ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်

ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (အင်္ဂလိပ်: Deputy Commander in Chief of Defence Services)သည် မြန်မာ့တပ်မတော်၏ ဒုတိယအဆင့်အမြင့်ဆုံး ရာထူးဖြစ်သည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြီးလျှင် ဒုတိယနေရာ၌ တည်ရှိသည်။အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ တွင် အဖွဲ့ဝင်အဖြစ် ပါဝင်သည်။[၂]ယခင်က ဒုတိယစစ်ဦးစီးချုပ်ဟု ခေါ်ဝေါ်ခဲ့သည်။ လက်ရှိတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) လည်းဖြစ်သည်။ ယခုလက်ရှိ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဖြစ်သည်။ လက်ရှိအချိန်တွင် ကာကွယ်ရေးဌာနကောင်စီ ညွှန်ကြားလွှာ ၁/၂၀၂၁အရ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သက်တမ်းကို ကန့်သတ်ထားခြင်း မရှိပေ။[၃]

မြန်မာနိုင်ငံ
ဒုတိယ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အလံတော်[၁]
တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ်
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း

မတ် ၃၀၊ ၂၀၁၁ (၂၀၁၁-၀၃-၃၀) မှစ၍
 တပ်မတော်
အမျိုးအစားစစ်ဘက်ဆိုင်ရာ ရာထူး
အဖွဲ့ဝင်အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
အစီရင်ခံရသူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
စံအိမ်ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် နေအိမ်၊ စစ်ရုံး၊ နေပြည်တော်
ရုံးတည်နေရာဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ စစ်ရုံး၊ နေပြည်တော်
ခန့်အပ်သူသမ္မတ
ယခင်ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး
အခြားအမည်ဒုချုပ်၊ ဒုချုပ်ကြီး၊ ဒုတပ်ချုပ်၊ ဒုတပ်မတော်ဦးစီးချုပ်
အဆင့် / တံဆိပ် အဆောင်အယောင်များ

ဒုတိယဗိုလ်ချုပ်မှူးကြီး

ဒုတိယ တပ်မ​တော်ကာကွယ်ရေးဦးစီးချုပ်များစာရင်း ပြင်ဆင်ရန်

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များစာရင်း[၄]
စဉ် ဓာတ်ပုံ ပြန်တမ်းဝင်အမှတ် ရာထူးအဆင့်နှင့်အမည် တာဝန်သက်တမ်း မှတ်ချက်
၁။   ကြည်း ၅၁၀၇ ဗိုလ်မှူးချုပ် စောကြာဒိုး ၄ ဇန်နဝါရီ ၁၉၄၈ – ၁ ဩဂုတ် ၁၉၄၈
၂။   ကြည်း ၃၅၀၂ ဗိုလ်မှူးချုပ် နေဝင်း ၁ ဩဂုတ် ၁၉၄၈ – ၁ ဖေဖော်ဝါရီ ၁၉၄၉ နောင်တွင်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည်။
၃။ ကြည်း ၃၄၅၈ ဗိုလ်မှူးချုပ် အောင်ကြီး ၁ ဖေဖော်ဝါရီ ၁၉၄၉ – ၁၅ ဖေဖော်ဝါရီ ၁၉၆၃
၄။ ကြည်း ၃၅၆၇ ဗိုလ်ချုပ် စန်းယု ၁၅ ဖေဖော်ဝါရီ ၁၉၆၃ – ၂၀ ဧပြီ ၁၉၇၂ နောင်တွင်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည်။
၅။   ကြည်း ၃၅၆၁ ဒုတိယဗိုလ်ချုပ်ကြီး သူရ တင်ဦး ၂၀ ဧပြီ ၁၉၇၂ – ၈ မတ် ၁၉၇၄ နောက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
၆။   ကြည်း ၅၃၂၂ ဒုတိယဗိုလ်ချုပ်ကြီး သူရကျော်ထင် ၈ မတ် ၁၉၇၄ – ၆ မတ် ၁၉၇၆
၇။   ကြည်း ၆၁၃၃ ဒုတိယဗိုလ်ချုပ်ကြီး အေးကို ၆ မတ် ၁၉၇၆ – ၁၃ မတ် ၁၉၈၁
၈။ ကြည်း ၅၈၉၆ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းရီ ၁၃ မတ် ၁၉၈၁ – ၁၉၈၃
၉။ ကြည်း ၆၁၈၇ ဒုတိယဗိုလ်ချုပ်ကြီး စောမောင် ၁၉၈၃ – ၄ နိုဝင်ဘာ ၁၉၈၅
၁၀။   ကြည်း ၆၇၁၀ ဗိုလ်ချုပ်ကြီး သန်းရွှေ ၄ နိုဝင်ဘာ ၁၉၈၅ – ၂၃ ဧပြီ ၁၉၉၂
၁၁။   ကြည်း ၇၈၇၅ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ၂၃ ဧပြီ ၁၉၉၂ – ၃၀ မတ် ၂၀၁၁
၁၂။   ကြည်း ၁၆၄၈၉ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၃၀ မတ် ၂၀၁၁ - လက်ရှိ

ဆက်စပ် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အား မြန်မာနိုင်ငံ အလံတော်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဆောင်အယောင် အလံတော် တစ်ဖက်စီဖြင့် တွေ့ရစဉ်
  2. "အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းခြင်း (ကြေညာချက်အမှတ် ၉/၂ဝ၁၁)"၊ နိုင်ငံတော်သမ္မတရုံး၊ ၆ ဧပြီ ၂၀၁၁။ Archived from the original on 4 February 2019။ 
  3. "ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အာဏာကစားပွဲ"။ 
  4. ကျော်ဇော၊ မောင် (ဇန်နဝါရီ ၂၀၂၂)။ အထွေထွေဗဟုသုတ (၂၀၂၂–၂၀၂၃)။ ရန်ကုန်: ကြယ်စင်စာပေ။ p. ၁၆၃။