ,
  • (၄၈) နားရွက်အဖြတ် ခံရခြင်း ဆင်းရဲ = ကဏ္ဏစ္ဆေဒနဒုက္ခ,
  • (၄၉) နှာခေါင်း အဖြတ်ခံရခြင်း ဆင်းရဲ = နာသစ္ဆေဒနဒုက္ခ,
  • (၅၀) နားရွက်, နှာခေါင်း အဖြတ်ခံရခြင်းဆင်းရဲ = ကဏ္ဏနာသစ္ဆေဒနဒုက္ခ,
  • (၅၁) ဦးထိပ်ကို ဖောက်ခွဲပြီးလျှင် ရဲရဲတောက် ပူသော သံတွေခဲကို ညှပ်ဖြင့်ယူ၍ ဦးခေါင်း ထဲကို ထည့်လျက် ဦးနှောက်ကို ပအုန်းရည်ကဲ့သို့ ကျိုက်ကျိုက်ဆူ၍ ကျအောင် ညှဉ်းပန်းနှိပ်စက်ခံရခြင်းဆင်းရဲ = ဗိလင်္ဂထာလိကဒုက္ခ,
  • (၅၂) ဆံပင်နှင့်တကွ ဦးရေကို ဆုတ်ခါပြီးနောက် ဦးခေါင်းခွံကို ခရုသင်းကဲ့သို့ ဖွေးဖွေးဖြူအောင် ပွတ်တိုက် ညှဉ်းပန်း နှိပ်စက်ခံရခြင်း ဆင်းရဲ = သင်္ခမုဏ္ဍိကဒုက္ခ,
  • (၅၃) ရာဟုအသူရိန်၏ ခံတွင်းသို့ရောက်သော လ, နေကဲ့သို့ ညှဉ်းပန်းနှိပ်စက်ခံရခြင်းဆင်းရဲ = ရာဟုမုခဒုက္ခ,
  • (၅၄) တကိုယ်လုံး ဆီစိမ်သော အဝတ်ဖြင့် ရစ်ပတ်ကာ ဆီလောင်း မီးရှို့ လျက် မီးပန်းကဲ့သို့ဖြစ်အောင် ညှဉ်းပန်း နှိပ်စက်ခံရခြင်းဆင်းရဲ = ဇောတိမာလိကဒုက္ခ,
  • (၅၅) လက်တို့ကို ဆီစိမ်အဝတ်ဖြင့် ရစ်ပတ်ကာ ဆီလောင်းမီးရှို့လျက် လက်ဆီမီးတိုင် ကဲ့သို့ဖြစ်အောင် ညှဉ်းပန်း နှိပ်စက်ခံရခြင်း ဆင်းရဲ = ဟတ္ထပဇ္ဇောတိကဒုက္ခ,
  • (၅၆) လည်ပင်းမှစ၍ အရေကိုခါပြီးလျှင် ခြေကျင်းဝတ်, ခြေမျက်စိပေါ်၌ ပုံထားလျက်လူကို လွန်ကြိုး ဖြင့်ဆွဲကာ မိမိအရေကို မိမိနင်းမိတိုင်း လဲ၍လဲ၍သွားအောင် ပြိန်းမြက်ကဲ့သို့ ပြုလျက် ညှဉ်းပန်း နှိပ်စက်ခံရခြင်းဆင်းရဲ = ဧရကဝတ္တိကဒုက္ခ,
  • (၅၇) လည်ပင်းမှစ၍ အရေကို ခွါပြီးလျှင် ခါးပေါ်၌ထား၍၎င်း, ခါးမှစ၍ အရေကို ခါပြီးလျှင် ခြေကျင်းဝတ် ခြေမျက်စိပေါ် ထား၍၎င်း အထက်ပိုင်းအရေဖြင့် အောက်ပိုင်းကိုယ်ကို လျှော်တေအဝတ် ဝတ်သကဲ့သို့ ဖြစ်အောင် ပြုလျက် ညှဉ်းပန်းနှိပ်စက်ခံရခြင်း စီရကဝါသိကဒုက္ခ,
  • (၅၈) တံတောင် ၂ ဖက်, ဒူး ၂-ဖက်တို့၌ သံထိတ် သံထူး ခတ်၍ သံချွန် ၄-ခုစိုက်လျက် မြေ၌ တည်စေပြီးလျှင် ဧဏီသားကောင်ကို ဖုတ်ကင်သကဲ့သို့ ထက်ဝန်းကျင်မှ မီးဖြင့် ရှို့မြှိုက်ကာ ညှဉ်းပန်း နှိပ်စက်ခံရခြင်း ဆင်းရဲ = ဧဏေယျကဒုက္ခ,
  • (၅၉) အသွား ၂-ဖက်ရှိသော သံချိတ်ဖြင့် အရေ, အကြော, အသားတို့ကို ခြစ်ခွါလျက် ညှဉ်းပန်းနှိပ်စက်ခံရခြင်း ဆင်းရဲ = ဗဠိသမံသိကဒုက္ခ,
  • (၆၀) ကျပ်ပြားမျှ ကျပ်ပြားမျှ အရေ အကြော, အသားများ အတုံး အတစ် ပြတ်ကျအောင် ခါးမှစ၍ တကိုယ်လုံးကို ထက်စွာသော ပဲခွပ်ဖြင့် ခုတ် ရွှေလျက် ညှဉ်းပန်းနှိပ်စက်ခံရခြင်း ဆင်းရဲ = ကဟာပဏိကဒုက္ခ,
  • (၆၁) ကိုယ်ကို တုတ် လက်နက်ဖြင့် ရိုက်နှက်ပုတ်ခတ်ပြီးလျှင် သဲ, ဆပ်ပြာရေ ပက်ဖျန်းကာ ဆပ်သွားဘီးဖြင့် ပွတ်တိုက်၍ အရေ, အကြော, အသားတို့ကို အရည်ပျော်ကျစေလျက် အရိုးချည်းသာ ကျန်သည့်တိုင်အောင်ပြု၍ ညှဉ်းပန်း နှိပ်စက် ခံရခြင်းဆင်းရဲ = ခါရာပတစ္ဆိကဒုက္ခ,
  • (၆၂) မြေ၌ ဘေးစောင်းအိပ်စေ၍ နားတဖက်မှ တဖက်သို့ ပေါက်အောင် သံတံကျင်လျှိုကာ မြေကြီးနှင့် တစပ်တည်း ရှိစေပြီးလျှင် ခြေ ထောက်မှ ဆွဲကိုင်၍ တံခါးကျင်ကဲ့သို့ လှည့်လည်လျက် ညှဉ်းပန်းနှိပ်စက်ခံရခြင်း ဆင်းရဲ = ပလိဃပရိဝတ္တိကဒုက္ခ,
  • (၆၃) အသားအရေ တို့ကို မပြတ်စေပဲ တင်းပုတ်ဖြင့် အရိုးကို ထုရိုက်ကာ ဆံပင်ကို ဆွဲကိုင်မြှောက်ပစ်လျက် အသားစုချည်းသာဖြစ်သောအခါ ဆံပင်ဖြင့်ပင် ချည်နှောင်ပြီးလျှင် ကောက်ရိုးထုံးကဲ့သို့ ဖြစ်အောင်ပြုလျက် ညှဉ်းပန်းနှိပ်စက်ခံရခြင်း ဆင်းရဲ = ပလာလပိဋ္ဌိကဒုက္ခ,
  • (၆၄) ကျိုက် ကျိုက်ဆူသော ဆီဖြင့် သွန်းလောင်းခံရခြင်း ဆင်းရဲ = တတ္တေန တေလေန ဩသိဉ္စနဒုက္ခ,
  • (၆၅) ၂-ရက် ၃-ရက် အစာငတ်သော ခွေးငတ်တို့ ခဲစားခံရခြင်း ဆင်းရဲ = သုနခခါဒါပနဒုက္ခ,
  • (၆၆) အရှင်လတ်လတ် သံတံကျင် လျှိုခံရခြင်းဆင်းရဲ = ဇီဝသူလာရောပနဒုက္ခ,
  • (၆၇)သန်လျှက်ဖြင့် ဦးခေါင်းကို အဖြတ်ခံရခြင်း ဆင်းရဲ = အသိနာ သီသစ္ဆေဒနဒုက္ခ-ဟူ၍ ၆၇-ပါး [၅၁][၃၅]

ဒုက္ခ ၇၉-ပါး ပြင်ဆင်ရန်

  • (၁) ဇာတိဒုက္ခ,
  • (၂) ဇရာဒုက္ခ,
  • (၃) ဗျာဓိဒုက္ခ,
  • (၄) မရဏဒုက္ခ,
  • (၅) သောက-ပရိဒေဝဒုက္ခဒေါမနဿုပါယာသဒုက္ခ,
  • (၆) ငရဲဘုံ၌ ဖြစ်ရခြင်း ဆင်းရဲ = နေရယိကဒုက္ခ,
  • (၇) တိရစ္ဆာန်ဘုံ၌ ဖြစ်ရခြင်း ဆင်းရဲ = တိရစ္ဆာနယောနိကဒုက္ခ,
  • (၈) ပြိတ္တာဘုံ၌ ဖြစ်ရခြင်းဆင်းရဲ-ပေတ္တိဝိသယဒုက္ခ,
  • (၉) လူ့ဘုံ၌ ဖြစ်ရခြင်းဆင်းရဲ = မာနုသိကဒုက္ခ,
  • (၁၀) အမိဝမ်းတိုက်သို့ သက်ဝင်ရခြင်းလျှင် အကြောင်းရင်းရှိသော ဆင်းရဲ = ဂဗ္ဘောက္ကန္တိမူလကဒုက္ခ,
  • (၁၁) အမိဝမ်းတိုက်၌ တည်နေရခြင်းလျှင် အကြောင်းရှင်း ရှိသော ဆင်းရဲ = ဂဗ္ဘဋ္ဌိတိမူလကဒုက္ခ,
  • (၁၂) ကိုယ်ဝန်မှ ထခြင်း(သား ဖွားရခြင်း)လျှင် အကြောင်းရှင်း ရှိသော ဆင်းရဲ = ဂဗ္ဘဝုဋ္ဌာနမူလကဒုက္ခ,
  • (၁၃) မွေးဖွားပြီးသူ၏ နှောင်ဖွဲ့ခံရခြင်းဆင်းရဲ = ဇာတဿူပနိဗန္ဓကဒုက္ခ,
  • (၁၄) မွေးဖွားပြီးသူ၏ သူတစ်ပါးနှင့် စပ်သော ဆင်းရဲ = ဇာတဿပရာဓေယျကဒုက္ခ,
  • (၁၅) အတ္တူပက္ကမဒုက္ခ,
  • (၁၆) ပရူပက္ကမဒုက္ခ,
  • (၁၇) ဒုက္ခဒုက္ခ,
  • (၁၈) သင်္ခါရ ဒုက္ခ,
  • (၁၉) ဝိပရိဏာမဒုက္ခ,
  • (၂၀) မျက်စိ ရောဂါဆင်းရဲ = စက္ခုရောဂဒုက္ခ,
  • (၂၁) နားရောဂါ ဆင်းရဲ = သောတရောဂဒုက္ခ,
  • (၂၂) နှာခေါင်းရောဂါ ဆင်းရဲ = ဃာနရောဂဒုက္ခ,
  • (၂၃) လျှာရောဂါ ဆင်းရဲ = ဇိဝှါရောဂဒုက္ခ,
  • (၂၄) ကိုယ်ခန္ဓာရောဂါဆင်းရဲ = ကာယရောဂဒုက္ခ,
  • (၂၅) ဦးခေါင်းရောဂါ“ ဦးယဉ်း ခေါင်းကိုက်နာ” ဆင်းရဲ = သီသရောဂ ဒုက္ခ,
  • (၂၆) နားတံကျင်နာဆင်းရဲ = ကဏ္ဏရောဂဒုက္ခ,
  • (၂၇)ပါးစပ်ရောဂါဆင်းရဲ = မုခရောဂဒုက္ခ,
  • (၂၈) သွားရောဂါ ဆင်းရဲ = ဒန္တရောဂဒုက္ခ,
  • (၂၉) ချောင်းဆိုးနာ ဆင်းရဲ = ကာသဒုက္ခ,
  • (၃၀) ကြို့လေနာဆင်းရဲ = သာသဒုက္ခ,
  • (၃၁) နှာခေါင်းနာ ဆင်းရဲ = ပိနာသဒုက္ခ,
  • (၃၂) ကိုယ်ပူနာဆင်းရဲ = ဍာဟဒုက္ခ,
  • (၃၃) အဖျားနာ ဆင်းရဲ = ဇရဒုက္ခ,
  • (၃၄) ဝမ်းဗိုက်နာ ဆင်းရဲ = ကုစ္ဆိရောဂဒုက္ခ,
  • (၃၅) တွေဝေခြင်း, သတိလွတ်ခြင်းဆင်းရဲ = မုစ္ဆာဒုက္ခ,
  • (၃၆) သွေးသွန်နာ ဆင်းရဲ = ပက္ခန္ဒိကာဒုက္ခ,
  • (၃၇) ထိုးကျင့်သော ဝမ်းလေနာ ဆင်းရဲ = သူလာဒုက္ခ,
  • (၃၈) ဝမ်းလျှော “ဓာတ်သက်” နာဆင်းရဲ = ဝိသူစိကာဒုက္ခ,
  • (၃၉) နူနာ“ကိုယ် ရေပြားရောဂါ” ဆင်းရဲ = ကုဋ္ဌဒုက္ခ,
  • (၄၀) ထွတ်မြင်းအနာ “အိုင်းအမာ” ဆင်းရဲ = ဂဏ္ဍဒုက္ခ,
  • (၄၁) ပွေးညှင်း တင်းတိတ်နာ ဆင်းရဲ = ကိလာသဒုက္ခ,
  • (၄၂) ပန်းနာ ဆင်းရဲ = သောသဒုက္ခ,
  • (၄၃) အရူးနာဆင်းရဲ = အပမာရဒုက္ခ,
  • (၄၄) ပွေးနာဆင်းရဲ = ဒဒ္ဒုဒုက္ခ,
  • (၄၅) ယားနာဆင်းရဲ = ကဏ္ဍု ဒုက္ခ,
  • (၄၆) ဝဲကြီးနာဆင်းရဲ = ကစ္ဆုဒုက္ခ,
  • (၄၇) လက်သည်း, ခြေသည်း ခြစ်မိနာ ဆင်းရဲ = ရခသာရောဂဒုက္ခ,
  • (၄၈) လက်ဖဝါး ခြေဖဝါးတို့၌ ရွေဖြတ်အခွဲခံရသော ဆင်းရဲ = ဝိတစ္ဆိကာဒုက္ခ,
  • (၄၉) သွေး, သည်းခြေ ပျက်နာ ဆင်းရဲ = လောဟိတပိတ္တရောဂဒုက္ခ,
  • (၅၀) ကျင်ပြောနာ ဆင်းရဲ = မဓုမေဟဒုက္ခ,
  • (၅၁) ဒူလာ မြင်းသရိုက်နာ, လိပ်ခေါင်းထွက်နာဆင်းရဲ = အံသာဒုက္ခ,
  • (၅၂) သွေးဖုသွေးပိမ့်နာဆင်းရဲ = ပိဠကာဒုက္ခ,
  • (၅၃) ဘဂန္ဓိုလ် “ဂရင်ဂျီ”နာ ဆင်းရဲ = ဘဂန္ဒလာဒုက္ခ,
  • (၅၄) သည်းခြေကြောင့် ဖြစ်ခြင်းရှိသော အနာဆင်းရဲ = ပိတ္တသမုဋ္ဌာနအာဗာဓဒုက္ခ,
  • (၅၅) သလိပ်ကြောင့် ဖြစ်ခြင်းရှိသော အနာဆင်းရဲ = သေမှသမုဋ္ဌာနအာဗာဓဒုက္ခ,
  • (၅၆) လေကြောင့် ဖြစ်ခြင်းရှိသော အနာဆင်းရဲ = ဝါတသမုဋ္ဌာနအာဗာဓဒုက္ခ,
  • (၅၇) လေ, သည်းခြေ, သလိပ်တို့၏ ပေါင်းစုမိခြင်း “သန္နိပါတ်”ကြောင့် ဖြစ်သော အနာဆင်းရဲ = သန္နိပါတိကအာဗာဓ ဒုက္ခ,
  • (၅၀) ဥတုဖောက်ပြန်ခြင်းကြောင့် ဖြစ်သော အနာဆင်းရဲ = ဥတုပရိဏာမဇအာဗာဓဒုက္ခ,
  • (၅၉) မညီမညွတ် ရွက်ဆောင်ခြင်းကြောင့် ဖြစ်သောအနာဆင်းရဲ = ဝိသမပရိဟာရဇအာဗာဓဒုက္ခ,
  • (၆၀) လုံ့လကြောင့် ဖြစ်သော အနာဆင်းရဲ = ဩပက္ကမိကအာဗာဓဒုက္ခ,
  • (၆၁) အားကြီးသော ကံ၏ အကျိုးကြောင့်ဖြစ်သော အနာဆင်းရဲ = ကမ္မဝိပါကဇအာဗာဓဒုက္ခ,
  • (၆၂) အအေးကြောင့်ဖြစ်သော ဆင်းရဲ = သီတဒုက္ခ,
  • (၆၃) အပူကြောင့်ဖြစ်သော ဆင်းရဲ = ဥဏှဒုက္ခ,
  • (၆၄) ထမင်းစားလိုခြင်းကြောင့် ဖြစ်သော ဆင်းရဲ = ဇိဃစ္ဆာဒုက္ခ,
  • (၆၅) ရေသောက်လိုခြင်းကြောင့် ဖြစ်သော ဆင်းရဲ = ပိပါသာ ဒုက္ခ,
  • (၆၆) ကျင်ကြီးစွန့်လိုခြင်းကြောင့် ဖြစ်သော ဆင်းရဲ = ဥစ္စာရဒုက္ခ,
  • (၆၇) ကျင်ငယ် စွန့်လိုခြင်းကြောင့် ဖြစ်သော ဆင်းရဲ = ပဿာဝဒုက္ခ,
  • (၆၈) မှက်, ခြင်, လေ, နေပူ, မြွေ, ကင်းတို့၏ ကိုက်ခဲခြင်းအတွေ့ကြောင့် ဖြစ်သောဆင်းရဲ = ဍံသမကသဝါတာတပသရီသပသမ္ဖဿဒုက္ခ,
  • (၆၉) အမိသေခြင်းကြောင့် ဖြစ်သော ဆင်းရဲ = မာတုမရဏဒုက္ခ,
  • (၇၀) အဘသေခြင်းကြောင့် ဖြစ်သော ဆင်းရဲ = ပိတုမရဏဒုက္ခ,
  • (၇၁) အစ်ကို-ညီ–မောင် ကြီး-မောင်ငယ်-သေခြင်းကြောင့် ဖြစ်သော ဆင်းရဲ = ဘာတုမရဏဒုက္ခ,
  • (၇၂) အစ်မ–နှမ–ညီမ-သေခြင်းကြောင့် ဖြစ်သော ဆင်းရဲ = ဘဂိနိမရဏဒုက္ခ,
  • (၇၃) သား သေခြင်းကြောင့် ဖြစ်သော ဆင်းရဲ = ပုတ္တမရဏဒုက္ခ,
  • (၇၄) သ္မီးသေခြင်းကြောင့် ဖြစ်သော ဆင်းရဲ = ဓီတုမရဏဒုက္ခ,
  • (၇၅) ဉာတိ-ဗျသနဒုက္ခ,
  • (၇၆) ဘောဂဗျသနဒုက္ခ,
  • (၇၇) ရောဂဗျသနဒုက္ခ,
  • (၇၈) သီလဗျသနဒုက္ခ,
  • (၇၉) ဒိဋ္ဌိဗျသနဒုက္ခ ဟူ၍ ၇၉-ပါး[၅၂][၃၅]

ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ဒုက္ခ (န) [ဒုက္ခ+အ။ ဒု+ခါဒ+ကွိ။ ဒု+ ခနု+ကွိ။ ဒု+ခမု+ကွိ။ ဒွိ+ ခနု +ကွိ။ နီတိ၊ ဓာ။ ၁၉၊ ၁၁၃၊ ၃၇၀။ ဒု+ခ။ (ဒုးခ-သံ၊ ဒုက္ခ, ဒုက္ခ ဒုဟ-ပြာ)]
  2. (၁) ဆင်းရဲ၊ ဆင်းရဲခြင်း၊ ဆင်းရဲမှု (ကြိ၊ ဝိ—ဆင်းရဲစွာ ဆင်းဆင်းရဲရဲ)။ တေ တတ္ထ မရဏံပိ နိဂစ္ဆန္တိ မရဏမတ္တံ ပိ ဒုက္ခံ။ မ၊၁၊၁၂၁။ ဒုက္ခ သေတီ (အံ၊၁၊၃၈၇)တိ ဒုက္ခံ သယတိ၊ ဒုက္ခိတံ ဟောတီ-တိ အတ္ထော။ အံ၊ဋ္ဌ၊၂၊၃၁၈။ ဒုခံ (ဆန်းကြောင့် က-ကျေ) သေတီ (ဇာ၊၁၊၁၁၁)-တိ ... ဒုက္ခမေဝ ဝိန္ဒတိ။ ဇာ၊ဋ္ဌ၊၃၊၁၀၂။ ဒုက္ခဉ္စ ကသိရံ ကိစ္ဆံ။ ဓာန်၊၈၉။
  3. (က) ကိုယ်ဆင်းရဲမှု = ကာယိကဒုက္ခ။ သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ-(ဝိ၊၁၊၅)တိ ကာယိကသုခဿ စ ကာယိက-ဒုက္ခဿ စ ပဟာနာ။ ဝိ၊ဋ္ဌ၊၁၊၁၂၂။ သုခံ ဒုခဉ္ဇာ (သုတ္တနိ၊၂၈၉)တိ ကာယိကံ သာတာသာတံ။ သုတ္တနိ၊ဋ္ဌ၊၁၊၁၀၈။ ဒုက္ခ (ဒီ၊ဋ္ဌ၊၁၊၂၀၅) န္တိ ကာယိကဒုက္ခ။ ဒီ၊ဋီ၊၁၊၂၇၇။ (ဒီ၊ဋ္ဌ၊၂၊၃၃၉။ မဋ္ဌ၊၁၊၂၃၇။ သံ၊ဋ္ဌ၊၃၊၂၁၄။ ဝိသုဒ္ဓိ၊၂၊၁၃၄။ မဟာနိ၊ဋ္ဌ၊၅၈။ နေတ္တိ၊ဋ္ဌ၊၁၉၄။ ဝိမတိ၊၂၊၈၄။ သီ၊ဋီ၊သစ်၊၂၊၁၇၆။)
  4. (ခ) စိတ်ဆင်းရဲမှု = စေတသိကဒုက္ခ။ တေ စေတသိကေန ဒုက္ခေန အနဇ္ဈောသိ တာ။ ပေဋကော။ ၃၂၉။ ဒုက္ခ-လည်း ကြည့်။
  5. (က), (ခ) ဒုက္ခ (ပဋိသံ၊ ၂၃)န္တိ ပုထုဇ္ဇနသောတာပန္နသကဒါဂါမီနံ ကာယိယစေတသိကံ၊ အနာဂါမိအရဟန္တာနံ ကာယိကမေဝ။ ပဋိသံ၊ဋ္ဌ၊၁၊၁၁၆။ ဒုက္ခေနာ(ဇာ၊၁၊၂၂၀)တိ ဣမိနာ ကာယိကစေတသိကဒုက္ခန။ ဇာ၊ဋ္ဌ၊၆၊၂၁၆။ (ဇာ၊၁၊၂၈၇။ ဝိသုဒ္ဓိ၊၂၊၁၃၀။ ဗုဒ္ဓဝံ၊ဋ္ဌ၊၉၃။ ဇာ၊ဋ္ဌ၊၁၊၄၃၆၊ ၅၂၆။ ဇာ၊ဋ္ဌ၊၄၊၃၁၂။ မဏိမဉ္ဇူ၊၂၊၂၃၄။)
  6. (ဂ) ကိလေသာ (ကြောင့် ဖြစ်သော) ဆင်းရဲ။ ဧသေဝန္တော ဒုက္ခဿာ (ဥဒါန၊ ၈၆)တိ ကိလေသဒုက္ခဿ စ ဝဋ္ဋဒုက္ခဿ စ အယမေဝ ဟိ အန္တော။ ဥဒါန၊ဋ္ဌ၊၈၃။ (မ၊ဋ္ဌ၊၄၊၁၈၁။)
  7. (က), (ခ), (ဂ) ဒုက္ခံ ဝိဟရတီ (ဣတိဝုတ်၊၂၁၁)တိ စတူသုပိ ဣရိယာပထေသု ကိလေသဒုက္ခေန စေဝ ကာယိကစေတသိက ဒုက္ခေန စ ဒုက္ခံ ဝိဟရတိ။ ဣတိဝုတ်၊ဋ္ဌ၊၉၂။
  8. (ဃ) သံသရာ (၌ ဖြစ်သော) ဆင်းရဲ။ ဧသေဝန္တော ဒုက္ခဿာ (ဥဒါန၊ ၁၇၁)... သကလဿပိ သံသာရဒုက္ခဿ အန္တော။ ဥဒါန၊ဋ္ဌ၊၃၃၀။ (နေတ္တိ၊ဝိ၊၃၈၃။) ဒုက္ခ-ဝတ္ထုက (တိ) (၂)-လည်း ကြည့်။
  9. (င) ခန္ဓာဆင်းရဲ (ဇာတိဒုက္ခ-စသည်)။ ဒုက္ခ အလ္လိနော (မ၊၁၊၂၉၅)တိ ဣမံ ပဉ္စက္ခန္ဓ-ဒုက္ခံ တဏှာဒိဋ္ဌီဟိ အလ္လိနော။ မ၊ဋ္ဌ၊၂၊၁၈၀။ ဒုက္ခဿာ (ဓမ္မ၊၇၁။ သုတ္တနိ၊၃၇၆)တိ ခန္ဓဒုက္ခဿ။ ဓမ္မ၊ဋ္ဌ၊၂၊၄၁၁။ သုတ္တနိ၊ဋ္ဌ၊၂၊၁၈၈။ ဒုက္ခ (ဥဒါန၊ ၁၁၅။ သုတ္တနိ၊၄၃၄)န္တိ ဇာတိ အာဒိကံ ဒုက္ခံ။ ဥဒါန၊ဋ္ဌ၊၁၉၂။ သုတ္တနိ၊ဋ္ဌ၊၂၊၃၀၁။ (ဒီ၊ဋ္ဌ၊၂၊၄၇။ မ၊ဋ္ဌ၊၁၊၅၅။ မ၊ဋ္ဌ၊၄၊၇။ ပဋိသံ၊ဋ္ဌ၊၁၊၁၄၃။ ပဋိသံ၊ဋ္ဌ၊၂၊၂၁။ ဣတိဝုတ်၊ဋ္ဌ၊၂၇၈။ ထေရီ၊ဋ္ဌ၊၄၅။ မဟာနိ၊ဋ္ဌ၊၂၂၀။ ဇာ၊ဋ္ဌ၊၁၊၁၈၄။ ဇာ၊ဋ္ဌ၊၇၊၂၆၈။ ဝဇိရ၊၃၄။)
  10. (စ) အပါယ်–ဒုဂ္ဂတိ-ဆင်းရဲ (ငရဲ၌ ခံစားရခြင်း-စသည်)။ အနုဘောန္တိ ဒုက္ခံ ကဋကပ္ဖလာနီ (ပေတ၊၁၃၆)တိ...စိရကာလံ ဒုက္ခံ အာပါယိကဒုက္ခံ အနုဘဝန္တိ။ ပေတ၊ဋ္ဌ၊၅၅။ ဒုက္ခေနာ (ဇာ၊၁၊၉၄)တိ တယာ ဥပ္ပါဒိတေန နရကမှိ ခိပနဒုက္ခေန။ ဇာ၊ဋ္ဌ၊၃၊၁၄။ (သံ၊ဋ္ဌ၊၃၊၂၇။) ဒုက္ခနိတ္ထရဏဋ္ဌ-လည်း ကြည့်။
  11. (ဆ) (ကမ္မ ကိလေသ, ဝိပါက) ဝဋ် ဆင်းရဲ။ ဒုက္ခဿန္တကရော (ဒီ၊၂၊၁၀၂။ အံ၊၁၊၃၀၈)တိ ဝဇ္ဇဒုက္ခဿ အန္တကရော။ ဒီ၊ဋ္ဌ၊၂၊၁၅၅။ အံ၊ဋ္ဌ၊၂၊၂၄၉။ ဒုက္ခ (သံ၊၁၊၂၅၉၊ ၂၆၈)န္တိ ဝဋ္ဋဒုက္ခ (အဓိပ္ပေတံ)။ သံ၊ဋ္ဌ၊၂၊၃၄၊ ၅၀။ (အံ၊၁၊၃၅၇။ ဒီဋ္ဌ၊၃၊၂၀၃။ မ၊ဋ္ဌ၊၁၊၁၆၈။ သံ၊ဋ္ဌ၊၂၊၃၈။ သံ၊ဋ္ဌ၊၃၊၁၂၈။ အံ၊ဋ္ဌ၊၂၊၃၀၅။ ပဋိသံ၊ဋ္ဌ၊၂၊၁၇၉။ ထေရီ၊ဋ္ဌ၊၁၆၄။ မ၊ဋီ၊၃၊၇၇။) ဒုက္ခက္ခန္ဓ (ပု) (၁) လည်း ကြည့်။
  12. (ဇ) သီလစောင့်ထိန်းရခြင်း ဆင်းရဲ။ ဒုက္ခဿာ (ဇာ၊၁၊၁၈၂)တိ သီလရက္ခဏဒုက္ခဿ။ ဇာ၊ဋ္ဌ၊၃၊၄၄၁။
  13. (၂) ဒုက္ခဝေဒနာ။ “ဒုက္ခဿ စ ပဟာနာ”-(ဒီ၊၁၊၇၁။ မ၊၂၊၁၀၊ ၁၉)တိ အာဒီသု ဒုက္ခဝေဒနာယံ ဒိဿတိ။ အဘိ၊ဋ္ဌ၊၁၊၈၄။ ဣတိဝုတ်၊ဋ္ဌ၊၁၇၅၊ ဗုဒ္ဓဝံ၊ဋ္ဌ၊၈၄။ ဒုက္ခမဒ္ဒက္ခိ သလ္လတော(ထေရ၊၃၄၄)တိ ဒုက္ခဝေဒနံ ယော သလ္လန္တိ ပဿိ။ ထေရ၊ဋ္ဌ၊၂၊၃၉၉။ (မ၊ဋီ၊၁၊၃၄၇။ သံ၊ဋီ၊၂၊၄၅၆။)
  14. (၃) ညှဉ်းဆဲ–နှိပ်စက်–ခြင်း ဆင်းရဲ။ ဒုက္ခေဟီ (အံ၊၁၊၅၂)တိ ကာယပဋိပီဠနဒုက္ခေဟိ။ အံ၊ဋ္ဌ၊၂၊၇။ ဒုက္ခတော (ပဋိသံ၊၆၀)တိ အဘိဏှံ ပဋိပီဠနဋ္ဌေန ဥပ္ပါဒဝယပဋိ ပီဠနတာယ ဒုက္ခဝတ္ထုတာယ စ ဒုက္ခတော။ ပဋိသံ၊ဋ္ဌ၊၁၊၂၅၀။ (ဒီ၊ဋ္ဌ၊၁၊၁၁၂။ သံ၊ဋ္ဌ၊၂၊၃၀၅။ အံ၊ဋ္ဌ၊၃၊၂၇၈။ အဘိ၊ဋ္ဌ၊၂၊၄၅။ ပဋိသံ၊ဋ္ဌ၊၁၊၅၈။ ဝိသုဒ္ဓိ၊၂၊၂၂၈။ မဟာနိ၊ဋ္ဌ၊၁၉၂။)
  15. (၄) ဒုက္ခသစ္စာ (တဏှာမှ တစ်ပါးသော တေဘူမက တရား)။ သော ဣဒံ ဒုက္ခန္တိ ယထာဘူတံ အဗ္ဘညာသိံ (ပဇာနာတိ) ဝိ၊၁၊၆။ မ၊၂၊၇၆။ ဒုက္ခ(မ၊၁၊၅၉)န္တိ ဒုက္ခသစ္စံ။ မ၊ဋ္ဌ၊၁၊၂၁၉။ ဒုက္ခံ အာရဗ္ဘာ (ပဋိသံ၊၁၁၄)တိ ဒုက္ခသစ္စံ အာလမ္ဗိတွာ။ ပဋိသံ၊ဋ္ဌ၊၁၊၃၄၂။ ဣဒံ ဒုက္ခန္တိ မံ” ဝေါစာ (ဝိမာန၊၇၀)တိ ဣဒံ တဏှာဝဇ္ဇံ တေဘူမကံ ဓမ္မဇာတံ... ဒုက္ခံ အရိယသစ္စန္တိ မယှံ အဘာသိ။ ဝိမာန၊ဋ္ဌ၊၁၉၈။ (သံ၊၁၊၂၄၅။ မ၊ဋ္ဌ၊၁၊၇၅။ သံ၊ဋ္ဌ၊၂၊၁၇။ သာရတ္ထ၊၁၊၁၉၇၊ ၂၁၉။ ဝိသုဒ္ဓိ၊ဋီ၊၂၊၂၀၁။) (တိ)
  16. (၅) ဆင်းရဲ-ငြိုငြင် “ပင်ပန်း-နာကျင်-သော။ အက္ခီနိ ဒုက္ခာ (ဒုက္ခာနိ) ဘဝိဿန္တိ။ ဝိ၊၂၊၁၆၉။ ဝိ၊ဋ္ဌ၊၃၊၁၃၅။ ယံ လောကော အနိစ္စော ဒုက္ခော ဝိပရိဏာမ ဓမ္မော။ အံ၊၁၊၂၆၁။ ဒုက္ခ (ဒီ၊ဋ္ဌ၊၃၊၁၆၁) န္တိ ကိစ္ဆံ၊ အနိဋ္ဌန္တိ ဝါ အတ္ထော။ ဒီ၊ဋီ၊၃၊၁၇၃။ ဒုက္ခေန ဒဋ္ဌဗ္ဗော (မ၊ဋ္ဌ၊၂၊၈ဝ)တိ ကိစ္ဆန ကေနစိဒေဝ ဒဋ္ဌဗ္ဗော။ မ၊ဋီ၊၂၊၁၃၀။ (အံ၊ဋီ၊၁၊၈၉။ ဝိသုဒ္ဓိ၊ဋီ၊၁၊၁၀၉။)
  17. (၆) “ဇာတိပိ ဒုက္ခာ” (ဒီ၊၂၊၂၄၃။ အံ၊၂၊၃၆၄)တိ အာဒီသု ဒုက္ခဝတ္ထုသ္မိံ။
  18. (၇) “ယသ္မာ စ ခေါ မဟာလိ ရူပံ ဒုက္ခံ ဒုက္ခာနုပတိတံ ဒုက္ခာဝက္ကန္တ” သံ၊၂၊၅၈)န္တိအာဒီသု ဒုက္ခာရမ္မဏေ။
  19. (၈) “ဒုက္ခော ပါပဿ ဥစ္စယော” (ဓမ္မ၊၃၀။ ဓမ္မ၊ဋ္ဌ၊၂၊၄)တိ အာဒီသု ဒုက္ခပစ္စယေ။
  20. (၉) “ယာဝဉ္စိဒံ ဘိက္ခဝေ န သုကရံ အက္ခာနေန ပါပုဏိတုံ, ယာဝ ဒုက္ခာ နိရယာ” (မ၊၃၊၂၀၅)တိ အာဒီသု ဒုက္ခပစ္စယဋ္ဌာနေ။ အဘိ၊ဋ္ဌ၊၁၊၈၄။ ဣတိဝုတ်၊ဋ္ဌ၊၁၇၅။ ဗုဒ္ဓဝံ၊ဋ္ဌ၊၈၄-ချည်း။
  21. (၁၀) ဒုက္ခ-အစု-အပေါင်း။ ဒုက္ခဝိစိတ္တတာပစ္စုပဋ္ဌာန-ကြည့်။
  22. (၁၁) အလိုမရှိအပ်သော။ ဒုက္ခော (အံ၊၁၊၅၀)တိ အနိဋ္ဌော။ အံ၊ဋ္ဌ၊၂၊၃။ ဒုက္ခာန (အံ၊၁၊၁၅၁)န္တိ အနိဋ္ဌာနံ။ အံ၊ဋီ၊၂၊၁၂၅။ (၅) အနက်လည်း ပြန်ကြည့်။
  23. (၁၂) ဒုက္ခယတီတိ ဒုက္ခံ၊ ယဿုပ္ပဇ္ဇတိ၊ တံ ဒုက္ခိတံ ကရောတီတိ အတ္ထော။ ပဋိသံ၊ဋ္ဌ၊၁၊၇၄။ မဟာနိ၊ဋ္ဌ၊၁၄၄။ နီတိ၊ ဓာ၊ ၁၉၊ ၃၇၀။ ဒုက္ခယတီတိ ဒုက္ခာ၊ သမ္ပယုတ္တဓမ္မေ ကာယဉ္စ ပီဠေတိ ဝိဗာဓတီတိ အတ္ထော။
  24. (၁၃), (၁၄) ဒုဋ္ဌု ဝါ ခါဒတိ, ခနတိ (ဝါ) ကာယိကံ, စေတသိကဉ္စ သာတန္တိ ဒုက္ခာ
  25. (၁၅) “ဒုက္ကရံ ဩကာသဒါနံ ဧတိဿာတိ ဒုက္ခာ”တိ အပရေ။ ဒီ၊ဋီ၊၂၊၃၁၁။ မ၊ဋီ၊၁၊၃၆၈။ အံ၊ဋီ၊၁၊၂၃၆။ ဝိသုဒ္ဓိ၊ဋီ၊၂၊၁၃၆-ချည်း။ (ဝိဘာဝိနီ၊၈၃။ မဏိမဉ္ဇူ၊၁၊၁၉၂။)
  26. (၁၆) ၂-ပါးသော-အပြား-အဖို့-အားဖြင့်–တူးဖြို–ဖျက်ဆီး–တတ်သော။ ဒုက္ခယတီတိ ဒုက္ခံ၊ ဥပ္ပါဒဋ္ဌိတိဝသေန ဝါ ဒွိဓာ ခဏ (န)တီတိပိ ဒုက္ခံ။ ဝိသုဒ္ဓိ၊၂၊၁၅၉။ ဥဒါန၊ဋ္ဌ၊၃၉။ သာရတ္တ၊၃၊၁၃၆။
  27. (၁၇) ဆင်းရဲသဖြင့် သည်းခံအပ်သော၊ သည်းခံခြင်းငှါ ခဲယဉ်းသော၊ သည်းခံနိုင်ခဲသော။ ဒုက္ခာန (ဝိ၊၂၊၁၇၀။ အံ၊၁၊၁၅၁။ အံ၊၂၊၁၄၄)န္တိ ဒုက္ခမာနံ။ ဝိ၊ဋ္ဌ၊၃၊၁၃၅။ အံ၊ဋ္ဌ၊၂၊၁၃၈။ အံ၊ဋ္ဌ၊၃၊၅၀။ ဒုက္ခာဟီ-(ဥဒါန၊ ၉၂)တိ ဒုက္ခမာဟိ။ ဥဒါန၊ဋ္ဌ၊၁၀၄။ ဒုခါ (ထေရီ၊၄၁၇) ဒုက္ခမဋ္ဌေန။ ထေရီ၊ဋ္ဌ၊၂၅၀။ (–ပဋိသံ၊ဋ္ဌ၊၁၊၁၄၄။ စူဠနိ၊ဋ္ဌ၊၂၀။ သံ၊ဋီ၊၂၊၂၅၉။) (၂၁)အနက်လည်း ကြည့်။
  28. (၁၈) ပြုနိုင်ခဲသော သည်းခံရခြင်း ရှိသော။ ဒုက္ကရော ခမော ဧတာသန္တိ ဒုက္ခာ။ ပါစိတ်၊ ယော၊၁၊၈ဝ။ ဒုက္ကရံ ခမနမေတ္ထ ဒုက္ခ။ ဓာန်၊ဋီ၊၈၉။
  29. (၁၉) ခါးစပ်သော၊ ခါးစပ်သော အရသာနှင့် တူသော။ ဒုက္ခဝိပါက (တိ) (၇) ကြည့်။
  30. (၂၀) ကဲ့ရဲ့-စက်ဆုပ်-အပ်သည်ဖြစ်၍ အချည်းနှီးသော၊ (ကောင်းကင်ကဲ့သို့ အချည်းနှီး ဖြစ်၍-ကဲ့ရဲ–စက်ဆုပ်–အပ်သော။ ဒုဣတိ အယံသဒ္ဒါကုစ္ဆိတေ ဒိဿတိ။ ကုစ္ဆိတံ ဟိ ပုတ္တံ ဒုပု(ပ္ပု) တ္တောတိ ဝဒန္တိ။ ခံ သဒ္ဓေါပန တုစ္ဆေ။ တုစ္ဆံ ဟိ အာကာသံ “ခ” န္တိ ဝုစ္စတိ။ ဣဒဥ္စ ပဌမသစ္စံ ကုစ္ဆိတံ အနေကုပဒ္ဒဝါဓိဋ္ဌာနတော၊ တုစ္ဆံ ဗာလဇနပရိကပ္ပိတဓုဝသုဘသုခတ္တဘာဝဝိရဟိတတော။ တသ္မာ ကုစ္ဆိတတ္တာ တုစ္ဆတ္တာ စ “ဒုက္ခ” န္တိ ဝုစ္စတိ။ အဘိ၊ဋ္ဌ၊၂၊၇၈။ ပဋိသံ၊ဋ္ဌ၊၁၊၅၁။ ဝိသုဒ္ဓိ၊၂၊၁၂၅။ ကုစ္ဆိတံ ခံ ဒုက္ခံ၊ ဂါရယှံ ဟုတွာ အသာရန္တိ အတ္ထော။ ဝိသုဒ္ဓိ၊ဋီ၊၂၊၁၉၁။ (ဣတိဝုတ်၊ဋ္ဌ၊၈၁။ နေတ္တိ၊ဋ္ဌ၊၅၆။ သာရတ္ထ၊၃၊၁၇၁။)
  31. (၂၁) ကြောက်ဖွယ်အာရုံ-ရှိသော။ သဗ္ဗမေဝ စ တံ ဒုက္ခံ ဘယဋ္ဌေန။ ဝိသုဒ္ဓိ၊၂၊၂၄၅။ ဒုက္ခဋ္ဌ (၃) , (၄)-လည်း ကြည့်။
  32. (၂၂) မနှစ်သက်အပ်သော။ ဒုဿဟတာယ အပ္ပတီတတာယ စ ဒုခံ။ ထေရဋ္ဌ၊၂၊၂၇၇။
  33. (၂၃) မသာယာအပ်သော၊ သာယာ ဖွယ်မရှိသော။ ဒုက္ခက္ခမ (၂)-ကြည့်။
  34. ဒုက္ခော—ဒီ၊၂၊၂၄၃။ မ၊ဋ္ဌ၊၁၊၂၂၃။ သီ၊ဋီ၊သစ်၊၂၊၃၄၇။ ဒုက္ခံ (န၊ ပ၊ ဧ)—ဝိ၊၃၊ ၂၆၇။ သံ၊ဋ္ဌ၊၁၊၁၈၀။ မ၊ဋီ၊၂၊၉၂၊ ၁၂၇။ ဒုက္ခေ(သိ-ကို ဧ-ပြု။ မောဂ်၊၂၊၁၁၀။ နီတိ၊သုတ္တ၊၂၇၇)—ဒီ၊၁၊၅၃။ သံ၊၂၊၁၇၃။ ဒုက္ခာ (ထီ၊ ပ၊ ဧ)—သံ၊၁၊၃၈၀၊ ၃၈၃။ အဘိ၊ဋ္ဌ၊၁၊၁၈၊ ၈၄။ သီ၊ဋီ၊သစ်၊၁၊၈၅။ (ပု၊ ပ၊ ဗ)—အံ၊၁၊၂၈၉။ ဝိ၊သင်္ဂဟ၊၄၅၆။ ဒုက္ခာနိ(န၊ ပ၊ ဗ) —ဝိ၊ဋ္ဌ၊၃၊၁၃၅။ စရိယာ၊ဋ္ဌ၊၁၉၇။ ဒုက္ခာ (ထီ၊ ပ၊ ဗ)—နေတ္တိ၊၂၈။ မိလိန္ဒ၊၁၃၆၊ ၁၅၀။ မ၊ဋ္ဌ၊၁၊၂၅၁။ အဘိ၊ဋ္ဌ၊၁၊၃။ ဒုက္ခ—အဘိ၊က၊၂၃၄၊ ၂၉၁။ ဣတိဝုတ်၊ဋ္ဌ၊၂၆၂။ အံ၊ဋီ၊၃၊၃၃။ ဒုက္ခာ(ထီ၊ ဒု၊ ဗ)—မ၊၃၊၃၊၅၊ ဒုက္ခေန-မဟာနိ၊၃၁၉။ ဇ၁၊၁၊၂၁၇။ ဇာ၊ဋ္ဌ၊၅၅။ မ၊ဋီ၊၂၊၅၀။ ဒုက္ခာယ (ထီ၊ တ၊ ဧ)—နေတ္တိ၊၉၃။ သံ၊ဋ္ဌ၊၁၊၁၈၀။ အဘိ၊ဋ္ဌ၊၁၊၇၉။ ဒုက္ခေဟိ—မ၊ဋီ၊၁၊၄၇။ ဒုက္ခာဟိ—ဥဒါန၊ ၉၂။ ဒုက္ခာယ (စ၊ ဧ)—ဝိ၊၁၊၁၄၅။ အံ၊၃၊၄၁၄။ ပေတ၊ဋ္ဌ၊၁၉၂။ အနုဋီ၊၁၊၂၃။ ဒုက္ခာ(မ၊ ဧ) သံ၊၁၊၁၃၊ ၂၁၂။ စရိယာ၊၄၁၅။ စရိယာ၊ဋ္ဌ၊၂၂၉။ ဇာ၊ဋ္ဌ၊၁၊၁၈၉။ ဒုက္ခသ္မာ -မ၊၁၊၉၄။ အဘိ၊က၊၉၅။ မိလိန္ဒ၊ ၇၀။ ဝိသုဒ္ဓိ၊၁၊၅၀၊ ဒုက္ခတော-“ပဋိသံ၊၅၁၊ ၅၅။ မဟာနိ၊ဋ္ဌ၊၄၂။ သာရတ္ထ၊၁၊၇။ ဒုက္ခေဟိ—အံ၊၃၊၃၇၇။ ထေရီ၊၄၀၃။ ကင်္ခါ၊၈၄။ ဒုက္ခဿ—အဘိ၊ ပု။ ၁၆၉။ စူဠနိ၊၉။ ဗုဒ္ဓဝံ၊ဋ္ဌ၊၂၆။ အံ၊ဋီ၊၁၊၁၉။ ဒုက္ခာနံ -ဝိ၊၂၊၁၇၀၊ ၄၂၄။ အံ၊၂၊၁၂၇။ ဝိ၊ သင်္ဂဟ၊ ၄၂၇။ ဒုက္ခေ—သံ၊၃၊၈။ နေတ္တိ၊၇၊ ၆၄။ ပဋိသံ၊ဋ္ဌ၊၁၊၃၊ ၂၆၄။ အံ၊ဋီ၊၃၊၂၅၄။ ဒုက္ခသ္မိံ-မ၊ဋီ၊၁၊၃၄၇။ ဒုက္ခေသု— ဒီ၊ဋီ၊၂၊၂၈၄။ မ၊ဋီ၊၁၊၃၃၄။ သံ၊ဋီ၊၁၊၁၅၃။
  35. ၃၅.၀ ၃၅.၁ ၃၅.၂ ၃၅.၃ ၃၅.၄ ၃၅.၅ ၃၅.၆ ၃၅.၇ ၃၅.၈ တိပိဋကအဘိဓာန် အတွဲ-၁၀
  36. (မ၊ဋ္ဌ၊၂၊၁၉။ သံ၊ဋ္ဌ၊၂၊၁၉၆။ အဘိ၊ဋ္ဌ၊၂၊၄၅။ ပဋိသံ၊ဋ္ဌ၊၂၊၁၉၈။ သာရတ္ထ၊၃၊၁၈၄)။
  37. (အဘိ၊ဋ္ဌ၊၁၊၈၄။ ဝိဘာဝိနီ၊၁၂၃)။
  38. (သံ၊၂၊၃၀၇၊ ၅၁၁-၂)
  39. (သုတ္တနိ၊၃၀၄-၅။ စူဠနိ၊၆၈-၉။ သုတ္တနိ၊ဋ္ဌ၊၁၊၂၀၈။ စူဠနိ၊ဋ္ဌ၊၁၇)
  40. (သုတ္တနိ၊၃၀၄။ သုတ္တနိ၊ဋ္ဌ၊၁၊၂၀၈-၉)။
  41. (ဥဒါန၊၁၃၇။ ဥဒါန၊ဋ္ဌ၊၂၆၇-၇)။
  42. (သံ၊၁၊၃၀၈-၃၁၁)။
  43. (အဘိ၊ဋ္ဌ၊၂၊၈၄။ ဝိသုဒ္ဓိ၊၂၊၁၄၄)။
  44. (သံ၊၂၊၄၃၆-၇)
  45. (ဓမ္မ၊ဋ္ဌ၊၁၊၁၅။ ဇာ၊ဋ္ဌ၊၄၊၃၁၂။ ဇာ၊ဋ္ဌ၊၆၊၂၁၆။)
  46. (သံ၊ဋ္ဌ၊၃၊၉၆)
  47. (ဒီ၊၃၊၁၈၁။ သံ၊၂၊၄၅၃။ သံ၊၃၊၅၂။ ဝိမတိ၊၂၊၉၁။ မူလဋီ၊၃၊၁၃၄။ နေတ္တိ၊ဝိ၊၆၂။ ဝိဘာဝိနီ၊၂၂၇)။
  48. (အဘိ၊ဋ္ဌ၊၂၊၈၈။ ပဋိသံ၊ဋ္ဌ၊၁၊၁၃၂-၃။ ဝိသုဒ္ဓိ၊၂၊၁၃၀။ မဟာနိ၊ဋ္ဌ၊၆၀။ သာရတ္ထ၊၃၊၁၇၂)။
  49. (အဘိ၊ဋ္ဌ၊၂၊၉၀-၁။ ပဋိသံ၊ဋ္ဌ၊၁၊၁၃၃-၄။ ဝိသုဒ္ဓိ၊၂၊၁၃၀-၁။ မဟာနိ၊ဋ္ဌ၊၆၁)။
  50. (ဝိ၊၃၊၁၄-၅။ ဒီ၊၂၊၂၄၃။ အဘိ၊ဝိ၊၁၀၄။ ပဋိသံ၊၃၃၀။ ဝိသုဒ္ဓိ၊၂၊၁၂၇-၉)။
  51. (မိလိန္ဒ၊၁၉၄-၅)။
  52. (မဟာနိ၊၁၃-၄။ စူဠနိ၊၆၇။ မဟာနိ၊ဋ္ဌ၊၅၁-၂)။